Sunday, May 1, 2011

အင်တာနက်အမြန်နှုန်းမြင့်ဆောစ်ဝဲလ်

အင်တာနက်အမြန်နှုန်းမြင့်အောင်အထောက်ပံပေးနိုင်တဲ့ဆောစ်ဝဲလ်နဲ့မိတ်ဆက်ပေးချင်ပါတယ်....
ပထမတစ်ခုက...NetSpeeder_4.5_Build.rar(သို့)NetSpeeder_4.5_Build.rar
2.45MB...ရှိပါတယ်..အသုံးပြုနည်းကတော့....
Tweak Wizard ကလစ်လုပ်ပြီး...ကိုယ်သုံးနေတဲ့နက်အမျိုးစားကိုရွှေးပြီး..Next လုပ်သွားရုံပါ.....အဆင်ပြေပါစေ

f0rmat ချမိတာတို့ကို.ပြန်ပြီးရှာပေးတဲ့.ဆောစ့်ဝဲလ်(လိုင်စင်ဘားရှင်းပါ )

သူငယ်ချင်းတို့ကိုမျှဝေပေးချင်တဲ့ဆောစ့်ဝဲလ်ကတော့....................
ဖိုင်တွေကိုမှားဖျက်ပြီး...ဖျက်မိတာတို့.....f0rmat ချမိတာတို့ကို...ပြန်ပြီးရှာပေးတဲ့..ဆောစ့်ဝဲပါ..............
အသုံးတည့်မယ်လို့ထင်ပါတယ်...........လိုင်စင်ဗာရှင်းပါ..............
အသုံးပြုနည်းကို...ကျွန်တော်နားလည်သလိုရှင်းပြပြီးထည့်ထားပေးပါတယ်
.ဈေးကြီးပုံကတော့သွားကြည့်ကြည့်နော်...........
http://www.formatted-recovery.com/.....သူရဲ့မှုရင်းလိပ်စာပါ.....
http://tunabox.net/(သို့)http://www.mediafire.com မှာ..သူငယ်ချင်းတို့အဆင်ပြေပါစေဗျာ
နောက်ထပ်မိတ်ဆက်ပေးချင်တဲ့ဆောစ့်ဝဲလ်ကတော့..........
format ချတဲ့ဆောစ့်ဝဲလ်ပါ...........တစ်ခါတစ်ခါ....
အကြောင်းမျိုးမျိုးကြောင့်မန်မိုရီကတ်ကို farmat လို့မရတဲအဖြစ်မျိုးရှိတတ်ပါတယ်.....
အဲဒီအခါဆို..အခုဆောစ့်ဝဲလ်ကတော်တော်အသုံးတည့်ပါတယ်...အသုံးလိုတဲ့သူငယ်ချင်းတွေအတွက်ပေါ့



http://www.sdcard.org အဲကိုသွားပြီး...I accept လေးကိုကလစ်လိုက်ရင်ဒေါင်းလုပ်ရပါပြီ...
ဒါမှမဟုတ်.....ကျွန်တောင်တင်ထားပေးတဲ့လိပ်စာကနေဒေါင်းချင်ရင်လည်းရပါတယ်..
http://tunabox.net (သို့)http://www.mediafire.com အဆင်ပြေပါစေဗျာ...

Notebook(Laptop) တွေ၌ window xp တင်တဲ့အခါ setup မလုပ်နိုင်သော ပြဿနာ

Notebook(laptop) အသစ်တွေမှာ hardware တွေကို operating system အတွက် window 7 ကိုပဲ အခြေခံထားပြီး ထုတ်ခဲ့တာဖြစ်တဲ့အတွက် XP ကိုတင်သုံးကြည့်တဲ့အခါမှာ setup မလုပ်နိုင်တဲ့ ပြဿနာ တွေ့ရတက်ပါတယ်။ နောက်ပိုင်းထွက်တဲ့ laptop အမျိုးအစားအားလုံးကိုတော့ မဆိုလိုပါဘူး။ ဥပမာ – Lenovo core 2 duo, HP core i3 တို့မှာ XP တင်သုံးကြည့်တာ setup လုပ်ပါသေးတယ်။ ဒါပေမဲ့ sony မှာဆိုရင် core 2, core i3 တို့လောက်ဆို hard disk ကိုရှာမတွေ့လို့ setup မလုပ်နိုင်ကြောင်း တွေ့ရပါတယ်။(မှတ်ချက်-sony core 2 duo အားလုံးမဟုတ်ပါ။ series မြင့်တဲ့စက်တွေသာ)
ဒါဆိုလျှင် မေးဖို့ အဖြေရှိလာပါပြီ။ ဘာကြောင့် setup မလုပ်နိုင်ရသလဲ?
ဘာကြောင့်လဲဆို ပုံမှန်မူလအားဖြင့် computer အသစ်တွေ၏ storage controller ဆိုတဲ့ SATA(Serial ATA) controller ဟာ XP ကို install လုပ်ဖို့ရန် support မလုပ်နိုင်တာတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ XP ကို ထောင့်ပံ့နိုင်ဖို့အတွက် SATA controller driver တွေကို ခွေထဲကို ထပ်ပြီးတော့ ပေါင်းပေးခြင်း ပြုလုပ်ရပါတယ်။

ဒီနေရာမှာ SATA controller ဆိုတာ ဘာလဲဆိုတာ မေးဖို့လိုလာပါတယ်?
Serial ATA (SATA or Serial Advanced Technology Attachment) ဆိုတာကတော့ hard disk drive၊ optical drive(CD ROM) စသော storage device တွေကို ချိတ်ဆက်ပေါင်းကူးပေးဖို့ အသုံးပြုတဲ့ computer bus interface တစ်ခုဖြစ်ပါတယ်။ အဲဒီ computer bus interface ဟာ xp data တွေကို စီးဆင်းပေးဖို့ မထောင့်ပံ့နိုင်ခြင်းကြောင့် SATA controller မထောက်ပံ့နိုင်ခြင်းလို့ ခေါ်ဆိုပါတယ်။
ပုံ(၂) SATA cable, and first-generation (1.5 Gbit/s) SATA ports on a motherboard

SATA ဆိုတဲ့ အကြောင်းကို အနည်းငယ် သိပါပြီ။ XP ကို ဘာကြောင့် install မလုပ်နိုင်ရခြင်း အကြောင်းကိုလည်း သိပြီ။ အခု ကျွန်တော်တို့ တင်မဲ့ window မူရင်း XP ခွေကို driver ထပ်ပေါင်းခြင်း ပြုလုပ်တဲ့နည်းပါ။ ဒါကို slipstream လုပ်ခြင်းလို့ ခေါ်ပါတယ်။
၁။ အရင်ဦးဆုံး SATA driver က ဒီကနေ Download လုပ်ပြီး winrar or 7-Zip နှင့် ဖြည်လိုက်ပါ။
၂။ Desktop ပေါ်မှာ folder အသစ်ဆောက်လိုက်ပါ။ ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်။
၃။ driver ပေါင်းထည့်တဲ့နေရာမှာ nLite software ကို အသုံးပြုမှာဖြစ်သည့်အတွက် ဒီနေရာကနေ download လုပ်လိုက်ပါ။ Run nLite, ပြီးလျှင် ‘Next’ ပေးလိုက်ပါ။
၎။ Browse ကနေပြီး မူလ XP ထည့်ထားတဲ့ drive ကို point လုပ်ပြီး directory ညွန်းပေးရပါမယ်။ ကျွန်တော်က အခွေကို စမ်းတာဖြစ်တဲ့အတွက် အခွေထည့်ထားတဲ့ drive ကို ညွှန်းပါတယ်။ တကယ်လို့ စာဖတ်သူက ခွေမရှိဘူး။ iso file ဖြစ်နေတယ်ဆိုလျှင် iso file ကို right click ထောက်ပြီး mount to drive ပေးလိုက်ပါမယ်။ ဒါဆို mount လုပ်လိုက်တဲ့ (drive) ကိုညွှန်းပါမယ်။

၅။ အဲလိုရွေးလိုက်တာနဲ့ empty folder တစ်ခုနဲ့ အခြားနေရာမှာ save လုပ်ဖို့ ဆိုပြီးတော့ ပြောပါလိမ့်မယ်။ ဒါဆိုလျှင် အဆင့်(၂) တုန်းက ဆောက်ခဲ့တဲ့ folder ကိုသွားရွေးပေးလိုက်ပါ။
အခု ကျွန်တော်တို့ ကိုယ်ရွေးခဲ့တဲ့ XP disk ဟာ Service Pack ‘1’ ‘2’ ‘3’ ထဲက ဘာလဲဆိုတာကို စစ်ကြည့်ပါဦး။ အခု အသုံးပြုနေတဲ့ nLite ဟာ အနည်းဆုံး SP 2 ဖြစ်ရပါမည်။ တကယ်လို့ နည်းခဲ့မယ်ဆိုလျှင် အဆင့်(၇) ကိုဆက်ဖတ်သွားပါ။
၆။ Next ကိုရွေးပါ။
၇။ အခု SP0 SP1 installation disk အတွက်ပါ။ ဒီထက်မြင့်တဲ့ version ‘2’ ‘3’ ဆိုရင် (၇)အဆင့်ကို ကျော်ပြီး (၈) ကနေဆက် ဖတ်ပါ။
မူလ Micorsoft site ကနေပြီးတော့ SP2ဒီနေရာကနေDownload လုပ်လိုက်ပါ။ အခု Task Selection ကနေ Service Pack, Drivers, Bootable ISO ကိုရွေးပြီး Next ပေးပါ။

Select ကိုရွေးပါ။
ပြီးလျှင် အစောက download ချထားခဲ့တဲ့ sp2 file ကို point လုပ်ပါမယ်။
nLite သည် file ကို extract လုပ်ပြီးတော့ သင့်ရဲ့ window folder ထဲကို auto integrate လုပ်သွားပါလေ့မယ်။
အခု SP2 ကို slipstream လုပ်ခဲ့ပြီးပါပြီ။ Next ကိုရွေးပြီးတော့ အဆင့်(၈) ကိုကျော်ဖတ်သွားပါ။
၈။ အခု အဆင့်ဟာ SP2 SP3 တွေအတွက်ပါ။ Task Selection ကနေ Drivers Bootable ISO ကိုရွေးပြီး Next ပေးပါမယ်။
၉။ Insert ကိုရွေးပါ။

ပြီးလျှင် Single driver ကို click လုပ်ပါ။
၁၀။ အဆင့်(၁) တုန်းက extracted လုပ်ခဲ့တဲ့ Intel SATA driver မှ iaAHCI file ကို left click နှစ်ချက်ပေးပါမယ်။
၁၁။ ဒီအဆင့်မှာ Textmode driver ကိုရွေးပါ။ ပြီးလျှင် driver တွေအားလုံးကို select လုပ်ပါ။ (CTRL+A)
၁၂။ click Next
၁၃။ Yes ကိုရွေးပါ။ ဒီအဆင့်ဟာ SATA driverများကို slipstreaming လုပ်ဆောင်တဲ့ အပိုင်းဖြစ်ပါတယ်။
၁၄။ အဲဒါပြီးတာနဲ့ အောက်ကပုံအတိုင်းမြင်ရပါလေ့မယ်။

၁၅။ အောက်ကပုံအတိုင်းတွေ့ရရင် Integrate လုပ်ခြင်းအပိုင်းပြီးဆုံးပါပြီ။
၁၆။ ISO image လုပ်တဲအပိုင်းပါ။ အပေါ်က ပုံမှာ Next ပေးလိုက်တာနဲ့ အောက်ကပုံအတိုင်းတွေ့ရရင် မျှားအနီလေးပြထားတဲ့အတိုင်း အဆင့်ဆင့်သွားလိုက်ပါ။
အခု အဲဒီ iso file ကို burn ချင်လျှင် mode မှာ burn image ကိုရွေးပြီး burn ဆိုတာနဲ့ ခွေအလွတ်တစ်ခွေထည့်ပြီး burn တာနဲ့ ပြည့်စုံသွားပါပြီ။
အောက်က section ကတော့ iso image မပြုလုပ်တော့ပဲနဲ့ တစ်ခါတည်း တိုက်ရိုက်တန်း burn ခြင်းဖြစ်ပါတယ်။ mode ဆိုတာ၏ အောက်မှာ direct burn ကိုရွေးပြီးတော့ burn သွားရုံပါပဲ။
Yes ကိုရွေးပါမယ်။
၁၉။ Next and finish