Wednesday, December 22, 2010

သီချင်း၊ ဗွီဒီယို၊ စာအုပ်များ ကို Nero Bruning ဖြင့် ကူးယူခြင်း (မသိသေးတဲ့လူများတွက်ပါ)

မိမိကူးချင်သော ဖိုင်သည် သီချင်းများ၊ဇာတ်ကားများ၊ စာအုပ်များ၊ တခြားသောဖိုင်များကို တစ်ဖိုင်ခြင်း ဖြစ်စေ၊ စုစည်းထားသော
ဖိုင်လိုက်ဖြစ်စေ.. DVD (သို့) CD ခွေထဲကို ကူးယူတော့မယ်ဆို မိမိထည့်ချင်သော ဖိုင်သည် ဖိုင်ဆိုဒ် များနေပါက DVD နှင့် ကူးယူ
နိုင်ပြီး..၊ နည်းပါက CD ဖြင့် ကူးယူနိုင်သည်။ Data type အနေနဲ့ ကူးယူရတွင် ဗွီဒီယိုဖိုင်များကိုလည်း အခု DVD စက်တွင် ဖွင့်ကြည့်
၍ ရနိုင်ပြီး၊ သူရဲ့  Storage သည် ရိုးရိုး ဗွီဒီယို ဖိုင်အနေနဲ့ ကူးထားထက် ၂ဆလောက် ပိုပြီး ထည့်ကူးနိုင်ပါတယ်.
အဆင့်(၁) All Program ---> Nero ---> Nero Express ကို ကလစ်ပေးပါ။
မိမိစက်ရဲ့ CD ROM ထဲကို ခွေထည့်ပါ.ပုံ(၁) ထွက်လာပါလိမ့်မယ်..


အဆင့်(၂) မိမိကူးချင်သော CD အမျိုးအစားကို ရွေးပါ၊ ဥပမာ- DVD နဲ့ ကူးချင်ရင် Data DVD၊ CD ဖြင့်ဆို Data CD.အဆင့်(၃)
ရွေးပြီးက ပုံ(၂) Box လေး ပေါ်လာပါလိမ့်မယ်.

အဆင့်(၄) Add Button ကို ကလစ်ပေးပြီး မိမိကူးချင်သော ဖိုင်များရဲ့  Location မှ ကူးချင်သော ဖိုင်များကို ရွေးချယ်ပြီး Add
ကို ကလစ်ပေးပါ.. ရွေးချယ်ရာတွင် တစ်ခုချင်းဆို ရိုးရိုး Mouse left click ဖြင့် ဖိုင်တစ်ခုစီပေါ် ထောက်၍ အသုံးပြုနိုင်ပြီ.. အားလုံ
းကို ကူးယူချင်ပါက Select all (Ctrl+A) ကို ကလစ်ပေးပြီး အပ်နိုင်ပါတယ်.. Mouse ကို ဖိထားပြီး အစဉ်အလိုက် သုံး၊ လေး၊ ငါး
ခုလောက်ကိုလည်း Select လုပ်နိုင်သလို ၊ ထည့်ဖြည့်ချင်၊ မယူချင်သော ဖိုင်များကို Ctrl+Mouse left Click ဖြင့် အသုံးပြုနိုင်ပါတယ်.

အဆင့်(၅) ရွေးချယ်ပြီးပါက ပုံ(၅) အတိုင်း ကူးယူချင်သော ဖိုင်များ Add box ထဲကို ရောက်သွားပါလိမ့်မယ်.. သူရဲ့  အောက်ခြေမှာ
အစိမ်းရောင်၊ အ၀ါရောင်၊ အနီရောင် ပြနေတာ တွေ့ရပါလိမ့်မယ်.. သူသည် မိမိ CD/DVD ရဲ့  Stroage Limit ပါ. CD ဆို မီဂါဘိုက်
၇၀၀ ထိ ၀င်ဆန့်သလို၊ DVD သည် ၄ ဂီဂါဘိုက် ထိ ၀င်ဆန့်ပါတယ်. CD/DVD Limit သည် အစိမ်းရောင်ပဲ ဖြစ်နေရပါမယ်.. အ၀ါရောင်
အနားကပ်နေသည် အထိ ကူးယူနိုင်ပေမယ့်. အ၀ါရောင်ကျော်သွားတာနဲ့ ခွေကူးယူခြင်းကို အလိုလို Next ကို ပေးပြီး Brun လိုက်တာ
နဲ့ error ပြပါလိမ့်မယ်..

အဆင့်(၆) မိမိဖိုင်များ အပ်ပြီးပါက Next Button ကို ကလစ်ပေးပြီး၊ ပုံ(၆) ကို မြင်ရပါလိမ့်မယ်.. Burn Button ကို မနှိပ်ခင်.. မိမိသည်
ဘယ်ထဲကိုကူးချင်တာလဲဆိုတဲ့ current recorder မှ Down arrown ကို လုပ်ပြီး ရွေးချယ်ပေးဖို့လိုပါတယ်.. Image အနေနဲ့ မိမိ PC
(ကွန်ပျူတာ)ထဲမှာ သိမ်းထားချင်တယ်ဆိုရင် Image Recorder ကိုရွေးချယ်ပေးရပြီး၊ CD/DVD ခွေကို ကူးချင်တယ်ဆိုရင်
Image Recorder ရဲ့အောက်မှ မိမိရဲ့  စက်ပေါ်ရှိ ROM နံမည်နဲ့ [CD-R/RW] ကိုရွေးချယ်ပေးရပါမည်.. ပြီးပါက Burn ကို ကလစ်
်နှိပ်ပါ..



အဆင့်(၆) CD/DVD ခွေ မထည့်ရသေးပါက ပုံ(၇) အတိုင်းပြနေပါလိမ့်မယ်.. ခွေထည့်ပြီးပါက သူပါသာ ခွေကူးယူမှုကို စလုပ်ပါလိမ့်မယ်..
ပုံ (၈)ကို ကြည့်ကြည့်ပါ..


နောက်ဆုံးအဆင့်- ခွေကူးယူခြင်းပြီးဆုံးပါက Burn Process Completed ဆိုပြီး warning box လေး ပေါ်လာပါလိမ့်မယ် ပုံ(၉)..
မိမိခွေသည် စက်ထဲမှာ ထွက်လာပါလိမ့်မယ်.. ဒါဆို မိမိ Burn သော ခွေသည် အောင်မြင်စွာ ကူးပြီးသွားပါပြီ။ warning box မှ ok
ကို ကလစ်ပေးပြီး၊ Next ကို ကလစ်ထပ်နှိပ်၍ Close Button ကို ကလစ်ပေးပြီး ပိတ်နိုင်သလို.. နောက်ထပ် ထပ်ကူးချင်တယ်ဆို
Next Project ကို ကလစ်ပေးပြီး ထပ်လောင်း ကူးယူနိုင်ပါတယ်..

ဒီလောက်ဆို ကွန်ပျူတာ စတင်သုံးသူတွေတွက်ကော အခွေ ဘမ်းတာကို မလုပ်တတ်တဲ့ သူတွေ တွက်ပါ အဆင်ပြေလောက်မယ် ထင်ပါတယ်