Tuesday, November 30, 2010

ကိုယ်လိုချင်တဲ့ပုံလေးတွေ အပေါ်မှာ စာလေးတွေရေးမယ်...

ဒါလေးက လည်း ပုံစံ တစ်မျိုးလေးနဲ့စာရေးသားခြင်းပါ
ဒီလင့်လေးကို သွားလိုက်ပါ...

http://www.imagehousing.com/

Photobucket

ဒီလိုလေးတွေ ရရင်...
to write on images is easy လေးကိုတွေ့ ရမှာပါ...
ပြီးရင် ဒီနေရာလေးကို ကလစ်လိုက်ပါ...
ဒီလိုလေးတွေ့ ရပါမယ်...

Photobucket

TAGS MAKER ခေါင်းစဉ်လေးနဲ့ အောက်နားမှာ ပုံလေးတွေ ပေးထားပါတယ်....
ပုံလေးကို လိုချင်ယူပါ မလိုချင်ရင်
Browes..Upload ဆိုတာလေးကို ကလစ်ပြီး ကိုယ့် ကွန်ပျူတာထဲမှ ကိုယ်လိုချင်သော ပုံကိုယူပါ...

သူပေးထားသော ပုံလေးကိုယူပြီး လုပ်ကြည့်မယ် ဆိုရင်
နှစ်သက်ရာ ပုံတစ်ပုံကို ကလစ်လိုက်ပါ...
ပြီး အောက်ဘက်သို့ ဆွဲချလိုက်ပြီး...

Photobucket

2.Image Text ဆိုတဲ့နေရာလေးမှာ ကိုယ်ကြိုက်တဲ့စာသားရေးပါ..

Photobucket

ထပ်မံ အောက်သို့ဆွဲချပြီး
3.Choose a Font နေရာမှာ ကိုယ်ရေးထားတဲ့စာသား ဒီဇိုင်း ကိုရွေးချယ်လိုက်ပါ...

စိတ်ကြိုက်ရွေးချယ်ပြီးလျှင်
အောက်သို့ ထပ်မံဆွဲချပြီး အရောင်ရွေးချယ်ပေးပါ...

4.Select a Color

Photobucket


ပြီးရင်တော့
5.Font Size မှာ အရွယ်အစား ရွေးပြီး

6.Text Postition နောက်ဆုံးအဆင့်မှာ
ကိုယ့်စာသားကို ပုံရဲ့ အလည် ဘေး အောက်
ဘယ်နေရာမှာ ထားမယ် ဆိုတာကိုေ၇ွးချယ်ပေးပြီး

Photobucket

7.Submit ဆိုတာကို ကလစ်ပြီး သိမ်းလိုက်ပါ...
ဒီလိုလေးတွေ့ ရမှာ ဖြစ်ပါတယ်...

Photobucket

အဲ့ဒီမှာ Get the Html Code ဆိုတာကို ကလစ်ပြီး ကုဒ်ကိုယူကာ
ကွန်မန့်များ ပေးနိုင်ပြီ ဖြစ်ပါတယ်...


မှတ်ချက် မြန်မာလိုရေးလို့တော့ မရပါ ( အင်္ဂလိပ်လိုသာရပါသည်)

Source; ရွှေမြန်မာဥယျာဉ်

သင့်ဘ၀မှာ အခက်အခဲတွေကို အောင်မြင်အောင် လွယ်ကူစွာ ကျော်ဖြတ်ချင်ရင်

တိတ်ဆိတ်ခြင်းကို ရွေးပါ

တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ
တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ
သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတွေ
ကြော်ငြာစရာ မလိုဘူးလို့ သင်ထင်တယ်။

တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။ ဒီလိုအချိန်မျိုးမှာ
သင်နာကျင်ခံစားရပြီး မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။
လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံးသူက သင့်ကို
နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ
ရှိတော့မလဲ? ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။
ပြောဖန်များလည်း အရာမထင်တော့တဲ့အခါ ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး
ဖြေရှင်းနည်းဖြစ်လိမ့်မယ်။


တည်ငြိမ်ခြင်းကို ရွေးပါ

လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ ပျော်ရွှင်ဖို့ အားပေးလိမ့်မယ်။
ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်ပေမယ့်
ပျော်ရွှင်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရချိန်
ဘယ်သူကမှ ပျော်ရွှင်နိုင်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့
တည်ငြိမ်ရမယ်။ တည်တည်ငြိမ်ငြိမ်ရဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကြည့်ရမယ်။
ဖြေရှင်းရမယ်။ တည်ငြိမ်ခြင်းဆိုတာ ပျော်ရွှင်ခြင်းလဲ မဟုတ်သလို
မပျော်ရွှင်ခြင်းလဲ မဟုတ်ဘူး။

အတိတ်ထဲမှာ တဝဲမလည်ပါနဲ့

လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိလမ်းမကြီးဖြစ်တယ်။ မပြတ်တဲ့
ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ်။ နေ့တိုင်းစားတဲ့ အစားအစာကို
ရွေးချယ်တာက သက်ရောက်မှု သိပ်မရှိပေမယ့် အလုပ်အကိုင်၊ အိမ်ထောင်ဖက်၊
အိမ်ထောင်ပြု မပြု၊ ကလေးယူ မယူ စတဲ့ ရွေးချယ်မှုတိုင်းက ဘဝတစ်ခုလုံးကို
သက်ရောက်စေတယ်။ မတူတဲ့ရွေးချယ်မှုက မတူတဲ့ဘဝကို တည်ဆောက်ပေးတယ်။ ဘဝမှာ
သည်းမခံနိုင်အရာက လူ့ဘဝကို အသစ်ပြန်စစေတဲ့ အခွင့်အရေး မရှိတာပဲ။

"တကယ်လို့ အစတည်းက ဒီလိုရွေးခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ မဟုတ်ဘူး"လို့
ညည်းတွားမနေနဲ့။ သင်ရွေးချယ်တဲ့ ဘဝလမ်းခွဲတိုင်းမှာ အကောင်းဆုံးဆိုတာ
မရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။ ရွေးချယ်ခဲ့တဲ့လမ်းကို အကောင်းဆုံး
ဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ လိုတယ်။ ဖြောင့်ဖြူးအောင်
ဖန်တီးဖို့ပဲလိုတယ်။ ဒါမှ ရွေးခဲ့တဲ့လမ်း မှားတယ်လို့ အတိတ်ထဲ
သင်တဝဲလည်နေတော့မှာ မဟုတ်ဘူး။


ရိုးရှင်းတာကို လက်ကိုင်ထားပါ

စိတ်ရှုပ်စရာ တွေးတောမှုတွေက သင့်ဘဝကို ရှုပ်ထွေးစေသလို လက်ရှိပစ္စုပန်မှာ သင် အသက်ရှင်နေထိုင်နေပေမယ့် အတိတ်ကို သင်တမ်းတနေတတ်တယ်။ ဒါမှမဟုတ်
အနာဂတ်အတွက် တွေးပြီး စိုးရိမ်ပူပန်နေတတ်တယ်။ အတိတ်ကို ပစ္စုပန်နဲ့အနာဂတ်ထိ
သယ်ဆောင်လာတာဟာ သင့်ဘဝကို မသပ်ရပ်စေဘူး။ ရှုပ်ထွေးပွေလီစေတယ်။

ရိုးရှင်းခြင်းဆိုတာ တင့်တယ်ခြင်းဖြစ်တယ်။ ဥပမာ-- ရာသီဥတုအပြောင်းအလွဲကို အရေပြားနဲ့
ရိုးရိုးရှင်းရှင်း ခံယူမယ်။ မိုးရွာပြီးစ မြက်ရနံ့တွေကို နှာခေါင်းနဲ့
ရိုးရိုးရှင်းရှင်း ရှုရှိုက်မယ်။ အဝေးက လှပတဲ့ရှုခင်းကို
ပန်းချီကားတစ်ချပ်လို မျက်လုံးနဲ့ ရိုးရိုးရှင်းရှင်း အရသာခံမယ်။
ရိုးရှင်းခြင်းက ဒီလောက် လွယ်ကူပါတယ်။

ပစ္စုပန်မှာ ရိုးရိုးရှင်းရှင်းနေထိုင်မယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ရင်
စိတ်ရှုပ်စရာတွေ တွေးတောဖို့မလိုဘူး။ အတိတ်ကိုလည်း တမ်းတဖို့မလိုဘူး။
အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်စရာမလိုဘူး။ ရိုးရှင်းတာကို လက်ကိုင်ထားပြီး
ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပါတယ်။


ခံစားချက်ကို အလဟသမဖြုန်းနဲ့

သင့်အကြောင်း လူတွေမဟုတ်မမှန်ပြောလို့ ဒီနေ့ သင်မပျော်ဘူး။ လူတွေနဲ့လည်း သင်ရန်မဖြစ်ချင်လို့ လူတွေနားက သင်ခွာခဲ့တယ်။ ခန္ဓာကိုယ်သာ လူတွေဆီက
သင်ခွာခဲ့ပေမယ့် သင့်စိတ်က နာကျင်ခြင်းထဲကနေ မခွာနိုင်ခဲ့လို့ တွေးလေ
သင်ဒေါသထွက်လေဖြစ်မယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ
သင်အာရုံမစိုက်နိုင်တော့ဘူး။ စိတ်ပါလက်ပါ သင်အလုပ်မလုပ်နိုင်တော့ဘူး။
စိတ်အနှောင့်အယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို သင်လျစ်လျူရှုမိတတ်တယ်။
သင့်စိတ်ကို သူတစ်ပါးရဲ့အမှားတွေနဲ့ လွှမ်းမိုးထားလို့ဖြစ်တယ်။

ခံစားချက်ကို အကျယ်ချဲ့တာဟာ သင်ရဲ့ဖြုန်းတီးမှုဖြစ်တယ်။ အဆိုးဝါးဆုံး
ဖြုန်းတီးမှုဖြစ်တယ်။ ဒေါသထွက်ဖို့ အားစိုက်ရတယ်။ ဒေါသထွက်ရင် ခန္ဓာကိုယ်ကို
ထိတယ်၊ ခွန်အားဗလကို ထိတယ်။ ဒါကြောင့် ထက်မြက်တဲ့သင်ဟာ ခံစားချက်ရဲ့
အထိန်းအချုပ်ကို မခံရပါစေနဲ့။ ဒေါသမထွက်ခင် သင့်ကိုယ်သင် "ခံစားချက်ကို
အလဟသမဖြုန်းနဲ့" လို့ ညင်ညင်သာသာ သတိပေးပါ။

အချိန်ကောင်းကို ဖမ်းဆုပ်ပါ

သင်ကြိုက်တဲ့ အင်္ကျီတစ်ထည်ကို ဝယ်ခဲ့ပြီး မဝတ်ရက်ဘဲ ဗီရိုထဲ ဒီအတိုင်း သင်သိမ်းထားတယ်
ဆိုပါစို့။ ကာလကြာမှ အဲဒီအင်္ကျီကို ဝတ်ဖို့ သင်သတိရချိန် အင်္ကျီဟာ
ခေတ်ကုန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။

အရသာရှိပြီး လှပတဲ့ကိတ်မုန့်တစ်တုံးကို ဝယ်ခဲ့ပြီး မစားရက်ဘဲ ရေခဲသေတ္တာထဲ
သင်ထည့်ထားမိတယ် ဆိုပါစို့။ ကာလကြာမှ ကိတ်မုန့်စားဖို့ သင်သတိရချိန်
ကိတ်မုန့်ဟာ ဒိတ်လွန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။

နှစ်သက်ချိန်မှာ မဝတ်လိုက်ရတဲ့ အင်္ကျီ၊ စားချင်တဲ့အချိန်မှာ မစားလိုက်ရတဲ့ ကိတ်မုန့်၊
ဆန္ဒရှိတဲ့အချိန်မှာ မလုပ်လိုက်ရတဲ့ အလုပ် ... ဒါတွေဟာ
ဝမ်းနည်းခြင်းတွေဖြစ်တယ်။

ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေရှိတယ်။ လုပ်ချင်တာကို အချိန်မနှောင်းခင် အရွယ်ကောင်းခင် လုပ်သင့်တယ်။ တကယ်လို့
လုပ်ချင်တာကို စိတ်ထဲမှာပဲထားပြီး အကောင်အထည် မဖော်ခဲ့ရင် နောက်ဆုံးရလဒ်က မဝတ်လိုက်ရတဲ့
အင်္ကျီလို၊ မစားလိုက်ရတဲ့ ကိတ်မုန့်လို နောင်တနဲ့ဝမ်းနည်းခြင်းတွေပဲ
ကျန်ခဲ့လိမ့်မယ်။

သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ ဘာပူဆွေး ဝမ်းနည်းစရာမှ ချန်မထားခဲ့ပါနဲ့။

”တာရှည်ဆေးသောက်ရတဲ့အခါ……”

၁။ မိမိသောက်မယ့်ဆေးဟာ ဘယ်အချိန်မှာ သောက်ရမယ့်ဆေးလဲဆိုတာကို သေသေချာချာသိရအောင် ကြိုးစားထားသင့်ပါတယ။် မနက်ပိုင်းသောက်ရမယ့်ဆေး၊ ညနေသောက်ရမယ့်ဆေး၊ အစာနဲ့တွဲသင့်လား၊ အစာမပါဘဲ သောက်ရ မလားဆိုတာကို သေသေ ချာချာ သိထားဖို့လိုပါတယ်။
၂။ သောက်ရမယ့်ဆေးဟာ တစ်မျိုးထက်ပိုတယ်ဆိုရင် ဒီဆေးနဲ့ပတ်သက်တဲ့ အချက်တွေကို ချရေးထားပါ။ တမျိုးနဲ့တမျိုး သတိထားရမယ့် အချက်တွေက ကွာခြားတတ်ပါတယ်။ အဲဒီလိုမှတ်တမ်းလေးနဲ့ခွဲရေးထားရင် သူတို့နဲ့ပတ်သက်တဲ့ အကြံပြုချက်တွေ ဟာ မရောထွေးတော့ပါဘူး။
၃။ ဆေးသောက်ဖို့အကြံပေးထားတဲ့အချိန်နဲ့ မိမိအပြုအမူတို့ကို ချိန်ဆကြည့်ပါ။ တချို့ဆေးတွေဟာ အိပ်ငိုက်ခြင်းတွေကို ဖြစ်စေတတ်ပြီး တချို့ကတော့ ခေါင်းမူးစေတတ်ပါတယ်။ မိမိဆေးသောက်မယ့်အချိန်မှာ တခြားအန္တရာယ်ဖြစ်စေတဲ့ အပြုအမှုမျိုးကို ရှောင်ဖို့လိုပါတယ်
၎။ တချို့ဆေးတွေဟာ အချိန်အတိအကျသောက်ဖို့လိုပါတယ်။ အချိန်နာရီအတိအကျခြားပြီး သောက်ရမယ့် ဆေးတွေရှိ နေပါတယ်။ တချို့ဆေးတွေကတော့ သီးခြားညွှန်ကြားချက်တွေလိုအပ်ပါတယ်။ ဆေးတွေ အကောင်းဆုံးအလုပ်လုပ်မယ့် အချိန်နဲ့ ဆေးသောက် မယ့်အချိန် အံ့ကိုက်ဖြစ်အောင် စဉ်းစားထားရပါမယ်။
၅။ ဆေးသောက်ပြီး၊ မပြီးကို သိနိုင်တဲ့ အမှတ်အသားကိုထားပါ။ ဒီနေ့အတွက်ဆေးသောက်ပြီးပြီလား၊ မနေ့ကရော သောက်ခဲ့လား ဆိုတာကို တိတိကျကျသိနိုင်ဖို့ ပြက္ဒဒိန်မှာ အမှတ်ခြစ်ထား၍လည်း ရနိုင်ပါတယ်။
၆။ ဆေးသောက်ချိန်မှန်အောင် နိုးစက်ထားပေးပါ။ အထူးသဖြင့် တနေ့ကို တစ်ကြိမ်ထက်ပိုသောက်ရမယ့်ဆေးတွေအတွက် ဒီနည်းလမ်းဟာ အတော်လေးကို အထောက်အကူပြုပါတယ်။
၇။ ဆေးသောက်ပြီးချိန်မှာ ကြုံတွေ့လာရတဲ့လက္ခဏာတွေကို မှတ်သားထားပါ။ ဆေးပမာဏအပြောင်းအလဲ၊ ဘေးထွက် ဆိုးကျိုး၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို တွဲပြီး မှတ်သားပေးပါ။ တကယ်လို့ ဆီး၊ ဝမ်း၊ သွေးသကြား စစ်ရတဲ့ လူနာမျိုးဖြစ်နေရင်လည်း အဖြေတွေကို မှတ်သားထားပါ။
၈။ ဆေးတွေကို မြင်သာတဲ့နေရာမျိုးမှာ ထားပါ။ အလွယ်တကူမြင်နိုင်တဲ့မြင်ကွင်းမျိုးမှာ ထားရင် ဆေးသောက်ဖို့ မမေ့နိုင်တော့ပါဘူး။ ဒါပေမယ့် မိမိဆေးထားမယ့် နေရာဟာအပူ၊ အအေးမျှတဖို့လိုပါတယ်။ ရေခဲသေတ္တာထဲထား ရမယ့်ဆေးမျိုးဆိုလျှင်လည်း ညွှန်ကြားထားတဲ့အတိုင်းသိမ်းဆည်းရပါတယ်။ အဓိက အချက်ကတော့ ဆေးတွေကို ကလေးတွေနဲ့ လက်လှမ်းမမီတဲ့ နေရာမျိုးမှာသာ ထားပေးဖို့ပါ။
.
နှင်းနုလွင် (ဆေးဝါး)
Good Health Journal

Monday, November 29, 2010

နိုင်ငံတကာ Mp3သီချင်းပေါင်းစုံ တစ်နေရာတည်းမှာ Download ယူနိုင်တဲ့ Website

မြန်မာMp3 အပါအ၀င် နိုင်ငံတကာ Mp3သီချင်းပေါင်းစုံ တစ်နေရာတည်းတွင် ရှာဖွေ download လုပ်ချင်သူများအတွက် ၀က်ဆိုက်လေးတစ်ခု လမ်းညွှန်ပေးလိုက်ပါတယ် …










မိမိနှစ်သက်တဲ့ သီချင်းအမည်များကို ရေးထည့်၍ ရှာဖွေ Download ရယူနိုင်ပါပြီ။

သူငယ်ချင်းများအားလုံး စိတ်ကြိုက်သီချင်းလေးများ နာဆင်ကြရင်း ပျော်ရွှင်နိုင်ကြပါစေ … ..

ကာတွန်းရုပ်ပြ စာအုပ် ထုတ်ကြမယ်

ကင်မရာတစ်လုံးရပြီး လက်တဲ့စမ်း ဟိုလျောက်ရိုက်၊ ဒီလျောက်ရိုက်နေသူတွေ
အကြိုက်ပေါ့။ ကျနော့် ဆိုနီ ကင်မရာလေးဆို ပျက်သာပျက်သွားကော..အနားကို
မရခဲ့ရှာဘူး။ တွေ့သမျှချိန်ရိုက်နေတဲ့ point and shoot
အော်တိုကင်မရာမဲန်းကြီးကိုး ခင်ဗျ။ ဘေးအိမ်က ကလေး မွေးနေ့လည်း
ဟက်ပီးဘတ်သ်ဒေး လက်ခုပ်ဝိုင်းတီးပြီး ရိုက်ပေးလိုက်တာပဲ။ အိမ်က
သောင်းကျန်းသူတွေ တိရိစ္ဆာန်ရုံပို့လည်း တွေ့ကရာ အကောင်နဲ့ တွဲပြီး
အကုန်ရိုက်တာပဲ။ ရိုက်တော့ ဘာဖြစ်လာသလဲ ဆိုရင် လက်ရာတက်လာတယ်ပေါ့ဗျာ။ ပြောချင်တာက ရိုက်ထားတဲ့ ပုံတွေ
များလာတယ်ပေါ့။ သူများပုံတွေလေ...။ ကျနော့်ပုံလား ဘယ်ရှိမလဲ။
ကင်မရာမဲန်းမှာ ကိုယ့်ဓာတ်ပုံကိုယ် ရိုက်ခွင့်မရဘူးလေ။

ပုံတွေများလာတော့ ဒီအတိုင်း ဓာတ်ပုံကူးကူးနေရတာ ငြီးငွေ့လာတယ်ပေါ့ဗျာ။ ဒါနဲ့ အစမ်းထွင်တာပေါ့။ ဓာတ်ပုံလေးတွေ စုပြီး ကာတွန်း၊ ရုပ်ပြ
အယ်လ်ဘမ်လေးလို လုပ်ကြည့်ရင် ကောင်းမလား၊ ပြက္ခဒိန်လေးနဲ့ တွဲပြီး
ထုတ်ကြည့်ရင် ကောင်းမလား...စမ်းကြည့် တာပေါ့။ အဲတာနဲ့ လက်လှမ်းမှီရာ (မရမက)
လိုက်ရှာတော့ ကာတွန်း၊ ရုပ်ပြလုပ်တဲ့ ဆော့ဝဲလေး သွားတွေ့တယ်ခင်ဗျ။
မိတ်ဆွေတို့ လည်း ကင်မရာရှိရင် စမ်းကြည့်လို့ ရတယ်။
(အဲ...စကားမစပ်..ရန်ကုန်မှာ ကင်မရာ ဂျပန်ကျ? တွေ ဈေးတော်တော်ပေါတယ်နော်း
၂သောင်းနဲ့ တစ်လုံးရတယ်။)

အောက်က ဆော့ဝဲလေးဗျို...

Comic Life တဲ့ Plasq က ထုတ်တာလေ

အဲ့ဆော့ဝဲသာ ရှိရင် ကာတွန်းရုပ်ပြထုတ်ဘို့ ဘာလိုမလဲ။ ဓာတ်ပုံတွေရယ်
ဒီဓာတ်ပုံတွေပေါ်မှာ ဆက်စပ်တဲ့ ဇတ်ညွှန်းလေးပဲ လိုမယ်။ ကျန်တာက
ကလိကြည့်ဘို့ပဲ ဒါက ကိုယ့်အပိုင်း။ တန်ဘိုးက ၂၉.၉၅ဒေါ်လာတဲ့။ ကျနော် ရှာကြံ
ဆွဲချထားတာလေးတော့ ရှိတယ်။ လိုချင်ရင် ဗမာလိုရေးပြီး လက်တို့လိုက်။
၁၀မက်ကျော်ကျော်လေး။ ဒီမှာတော့ ငြိမှာစိုးလို့ အတက်မတွဲတော့ဘူး။

အောက်မှာ နမူနာအဖြစ် မေလကုန်တုန်းက အိခိဂျောတို့ မာဏဝဘေရီအဖွဲ့
ရေသွားလှူစဉ်က တရားဝင်ထုတ်ပြန်ပေးထားတဲ့ ပုံလေးတွေကို
ကာယကံရှင်များထံခွင့်တောင်းပြီး နမူနာ လုပ်ပြထားပါတယ်။ အားလုံး ၎
မျက်နှာတည်း။ ကျန်တာတွေက လုပ်နည်းကို Tutorial အဖြစ် gif နဲ့
လှုပ်ပြထားတာပါ..

IMAGES are courtesy of မာဏဝဘေရီ and respective persons ဇာတ်ညွှန်းကတော့ ညီလေး ကိုလွှမ်းမိုးထက် တင်ထားတဲ့ ပို့စ်ကို အခြေခံထားပါတယ်။
အချက်အလက်များကို RFM core-member မသိဂီမှ စစ်ဆေးပေးပါတယ်။

စာမျက်နှာ-၁

စာမျက်နှာ-၂

စာမျက်နှာ-၃

စာမျက်နှာ-၎


မိုက်တယ်နော်...အနည်းဆုံးတော့ ကိုယ့်ကလေး မွေးနေ့မှာ ဒီလို ထုတ်ပေးလိုက်ရင် သူတို့ ဘယ်လောက်ပျော်လိုက်မလဲ စဉ်းစားကြည့်ပါ။

အောက်ကတော့ ကျူတိုရီယယ်ပေါ့။ ပုံတွေကို ဆိုဒ်သိပ်မချုံ့ထားတော့ အတက်တော့ နှေးနေမယ်..။ ကွန်ပေါ်မူတည်မှာပေါ့လေ...။

စာမျက်နှာတစ်ခု ဒီလိုယူပါ။ လိုသလို အကွက်တွေ ချပါ။



ဒါက Caption (ခေါင်းစည်း) ထဲ့ပုံ

ဒါက ခေါင်းစည်းကို ညှိတာ


ဒါက အကွက်ထဲ ပုံထည့်တာ

ဒါက စာထည့်တာ...

ဒါက စကားပြောတွေ၊ အော်တာတွေ။ အတွေးတွေ ထည့်တာ (Call-out)

ဂလောက်ဆို လုပ်နည်းက တီးခေါက်မိပီပေါ့။ အသေးစိတ်ညှိချင်ရင် Details သာ ဖွင့်ကြည့်ဗျ..။ ညှိလို့ရတယ်။
လုပ်ပြီးပြီဆိုရင် ရလဒ်ကို Image နဲ့ Export သိမ်းလို့ ရတယ်။ Software ကို ဒီ မှာဒေါင်းပါ။
ရေးသားပြုစုသူ - /ဧးသိမ်း/

ကျန်းမာရေး ဗဟုသုတ

အနံ့ အသက်များပျောက်စေလိုသော်.............................
အနံ့ အသက် စွဲစေသော အစားအစာများ( ဥပမာ-တညင်းသီး၊ ဆူးပုပ်ကြီးရွက်) စားသောက်ပြီးနောက်အာခံတွင်း
(ပါးစပ်)တွင်၎င်းတို့ ၏ အနံ့အသက်များစွာကျန်
နေတတ်သည်။ ၄င်းအနံ့အသက်များပျောက်စေလိုသော်.............................
သကြားလက်ဖက်စားဇွန်း(၁)ဇွန်းခန့် ဝါးစားပေးပါ။ မကြာမီ အနံ့ အသက်များကင်းစင် သွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။

သွားခြေယိုင်ပြီး သွားရင်းက ပြည်ယိုသော်.........................................
မာလကာသီးအစေ့ကို အခြောက်ခံ ၊အမှုန့် ထောင်းပြီးထည့်ပေးမကြာခင်ပျောက်ပါလိမ့်မယ်။

သွားနာ ၊ သွားကိုက် ၊သွားဖုံးပြည်ယိုရောဂါများအတွက်
မာလကာခေါက်ပြုတ်ရည် ကို ငုံပေးရင်သက်သာပျောက်ကင်းစေနိုင်ပါတယ်။

မျက်လုံးအားပြန်ကောင်းပြီးမျက်မှန်လွတ်တဲ့နည်း
ိဒီနည်းလေးကို မေတ္တာရှင် (ရွှေပြည်သာ) ရေးတဲ့ စာရိတ္တ သတ္တိ ဆိုတဲ့ စာအုပ်လေးက ရတာပါ။
ပထမဆုံး အိပ်ယာက နိုးပြီးပြီးချင်းမျက်နှာကို အရင်မသစ်ဘဲ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီးရေသုံးခွက်စီလောက် လောင်းပေးပါ။ ဒါက တစ်ကိုယ်လုံးပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ။ ပြီးရင်ချက်ချင်း မျက်နှာမသစ်ရသေးပါဘူး။ ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲ့အပူခိုးတွေထွက်သွားအောင် မတ်တပ်ရပ်ပြီးလကိနှစ်ဘက်ကို
ခေါင်းပေါ်မြှောက်တင်လိုက်။ အောက်ချလိုက်နဲ့ အနည်းဆုံးအကြိမ်နှစ်ဆယ်လောက်လုပ်ပေးပါ။
ပြီးရင် တက်နေတဲ့ ဇက်ကြောတွေ
လျော့သွားအောင် ခေါင်းကိုနောက်ကျောဘက်ရောက်နိုင်သလောက်လှန်ချရမယ်။ရှေ့ကိုလည်း ရသလောက်ငုံ့ပေးပါ။ ဒါကလည်း အကြိမ်၂၀လောက်ပေါ့။ ပြီးရင်ခေါင်းကို ဘယ်ညာအခါ ၂၀လောက် လှည့်ပေး။ ပြီးမှ မျက်နှာသစ်။ပါးစပ်ကိုပိတ်ထားရမယ်တဲ့။
သစ်ပြီး မျက်နှာကိုသုတ်။ ပြီးတော့မှသွားတိုက်ပါတဲ့။

( ဒီနည်းက သွားကိုက်ရောဂါကိုကြိုတင်ကာကွယ်တဲ့နည်းလည်းဖြစ်ပါတယ်တဲ့ )
စိတ်ပါဝင်စားသူများ စမ်းသပ်ကြည့်ပေါ့ရှင်။ ကြာကြာလုပ်နိုင်လေ ကောင်းလေပါပဲ။

ထောလပတ်ရွက်ဖြင့်ဆံပင်နက်အောင်လုပ်နည်း။
အရွက်လက်တစ်ဆုပ်စာကိုရေစင်စင်ဆေး၊ငရုတ်ဆုံနဲ့ထောင်းရတယ်၊ညက်အောင်ထောင်းပြီး စုယူ၊ပြီးတော့ ပန်းကန်တစ်ချပ်
ခံပြီးအရေညှစ်ယူရပါတယ်။ ရေစက်လက်အရွက်ဆိုတော့ အရည်များများရပါတယ်။
အရည်ရဲ့ အရောင်ကအစိမ်းရင့်ရင့်ပါ။ အဲဒါရပြီဆိုတော့ အုန်းဆီစစ်စစ်ကို လက်ဖက်ရည်ဇွန်းလေးတစ်ဝက်
လောက်ရောထည့်။ (အုန်းဆီမရလည်းပဲဆီထည့်လို့ ဖြစ်ပါတယ်။ အုန်းဆီကမွှေးတယ်ပေါ့)။
ပြီးရင်သမအောင်မွှေပြီး ဆံပင်ကို အမြစ်ကစလူးရတယ်။ သွားပွတ်တံလေးနဲ့ဘီးဖြီးသလိုလိမ်းလို့ရပါ တယ်။ ဦးရေထဲ ၀င်အောင်ဖိရင်ပိုကောင်းပါတယ်။
အရေပြားထဲလက်နဲ့ဖိရင် အကောင်းဆုံးပဲတဲ့။ အဲဒီ အစိမ်းရင့်ကို လိမ်းလိုက်တဲ့အခါဆံပင်ဟာ စိမ်းမလာဘဲ မည်းသွားပါရော။

ပထမတစ်ပတ်တစ်ခါခေါင်းလျှော်ပြီးတိုင်းလိမ်းတယ်။နောက်ပိုင်း တစ်ပတ်နှစ်ပတ်နေမှ လိမ်းမယ်။
မျက်ခုံးမွှေးနည်းလို့်ဆိုရင်လည်း သွားပွတ်တံလေးနဲ့ ဆွတ်ပြီးလိမ်းပေးပါ။
ဆံပင်ပါးနေတယ်ဆိုရင်လည်း အဲဒီအရည်နဲ့ ပွတ်ပွတ်ပေးပါ။

အဆီထွက်များသော ဆံကေသာအမျိုးအစား ( Greasy Hair ) ကိုဘယ်လို ထိန်းသိမ်းမလဲ
အဆီအထွက်များတဲ့ ဆံပင်အမျိုးအစားတွေဟာအများအားဖြင့် ဦးရေပြားအောက်ကအဆီကျိတ်ဂလင်းကနေ အဆီထုတ်လုပ်မှု
များခြင်းကြောင့် ဖြစ်တဲ့အတွက်ကုစားလို့ မရပေမယ့် ပြုစုထိန်းသိမ်းတဲ့နည်းနဲ့ တော့တားဆီးလို့ရပါတယ်။ ဆီအထွက်များရတဲ့
အကြောင်းရင်း အဓိကအချက်နှစ်ချက် ရှိပါတယ်။ အဆီကျိတ်ဂလင်းကနေဆီထုတ်လုပ်မှုများတာကြောင့် ဖြစ်စေ ဆံပင်အထွက်နှုန်းကျဲပါးတာကြောင့်အဆီကျိတ်ကနေ ဆီထုတ်လုပ်တာပုံမှန်ဖြစ်ပေမယ့် ဒီပုံမှန် အဆီဓာတ်ကိုပဲလက်ခံနိုင်စွမ်း မရှိတဲ့အတွက် ဦးရေပြားမှာအဆီတွေ များနေရတာဖြစ်တယ်။ ဆံပင်သားသေးမျှင်သူတွေဆိုရင် နောက်ထပ် တစ်မျိုးတောင်
ပိုလာပါေ
သးတယ်။ ဦးရေပြားကနေ ချွေးအထွက်များတဲ့အတွက် ဆီအထွက်များတဲ့ ဆံပင်သားဖြစ်ဖို့အားပေးသလို ဖြစ်တာပါ။
ဘယ်လိုပြုစုထိန်းသိမ်းမလဲ?

အဆီထွက်တဲ့ ဆံပင်ကို ဘယ်လို ထိန်သိမ်းမလဲ ( How to care for greasy hair )
အဆီအထွက်များတတ်တဲ့ ဆံကေသာတွေကို ဦးရေပြားရဲ့ အပြင်ဘက်ကနေ အဆီထွက်ရှိခြင်းကို ထိန်းချုပ်ဖို့ရာခဲယဉ်းလှပါတယ်။
ဘာကြောင့်လဲဆိုရင်ဦးရေပြားရဲ့အတွင်းပိုင်းက ဟော်မုန်းဓာတ်တွေကြောင့် အပြင်မျိုးရိုးဗီဇကြောင့်လည်းဖြစ်တတ်
တဲ့
သဘောကြောင့် ပြုပြင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ အဆီဓာတ်တွေထွက်ရှိခြင်းကို မိမိဘာသာ ကိုင်တွယ်ဖြေရှင်းပြီးထိန်းချုပ်နိုင်တဲ့
နည်းလမ်းတွေ များစွာရှိနေပါပြီ။
ဥပမာအားဖြင့်............
- ဆံပင်သားနဲ့ ဦးရေပြားမှာအဆီထွက်လာပြီဆိုရင် တတ်နိုင်သမျှ မကြာခဏခေါင်းလျှော်ပေးနိုင်ပါတယ်။ ဒီလိုလျှော်ပေးခြင်းအားဖြင့်
ဦးရေပြားကနေအဆီထုတ်လုပ်မှုကို ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။

- ဆံပင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေအသုံးပြုမယ်ဆိုရင်လည်း အဆီထွက်များတဲ့သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းကိုပဲ
ရွေးချယ်သုံးစွဲသင့်ပါတယ်။ ဒီပစ္စည်းတွေထဲမှာတော့ အဆီထွက်စေမယ့် ပစ္စည်းတွေ ပါဝင်မှာ မဟုတ်တဲ့အတွက်ဆံကေသာကို စတိုင်လ်ကျလှပစေမှာပါ။ အကယ်၍ဖယောင်းနဲ့ပြုလုပ်ထားတဲ့ခေါင်းလိမ်းဆီတွေက ဆံပင်သားတွေကိုပါလေးလံနေစေပြီး ပုံသွင်းရ
ခက်ခဲစေပါတယ်။

- ခေါင်းလျှော်တာဖြစ်စေခေါင်းလျှော်ပြီးနောက် အခြောက်ခံဖို့လေမှုတ်ရာမှာဖြစ်စေ ခပ်နွေးနွေးအနေအထားလေးက သင့်တော်ပါတယ်။
ပူလို့ ရှိရင် ခေါင်းမှာအဆီပိုထွက်တယ်ဆိုတာကသက်သေမရှိတာမှန်ပေမယ့်
တစ်ခေါင်းလုံးကိုဆီပျံ့နှံ့မှုကတော့ မြန်ဆန်စေနိုင်တာပါ။

- ဆံပင်ကိုလည်း မကြာခဏ ဖြီးပေးဖို့မလိုအပ်ပါဘူး။ ဖြီးတဲ့အခါမှာဘီးကျဲ(သို့ မဟုတ်)ဘရပ်ရှ်နဲ့ပဲဖြီးပေးနိုင်ပါတယ်။
- ခေါင်းလျှော်နေစဉ်မှာ အသုံးပြုတဲ့ ဘီးနဲ့ဘရပ်ရှ်ကို တစ်ပါတည်း ဆေးကြောပေးပါ။ အဲဒါမှဘီးတွေမှာ ကပ်ငြိနေတဲ့ အဆီတွေဟာ
ဆံပင်ပုံသွင်းတဲ့အခါမှာအနှောင့်အယှက်မဖြစ်စေမှာပါ။


စတိုင်လ်ကျ လှပစေဖို့ အကြံပြုချက် ( The best styling tips )
- ဒီဆံပင်သား ပိုင်ရှင်တွေဟာနေ့ စဉ်ပုံသွင်းနေတာထက် ဆံပင်ပုံစံကိုရိုးရိုးရှင်းရှင်းပုံစံတွေပဲထားသင့်ပါတယ်။
- ဆီကို ဆံပင်သားက မြန်မြန် စုပ်ယူစေနိုင်တဲ့ဦးရေပြားနဲ့ ကပ်အောင်ညှပ်တဲ့ပုံစံမျိုးကိုရှောင်ပါ။
- ဆံပင်ကို နောက်ဘက်လှန်ဖြီးတာက ဆံပင်သားကိုဦးရေပြားကနေ အနည်းငယ် ကွာဝေးသွားစေသလိုဆီအထွက်များစေခြင်းမှလည်းကာကွယ်ပေးပါတယ်။
-ဆံပင်ဖျန်းဆေး စပရေးနဲ့ ပုံသွင်းဆေးရည်တွေကအဆီထွက်များတဲ့ ဆံကေသာတွေအတွက်အထူးသင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုရင်သူတို့တွေကဆံပင်ခွဲကြောင်းတွေကိုသီးခြားစီ ခွဲထုတ်ပေးနိုင်လို့ပါပဲ။
- အကယ်၍ ဆံပင်မှာ အဆီတွေသိပ်ထွက်နေခဲ့မယ်ဆိုရင် ဆံပင်ကိုကောက်ပေးပြီး အကျားကျားဆေးဆိုးပေးနိုင်ပါတယ်။
ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သူတို့ဆေးတွေဟာ ဆံပင်က ထွက်ရှိတဲ့အဆီတွေကို အနည်းနဲ့အများမဆို စုပ်ယူနိုင်စွမ်းအားရှိလို့ပါပဲ။

- ခေါင်းတစ်ခုလုံးကို လျှော်ဖို့အချိန်မရခဲ့ရင် မိမိပုံသွင်းလိုတဲ့ဆံပင်အဖျားပဲ ဖြစ်ဖြစ်ဆံမြိတ်စုကိုပဲဖြစ်ဖြစ်
ကွက်ပြီးလျှော်ပေးပါ။ လိုသလိုပုံသွင်းပေးလိုက်တဲ့အခါ ပုံစံကျလှပနေတာကိုတွေ့မြင်ရမှာပါ။

- နောက်တစ်နည်းကတော့ စိုစွတ်တဲ့ ဂျယ်လ်ကိုအသုံးပြုပြီး ရေစိုဆံပင် ပုံစံအဖြစ်လည်းဖန်တီးနိုင်ပါတယ်။ ဒီလိုလုပ်တာဟာ နံနက်ပိုင်း အိပ်ရာကထစ ထိုင်းမှိုင်းနေတဲ့ဆံပင်သားကို လန်းဆန်းသွားစေနိုင်တာပါ။ အဆီပြန်တဲ့ဆံပင်သားမျိုး အနေနဲ့အမြဲဖြစ်နေတာမျိုး မဟုတ်ဘဲအားလျော့ပြီးပင်ပန်းနေချိန်၊ ကြောင့်ကြစိတ်များပြီး သောကရောက်ချိန်၊ဖိစီးမှုများနေချိန်တွေမှာခေတ္တဖြစ်ပေါ်တတ်တာသာ ဖြစ်ပါတယ်။ ဖိစီးမှုတွေကိုကျော်လွှားပြီးသွားတဲ့အခါမှာ ဆီထုတ်လုပ်မှုလည်းပုံမှန်ပြန်ဖြစ်သွားတာပါ။ အမျိုးသမီးတွေ သုံးစွဲတဲ့ ပဋိသန္ဓေတားဆေးကလည်း အဆီထုတ်လုပ်မှုကို များပြားစေနိုင်ပါသေးတယ်။

Ref: သရဖူမဂ္ဂဇင်း (အမှတ် ၁၄၂၊ သြဂုတ်လ၊ ၂၀၀၉)

World AIDS Day ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့

• ကမ္ဘာ့ AIDS နေ့ကို ၁၉၈၈ ခုနှစ် ဒီဇင်္ဘာ ၁ ရက်နေ့ကတည်းက AIDS ရောဂါတိုက်ဖျက်ရေးအတွက်
o ရံပုံငွေရှာဘို့၊
o တလွဲ အယူအဆတွေကို ပယ်ဖျက်ဘို့ နဲ့
o အသိပညာ တိုးတက်စေရေးတို့အတွက် သတ်မှတ် ကျင်းပနေခဲ့တယ်။

• HIV ဆိုတာ ပျောက်မသွားသေးဘူး။ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ် ဆိုတာကို လူအများကို သိစေအောင် လုပ်ရလို့ ကမ္ဘာ့ AIDS နေ့က အရေးကြီးတယ်။
• UNAIDS ရဲ့ ခန့်မှန်းချက်အရ ကလေး ၂့၅ သန်း အပါအ၀င် လူပေါင်း ၃၃့၃ သန်းမှာ HIV ပိုး ရှိနေကြတယ်။ ၂၀၀၉ ခုနှစ်တုံးက လူနာသစ် ၂့၆ သန်းထပ်ရှိခဲ့ပြီး၊ ၁့၈ သန်း ဒီရောဂါကြောင့် သေဆုံးခဲ့ကြရတယ်။
• ဒီရောဂါ ဖြစ်သူထဲက တကယ့် အများစုကြီးဟာ ၀င်ငွေနည်း၊ ၀င်ငွေ အလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေက ဖြစ်ကြတယ်။ တကယ်တော့ HIV ဟာ နိုင်ငံတိုင်းက ယောက်ျား-မိန်းမ-ကလေး အားလုံးကို ခြိမ်းခြောက် နေတာပါ။
• World AIDS Day theme ကတော့ Universal Access and Human Rights “အားလုံး လက်လမ်းမီရေး နဲ့ လူ့အခွင့်အရေး” ဆိုတာ ၂၀၁၀ ခုနှစ်ရဲ့ ဆောင်ပုဒ် ဖြစ်တယ်။
• ကမ္ဘာ့ခေါင်းဆောင်တွေက HIV/AIDS ကုသရေး၊ ကာကွယ်ရေး ဆိုတာ “လူ့အခွင့်အရေး” အဖြစ် လက်ခံကြပြီး၊ HIV/AIDS နဲ့ ဆိုင်တာတွေကို လက်လှမ်းမီဘို့ တန်ဘိုးရှိတဲ့ တိုးတက်မှုတွေ လုပ်ခဲ့ကြပေမဲ့၊ လုပ်စရာတွေ တလှေကြီး ကျန်နေသေးတယ်။ ၀င်ငွေနည်း နဲ့ ၀င်ငွေအလတ်စားရှိ တိုင်းပြည်တွေမှာ ဒီရောဂါဆေး ARV ကို လူဦးရေ တ၀က်တောင်မှ မရနိုင်ကြသေးဘူး။ နှစ်စဉ် နှစ်တိုင်း လူသန်းများစွာ ကူးစက်ခံနေရဆဲ ဖြစ်လို့ပါ။
• HIV/AIDS ကပ်ရောဂါ တိုက်ဖျက်ဘို့ “လူ့အခွင့်အရေး” ဟာ အခြေခံကျတယ်။ လူ့အခွင့်အရေး ချိုးဖေါက် ခံရတာဟာ HIV ပြန့်နှံ့အောင် အားပေးတာဘဲ။ အပယ်ခံတွေ ဥပမာ မူးယစ်ဆေး ထိုးသူတွေနဲ့ လိင်နဲ့ အသက် မွေးရသူတွေကို အန္တရာယ်ပိုပြီး ကျရောက်စေတယ်။ လူတဦးချင်းရဲ့ အခွင့်အရေးကို ကာကွယ်ပေးရင် HIV ရှိပေမဲ့ ခွဲခြားခံရမှု ကင်းကင်းနဲ့ အသက်ရှင် နေနိုင်စေမယ်။
• တယောက်ချင်းဖြစ်ဖြစ်၊ ကွန်မြူနတီလိုက်ဖြစ်ဖြစ်၊ နိုင်ငံရေး ခေါင်းဆောင်တွေဖြစ်ဖြစ်၊ HIV/AIDS ရောဂါ ကာကွယ်၊ စောင့်ရှောက်၊ ကုသရေးမှာ တကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ပြည့်မီဘို့အတွက် လူ့အခွင့်အရေး ကာကွယ်ပေးဘို့ World AIDS Day ကမ္ဘာ့ AIDS နေ့ဟာ အခွင့်အလမ်းတခု ဖြစ်တယ်။
• သင် ဘာလုပ်နိုင်သလဲ။ အနီရောင် ဖဲပြားလေး ၀တ်ထားပြီး အသိပညာဖြန့်ပေးပါ။
• အနီရောင် ဖဲပြားလေးဟာ နိုင်ငံတကာ AIDS ရောဂါ အသိကြွယ်စေဘို့ စာနာစိတ်နဲ့ လူတိုင်း ၀တ်ဆင်ကြတဲ့ အထိမ်းအမှတ် သင်္ကေတ ဖြစ်တယ်။ သူများတွေကိုလဲ HIV ကို စိုးရိမ်စေဘို့၊ ကူညီကြဘို့၊ ပါဝင်လာကြဘို့ တိုက်တွန်းရာ ကြစေတယ်။
• အနီရောင် ဖဲပြားလေးကို ဘယ်သူကမဆို အလွယ်တကူ ကိုယ်တိုင် လုပ်ပါ။ တရားဝင် ပြုလုပ်သူဆိုတာ မရှိပါ။
• တကယ်လို့ ဒိထက်ပိုပြီး စိတ်ဝင်စားတယ်ဆိုရင် နီးစပ်ရာ အစီအစဉ်တွေမှာ ပါဝင်ပါ။ တကမ္ဘာလုံးမှာ နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြပါတယ်။ ကိုယ်တိုင်လဲ တီထွင်လုပ်နိုင်ပါတယ်။

HIV/AIDS ဟာ ကပ်ရောဂါ
HIV ပိုးကို ၁၉၈၁ ခုနှစ်က စတွေ့ခဲ့ပြီး၊ HIV/AIDS ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် အန္တရာယ် ပြုနေဆဲ ကပ်ရောဂါ Pandemic diseases တွေထဲက တစ်မျိုး ဖြစ်တယ်။ HIV ဗိုင်းရပ်စ်ဟာ Retroviridae အုပ်စုဝင် ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး နှစ်မျိုးရှိတယ်။ HIV-1 ဟာ ပိုမို ပြင်းထန်တယ်၊ ကူးစက်လွယ်တယ်။ ကူးစက်ခံရရင် လူ့ခန္ဓာကိုယ်တွင်းက ခုခံမှုစနစ် Immune System မှာရှိတဲ့ CD4 Cell (Helper T Cells) ကို အဓိက ကူးစက် ဖျက်ဆီးတယ်။ ကူးစက်ခံရတဲ့ CD4 Cell တွေကို CD8 Cell တွေက ရန်သူပိုးမွှားလို့ ထင်မှတ်ပြီး မှားယွင်း တိုက်ခိုက်လို့ CD4 Cell တွေ လျော့နည်းစေတယ်။ ကျန်းမာတဲ့လူမှာ CD4 Cell အရေအတွက် 1200 cells/μl ရှိတယ်။

HIV ဆိုတာ ဘာလဲ
HIV (Human Immunodeficiency Virus) ဆိုတာ လူ့ရဲ့ ကိုယ်ခံစွမ်းအားကို ကျဆင်းစေတဲ့ Virus ပိုး ဖြစ်တယ်။

AIDS ဆိုတာ ဘာလဲ
AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်းမှုရောဂါ ဆိုတာ HIV ပိုး ကူးစက်ခံရလို့ ရလာရတဲ့ “ရောဂါလက္ခဏာ အစုအပေါင်း” ဖြစ်တယ်။ လက္ခဏာ သတ်သတ်မှတ်မှတ် မရှိဘူး။ Opportunistic infections အခွင့်သာလို့ ၀င်လာတဲ့ ကူးစက်ရောဂါတွေကြောင့် အသက် အန္တရာယ်ကို စိုးရိမ်ရတဲ့အထိ ဖြစ်စေတယ်။

ဘယ်တော့ AIDS ဖြစ်လာသလဲ
HIV ပိုးဝင်ပြီးနောက် ဆေးမကုသူတွေမှာ ၈-၁၀ နှစ်ကြာမှ AIDS ဖြစ်လာတယ်။

HIV ကူးစက်နိုင်တဲ့ နည်းလမ်းများ
1. ပိုးရှိသူ နှင့် လိင်တူ-လိင်ကွဲ ဆက်ဆံခြင်း၊ လူနာ ၉၀% က လိင်ဆက်ဆံရာက ကူးတယ်။ ၆၀-၇၀% က လိင်တူဆက်ဆံလို့ ကူးတယ်။
2. ပိုးပါတဲ့ သွေးသွင်းခြင်း (၉၀% ကျော် ကူးနိုင်စွမ်းရှိတယ်)၊ ပိုးရှိသူနဲ့ ဆေးထိုးအပ် ဆေးထိုးပြွန် မျှဝေသုံးစွဲခြင်း၊ တကတူး ဆေးမင်ကြောင် ထိုးခြင်း၊ ဓါတ်အပ် စိုက်ခြင်း၊ ကွင်းတွေတပ်ဆင် အလှပြင်ခြင်း၊
3. ကိုယ်ဝန်ဆောင် မိခင်က ကလေးကို ကူးစက်ခြင်း (၁၅-၃၀%) တို့ ဖြစ်တယ်။

အဆင့်များ
Stage I ဘာ ရောဂါလက္ခဏာမှ မရှိသေးတာ။
Stage II သာမန်အရေပြား၊ အရေပြားနု၊ အသက်ရှူလမ်း အပေါ်ပိုင်းတွေမှာ ရောဂါလက္ခဏာတွေ ရှိလာတာ။
Stage III ၀မ်းခဏခဏ၊ အကြာကြီး (၁ လ) လျှောတာ၊ ဆိုးဝါးတဲ့ ဗက်တီးရီးယားပိုးဝင်တာ၊ နူမိုးနီးယား၊ အဆုပ်တီဘီ ဖြစ်လာတာ။
Stage IV ဦးနှောက်မှာ Toxoplasmosis ရောဂါ၊ အစာမြိုပြွန်-လေပြွန်-အဆုပ်မှာ Candidiasis မှိုရောဂါ၊ Kaposi's Sarcoma ရောဂါ ၀င်လာတာ။ ဒီလိုရောဂါတွေက လူကောင်းတွေဆိုရင် ကုသရတာလွယ်တယ်။ CD4 positive T cell count အရေအတွက်က 200 per mm3 of blood ထက်နည်းမယ်။ WHO ကနေ Antiretroviral (ARV) therapy ဆေးကုဘို့ ညွှန်းတယ်။

ဆေးကုသခြင်း
• HIV ကို လုံးဝ ပျောက်ကင်း စေနိုင်တဲ့ ဆေးဝါး ယခုအချိန်ထိ မပေါ်သေးပါ။
• ဗိုင်းရပ်စ် ပေါက်ပွားတာကို ထိန်းချုပ်ပေးပြီး၊ CD4 Cell အရေအတွက် ဆက်မလျော့ ကျစေလို့ ရောဂါ ရှေ့ဆက် တိုးမှာကို ဟန့်တားပေးတဲ့ ဆေးတွေသာ ရှိတယ်။
• HIV ပိုးကြောင့် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဘို့၊
• ရောဂါပိုး အရေအတွက်ကို လျှော့ချပေးဘို့၊
• လူနာရဲ့ သက်တမ်းကို ဆွဲဆန့်ပေးဘို့၊
• လူနာရဲ့ ကျန်းမာရေး ကောင်းမွန်စေပြီး အလုပ် ပြန်လုပ်နိုင်စေဘို့သာ ဖြစ်တယ်။

HIV ကူးစက်မှု ရှိ-မရှိ၊ အကောင်း-အဆိုး စစ်ဆေးခြင်း
HIV antibody ကို အလျှင်အမြန် စစ်ဆေးပေးတဲ့ ကိရိယာ (Rapid HIV test) ကို အလွယ်တကူ ရနိုင်တယ်။ အခြား စစ်ဆေးနိုင်တဲ့ စမ်းသပ်နည်းတွေကတော့ ELISA, Western Blot နည်းတွေ ဖြစ်တယ်။ ပိုးဝင် ပြီးချိန်က HIV antibody စစ်ဆေး တွေ့ရှိချိန်ထိ ကာလကို Window period လို့ ခေါ်တယ်။ ဒီကာလမှာ HIV ကူးစက်ခံရမှန်း မသိနိုင်တဲ့အချိန် ဖြစ်ပြီး အခြားသူတွေကိုတော့ ကူးစက်နိုင်စွမ်း ရှိတယ်။ ၉၉% သော HIV ကူးစက် ခံရသူများဟာ ၃ လ အကြာမှာ HIV antibody စစ်ဆေး တွေ့ရှိနိုင်တယ်။

ရောဂါပိုး ၀င်ခါစမှာ သွေးစစ်ရင် ချက်ချင်း မပေါ်ဘူး။ HIV antibody test ကို စစ်ရင် လွန်ခဲ့တဲ့ (၃) လ မတိုင်ခင်က အခြေအနေကိုပဲ ပြတယ်။ အမျိုးသား နဲ့ အမျိုးသမီး အိမ်ထောင် မပြုမီမှာလဲပဲ နှစ်ယောက်လုံးက သွေးစစ် သင့်ကြတယ်။

HIV/AIDS ရောဂါ အကောင်း-အဆိုး သိချင်ရင် စမ်းသပ်တဲ့ နည်းတခုကို CD4 (Cluster of differentiation 4) လို့ ခေါ်တယ်။ အလွယ်ခေါ် T4 count; T-helper cells; T-suppressor cells; Cytotoxic T-cells နဲ့ တရားဝင် အခေါ်က CD4 lymphocyte count; CD8 lymphocyte count; CD4/CD8 ratio; CD4 percent ဖြစ်တယ်။

CD4 Count
လူတိုင်းမှာ ခုခံနိုင်စွမ်း ရှိအောင် လုပ်ပေးနေတဲ့ (ဆဲလ်) တွေ အမျိုးမျိုးရှိတဲ့ထဲမှာ Lymphocyte ခေါ်တဲ့ သွေးဖြူဥတမျိုး ပါတယ်။ HIV ပိုးဝင်လာရင် T-cells ကို တိုက်ခိုက်တယ်။ CD4 က T cells ထဲကို HIV-1 ၀င်လာစေဘို့ “ဧည့်ကြို” တာဝန် ယူသလို ဖြစ်တယ်။ အဲဒီ (ဆဲလ်) တွေကို အသုံးချပြီး၊ ပုံတူပွါးတာမို့ ခုခံအားစနစ်ကို ဖျက်ဆီးရာ ရောက်စေတယ်။ ဒါ့ကြောင့် ဒီ (ဆဲလ်) တွေ နည်းနေတာဟာ ခုခံစွမ်းအားတွေ ကျဆင်းတယ်လို့ သွယ်ဝှိုက်ပြီး ပြောတယ်။

ရောဂါ ဖြစ်စပိုင်းမှာတော့ လူဟာ ပျက်စီး-ပြောင်းသွားတဲ့ CD4 cells ကို အစားထိုး ပေးနိုင်သေးတယ်။ နောက်ပိုင်းကြ ဒီလို မလုပ်နိုင်တော့ဘူး။ CD4 cells တွေ နည်းလာလေလေ ခုခံအားကျလေဘဲ။ နောက်ဆုံး ဘာဆိုဘာမှ မခုခံနိုင်တော့ပါ။

CD4 Count ကို တခါထဲ စမ်းရတာ မဟုတ်ပါ။ နောက်စမ်းရင် အဖြေ မတူတာတွေ ထွက်မယ်။ ယှဉ်ကြည့်ရတယ်။ တယောက်ထဲမှာတောင် မနက်ခင်းမှာ ညနေထက် နည်းတတ်တယ်။ HIV မဟုတ်ဘဲ နူမိုးနီးယား၊ ရေယုံ၊ တုပ်ကွေးတို့လို ရောဂါ တခုခု ရနေရင်လည်း CD4 count ခဏတဖြုတ် နည်းတယ်။ ကင်ဆာဆေး သောက်နေရရင်လည်း နည်းတယ်။

ပုံမှန် CD4 counts 500-1500/mm3 အတွင်းရှိတယ်။ ဓါတ်ခွဲခမ်း တခုနှင့်တခု မတူပါ။ 500-1200 x 106/L လို့ သတ်မှတ်တာလဲ ရှိတယ်။ CD4 Count 200 cells/mm3 ရှိတာတွေ့ရင် AIDS ရောဂါသည်လို့ ပြောတယ်။ ARV ဆေးကို တချို့ ဆေးရုံတွေက 350 cells/mm3 ရှိကတည်းက ရောဂါလက္ခဏာ ရှိရှိ-မရှိရှိ ဆေးပေးတယ်။ CD4 နည်းပေမဲ့ ကျန်းမာနေသူလဲ ရှိတယ်။ မနည်းပေမဲ့ နေမကောင်း ဖြစ်နေသူလဲ ရှိပြန်သေးတယ်။

HIV viral load test ခေါ်တဲ့ သွေးထဲမှာ ဒီဗိုင်းရပ်စ်တွေ ဘယ်လောက်ရှိနေသလဲ သိတဲ့ စမ်းသပ်မှုနဲ့ပါ တွဲမှ ရောဂါ ဆိုးလာတာ၊ ဆေးထိရောက်တာ ဆိုတာ ပိုသေခြာတယ်။ CD4 ဟာ HIV ပိုးက ဘယ်လောက် ဖျက်ဆီးထားပြီလဲ ဆိုတာကို သိစေနိုင်ပြီး၊ Viral load ကတော့ သွေးထဲမှာ HIV ပိုး ဘယ်လောက် များများ ရှိနေသလဲကို သိစေတယ်။ Viral load များနေတာ မကောင်းဘူး။ 100,000 ကျော်ရင် ဆေးကုပါ။

HIV ရှိရင် CD4 အရေအတွက် ကျဆင်းတယ်။ ARV ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။ CD4 နဲ့ Viral load (VL) ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။ ၁၀% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့ ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) က CD4 လောက်တော့ မတိကျပါ။

အခြေခံ အကျဆုံးအချက်ကို ပြောရရင် “ဆေးစစ်နည်းတွေဆိုတာ လူတွေလိုဘဲ Perfect မဖြစ်ကြပါ။”

Condom (ကွန်ဒွမ်)
လိင်ဆက်ဆံမှု ပြုတိုင်း Latex condom (ကွန်ဒွမ်) ကို စနစ်တကျ သုံးခြင်းဟာ HIV ကို ကာကွယ်နိုင်တဲ့ တခုထဲသော အကောင်းဆုံးနည်း ဖြစ်တယ်လို့ UNAIDS, WHO, UNFPA ဆိုတဲ့ နိုင်ငံတကာ အမြင့်ဆုံး ကျန်းမာရေး အဖွဲ့ အစည်းတွေက ထောက်ခံချက် ပေးထားတယ်။ ၉၈% ထိရောက်တယ်။ (ကွန်ဒွမ်) ကို ရည်ရွယ်ချက် ၂ ခုအတွက် သုံးရတယ်။
1. ကိုယ်ဝန်ရမှာကို တားဘို့နဲ့
2. HIV အပါအ၀င် STD လိင်ကတဆင့် ကူးစက်မဲ့ (ဆစ်ဖလစ်၊ ရေယုံ၊ ကလာမိုင်ဒီးယား၊ ဂနိုရီးယား၊) ရောဂါ မှန်သမျှတွေကို ကူးစက်မလာအောင် ကာကွယ်ဘို့ ဖြစ်တယ်။
ဒါပေမဲ့ Genital warts လိင်လမ်း ကြွက်နို့ နဲ့ Genital herpes လိင်လမ်း ရေယုံတွေကိုတော့ မကာကွယ်နိုင်ဘူး။

(ကွန်ဒွမ်) ကို သုံးတာလဲ စဉ်ဆက် မပြတ်စေရဘူး။ အသုံးပြုနည်းလဲ မှန်ရမယ်။ နည်းအမှန်ဆိုတာ ဘာလဲ။ လိင်တခါ ဆက်ဆံတိုင်း (ကွန်ဒွမ်) အသစ်ဖြစ်ရမယ်။ (ကွန်ဒွမ်) ကို (ဗဂျိုင်းနား-ပါးစပ်-စအို) နဲ့ ထိစပ်မှု မရှိသေးခင် ကျားအင်္ဂါ သန်မာတာနဲ့ စွပ်ရမယ်။ စွပ်တဲ့အခါ၊ (ကွန်ဒွမ်) ရဲ့ အရင်းကို လက်နဲ့ ကိုင်ပြီး၊ လိင်တံတခုလုံးအပေါ် ဖုံးပေးပါ၊ လေ မခိုစေအောင် ဂရုစိုက်ပါ၊ အဖျားမှာတော့ ထွက်လာမဲ့ သုတ်ရည်အတွက် နေရာ ကျန်နေပါစေ။ ဒီနေရာက လွဲရင် လိင်တံ တခုလုံးပေါ်မှာ သပ်သပ်ရပ်ရပ် ကပ်နေအောင် ရှိပါစေ။

Latex condoms ဆိုရင် ချောဆီ မလိုပါ။ မဟုတ်ရင် Water-based lubricants ရေအခြေခံ-ချောဆီကိုသာ သုံးပါ။ K-Y Jelly က အကောင်းဆုံး ဖြစ်တယ်။ ဆီအခြေခံ Oil-based lubricants, Petroleum jelly, Vaseline (ဗက်ဆလင်း)၊ Hand lotion, Baby oil ကအစ တခြား ဘယ်ဆီ အမျိုးအစားကိုမှ မသုံးရပါ။ Silicone lubricant က အ၀တ်အစားကို စွန်းထင်းစေတယ်။

Ejaculation သုတ်ရည် ထွက်ပြီးတာနဲ့ ကျားအင်္ဂါ နဂိုအနေ ပြန်မကျခင်မှာ (ကွန်ဒွမ်) ကို ချွတ်ပါ။ ချွတ်တဲ့အခါ အထဲက သုတ်ရည်တွေ တစက်မှ ဖိတ်မကျစေပါနဲ့။ မ-အင်္ဂါထဲ ကျွတ်ကျန် မနေစေပါနဲ့။ တယုတယ ကိုင်ပြီး ချွတ်ပါ။

မထိရောက်မှု
ကိုယ်ဝန် မတားနိုင်တာ၊ ရောဂါ မတားနိုင်တာ ဘယ်လောက် ရှိတယ်ဆိုတာ သုတေသန ရလဒ်တွေ မတူကြပါ။ (ကွန်ဒွမ်) အမျိုးအစား၊ အရည်အသွေး၊ စွပ်နည်း-ချွတ်နည်း၊ အချိန်၊ စဉ်ဆက်မပြတ် သုံးတာ ဟုတ်-မဟုတ်၊ (ကွန်ဒွမ်) မသုံးခင် ကတည်းက ရောဂါ-ကိုယ်ဝန် ရှိနေ-မနေ၊ စတာတွေပါ ထည့်စဉ်းစားရတယ်။

(ကွန်ဒွမ်) အရည်အသွေး
ခပ်ညံ့ညံ့ နိုင်ငံတွေမှာ မတော်တဲ့လူတွေ နဲ့ ခပ်ပေါပေါ ပစ္စည်းတွေသာ များတယ်။ အမေရိကားမှာ Food and Drug Administration (FDA) က အသိအမှတ်ပြုမှ ရောင်းခွင့်ရှိတယ်။ ဥရောပ မှာတော့ CE Mark ပါရတယ်။ တကမ္ဘာလုံးမှာ ဆိုရင် International Organization for Standardization (ISO) အမှတ်ပါမှ စိတ်ချနိုင်တယ်။ UK မှာ ဒါမျိုးတွေ မပါပေမဲ့ Kitemark, British Standard Kite Mark BS EN 600 ဆိုရင် ကောင်းတယ်။ WHO ကလဲ ဘယ်လို စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရမယ် ဆိုတာ သတ်မှတ် ပေးထားတယ်။

အပိုလုပ်ပေးထားတဲ့ အရောင်၊ အနံ့ စတာတွေက ကျန်းမာရေးအတွက် သက်ရောက်မှု မရှိပါ။ Latex condom ကို အများဆုံး သုံးတယ်။ သူနဲ့ မတည့်သူတွေက Polyurethane Condom သုံးရတယ်။ Female Condom အမျိုးသမီး သုံးလဲ ရှိတယ်။ Polyurethane နဲ့ လုပ်ထားတာပါ။ ကွင်း ၂ ခုပါတယ်။ Invisible Condom မမြင်နိုင်တဲ့ (ကွန်ဒွမ်) ဆိုတာ ကနေဒါမှာ ထုတ်လုပ်ဘို့ ကြိုးစားနေတယ်။ အရည်တမျိုးကနေ Barrier gel ဖြစ်လာစေပြီး အကာကွယ် လုပ်ပေးမှာမျိုး ဖြစ်တယ်။ ရောဂါပိုးတွေကိုရော သုတ်ပိုးကိုပါ သေစေမယ်။ Spray on Condom ဆေးပန်း (ကွန်ဒွမ်) ကို ဂျာမနီမှာ စမ်းနေတယ်။ တချို့ (ကွန်ဒွမ်) တွေမှာ Spermicide သုတ်ပိုးသေဆေး ပါတယ်။ Foam ဒါမှမဟုတ် Cream အနေနဲ့ သုတ်ထား ပေးတာမျိုး။ ကိုယ်ဝန် မရမှာကို ပိုသေခြာအောင် လုပ်တာပါ။

သုံးနေရင်းနဲ့ (ကွန်ဒွမ်) ပေါက်သွားရင်
ရောဂါကာကွယ်ဘို့ သုံးသူက (ကွန်ဒွမ်) အသစ်လဲရမယ်။ ကိုယ်ဝန်တားဘို့ သုံးသူဆိုရင် အရေးပေါ်တားနည်း Emergency contraceptive (EC) လုပ်ရမယ်။ ကိုယ်ဝန်တားဆေး တခုခု သုံးနေသူတွေလဲ တကယ်လို့ ကိုယ့်အဖေါ်ရဲ့ အကြောင်း မသိရင် ရောဂါတွေ ကာကွယ်ဘို့ (ကွန်ဒွမ်) ကိုပါ သုံးရပါမယ်။ တကယ်လို့ HIV ပိုးရှိနေသူနဲ့ ဆက်ဆံနေရင်း (ကွန်ဒွမ်) ပေါက်ပြဲသွားရင် Antiviral therapy ဆေး သောက်ရပါမယ်။

လိင်လမ်းတမျိုး (ဗဂျိုင်းနား) မှာ သုံးပြီးသားကို နောက်တလမ်း (စအို) အတွက် (ကွန်ဒွမ်) အသစ်သုံးဘို့နဲ့ Group အုပ်စုလို အဆန်းအပြား ကစားကြရာမှာလဲ တယောက်အတွက် သုံးထားတာကို နောက်တယောက်အတွက် အသစ် ဖြစ်ရပါမယ်။ သုံးပြီးသားကို စွန့်ပြစ်တဲ့အခါ တစ်ရှူးနဲ့ပတ်ပြီး၊ အမှိုက်ပုံးထဲ ပြစ်ပါ။ Toilet ထဲ မပြစ်ရပါ။ Biodegradable မဟုတ်ပါ။

HIV ပိုးရှိတဲ့ သူနဲ့ အတူနေခြင်း
HIV ပိုးရှိတဲ့သူနဲ့ တအိမ်ထဲ နေရတာဟာ ပိုးမရှိသူနဲ့ နေရတာနဲ့က ဘာမှ သိပ်မထူးလှပါ။ ပုံမှန်-သာမန် ထိတွေ့မှုတွေ ကြောင့်တော့ ဒီရောဂါပိုး ကူးတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ အရမ်းကာရောတော့ မဟုတ်ပါ။
• အိမ်မွေး တိရစ္ဆာန်တွေ၊ ခြင်၊ ယင်၊ ပိုးဟပ်၊ ကြမ်းပိုးတွေကနေတဆင့် မကူးစက်နိုင်ပါ။
• ပိုးရှိသူရဲ့ သွေးနဲ့ ထိတွေ့မိတဲ့ အရေပြားမှာ ပွန်းပဲ့တာ မရှိရင်တော့ အရေပြားကို ဖောက်ပြီး မ၀င်နိုင်ဘူး။
• Social kiss သာမန် နမ်းရုံနဲ့တော့ မကူးပါ။ Lip kiss ပါးစပ်ခြင်းနမ်းတဲ့အခါ ပါးစပ်မှာ အနာရှိနေရင်၊ သွားဖုံးသွေး ယိုနေရင်၊ ကြမ်းကြမ်းတမ်းတမ်း နမ်းလို့ ပွန်းပဲ့ပြီး သွေးထွက်လာရင် ကူးစက် နိုင်တယ်။
• ဒဏ်ရာ အနာတရ၊ ပွန်းပဲ့နာမျိုးရှိနေသူမှာ အဲဒီနေရာကို ရောဂါပိုးရှိသူရဲ့ သွေးနဲ့ ထိတွေ့မိရင် ကူးစက်နိုင်တယ်။
• ရောဂါရှိတဲ့ လူမမာကို ပြုစုတဲ့အခါ လူနာရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ (ဥပမာ အနာက ထွက်တဲ့ အရည်၊ ချွဲ၊ သလိပ်) တွေထဲမှာ ရောဂါပိုး အနည်းအကျဉ်း ပါနိုင်လို့ ကိုင်တွယ်တဲ့အခါမှာ လက်အိတ်နဲ့ ကိုင်တွယ်ပါ။ ပြီးရင်လဲ လက်ကို ချက်ချင်း ဆေးပါ။
• ဒဏ်ရာတွေ အနာတွေ ရှိရင် လုံအောင် ပတ်တီး စီးထားပါ။
• သွားတိုက်တံ၊ လက်သည်းညှပ်၊ နဲ့ မုတ်ဆိတ်ရိတ် ကိရိယာတွေကို မျှပြီး မသုံးပါနဲ့။
• ဆေးထိုးအပ်တွေကို ဖြုတ်ခြင်း တပ်ခြင်း မပြုလုပ်နဲ့။ အပ်တွေကို ကလေးရှိရာ နေရာတွေမှာ မထားပါနဲ့။

HIV positive ကိုယ်ဝန်ဆောင်
HIV ပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင် မိခင်ကနေ မွေးလာမဲ့ ကလေးကို ကူးစက်နိုင်တဲ့ အခွင့်အလမ်း ၁၅-၃၀% ရှိတယ်။ ကူးနိုင်တဲ့ နည်းတွေက -
(၁) ကိုယ်ဝန်ဆောင်နေတုံး၊
(၂) မွေးဖွါးဖြစ်စဉ် ဖြစ်နေတုံး (၁၀-၂၀%) နဲ့
(၃) နို့တိုက်နေတုံး (၁၀-၁၅% ထပ်ဆောင်းတယ်) ကနေ ဖြစ်နိုင်တယ်။

ကိုယ်ဝန်ဆောင်နေတုံး အချင်းကနေ သန္ဓေသားဆီ များသောအားဖြင့် မရောက်ပါ။ မိခင်က ကျန်းမာရေး ကောင်းနေရင် အချင်းက အကာကွယ် ပေးရာတောင် ကျသေးတယ်။ ဒါ့ကြောင့် (၁) မိခင်လောင်းက အစာအာဟာရ ကောင်းကောင်း စားဘို့ လိုတယ်။ (၂) တခြားရောဂါ (ငှက်ဖျား၊ တီဘီ၊ ဆီးအောင့်၊) မ၀င်အောင် ဂရုစိုက်ရမယ်။ (၃) မိခင်က HIV ဆေးကုနေရင် ကလေးကို ကူးစရာအခွင့်အလမ်း ၂% သာရှိလို့ ဆေးကုပါ။

ဒီလိုဖြစ်တဲ့ သား-အမိကို ချက်ချင်း ဆေးကုရမယ်။ ARV (Nevirapine or Zidovudine) ဆေးပေးရမယ်။ Nevirapine ဆေးကို မွေးဖွါးနေတဲ့မိခင်ကို တလုံး၊ ကလေးကို ၇၂ နာရီအတွင်း ၁ လုံးပေးရမယ်။ Zidovudine ဆေးကို ကိုယ်ဝန် ဆောင်နေတုံး မမွေးခင် ၆ လမှာ ပေးထားရင် ကူးစက်တာ နည်းစေတယ်။

အမေရိကားမှာ ဒီဆေးကို စသုံးခဲ့ပြီး၊ အခု တခြားဆေးနဲ့ တွဲပေးနေတယ်။ ဆေးကို ကိုယ်ဝန် ၃ လနောက်ပိုင်းမှာ ပေးတယ်။ ဘာအကာအကွယ်မှ လုပ်မထားရင် ကလေးဖွါးနေတုံးမှာ မိခင်ကနေ ကလေးကူးဘို့ ၁၀-၂၀% ရှိတယ်။ သွေးနဲ့ ရေမြွှာရည်နဲ့ ထိရင် ကူးတယ်။ ဒါ့ကြောင့် ရေမြွှာအိတ်ကို စောပြီးဖေါက် မွေးမပေးရဘူး။ Episiotomy မွေးလမ်းချဲ့ မွေးတာလည်း ရှောင်ရမယ်။ LSCS ခွဲမွေးနည်းက ကူးစရာလမ်း နည်းစေတယ်။

ပိုးရှိမိခင်က နို့တိုက်လို့ ကလေးကူးရတာ ၁၅% ရှိတယ်။ နို့စောစော ဖြတ်သင့်တယ်။ နို့မတိုက်လေ ကူးဘို့အခွင့် နည်းလေ။ မကြာသေးခင်ကဘဲ HIV ပိုးရှိသူ မိခင်တွေက နို့တိုက်တာကို WHO က တားမြစ် လိုက်တယ်။ မအေကို ဆေးကုသမှု ခံဘို့နဲ့ ကလေးမှာ ရောဂါပိုး ရှိ-မရှိ စောနိုင်သမျှ စောပြီး (၆ ပတ်အတွင်း) ဆေးစစ်ဘို့ပါ အကြံပြုတယ်။ ကလေးက ရောဂါပိုးရှိလို့ စောစော ဆေးမကုရင် ၂ နှစ်ထက် အသက် မရှည်ဘူး။

ကလေးတွေမှာ အများအားဖြင့် အသက် ၈ လခန့်မှာ ရောဂါလက္ခဏာတွေ ပေါ်လာ တတ်တယ်။ တစ်ခါတစ်လေ မွေးပြီး မကြာခင် စပေါ် နိုင်တယ်။ လက္ခဏာတွေက -
• ကလေးကြီးထွားမှု မရှိခြင်း၊ ကြီးထွားမှု နှေးကွေးမယ်၊
• အသည်း၊ ဘေလုံး၊ အကျိတ်များ ကြီးထွားနေမယ်၊
• မကြာခဏ ဖျားခြင်း၊ ကူးစက်ရောဂါများ ခံစားရခြင်းစတဲ့ လက္ခဏာတွေ တွေ့ရတတ်တယ်။

သံမဏိ စည်းမျဉ်း ၅ ချက်
1. အခြေအနေမှန်ကို ရှင်းရှင်း သိနေကြအောင် ပွင့်ပွင့်လင်းလင်း ပြောပါ။ စိုးရိမ်တာ ရှိသမျှ ထုတ်ပြောပါ။ တယောက် အပေါ် တယောက် ရိုးသားပါ။ ကိုယ်ထင်တာကို တရားသူကြီးလုပ်ပြီး ဆုံးဖြတ်ချက် မချပါနဲ့။
2. အကြောက် မလွန်ပါနဲ့။ မီးဖိုနဲ့ အိမ်သာ အတူသုံးရတာနဲ့ ပိုးက ကိုယ့်ဆီ ကူးမလာနိုင်ပါ။ အတူနေလေ့ရှိကြတဲ့ ညီအကိုလို၊ မောင်နှမလို၊ သားအမိ-သားအဖလို၊ အခန်းကို (ရှယ်) လုပ်နေလေ့ရှိတဲ့ သူငယ်ချင်းလို နေကြတာက စိုးရိမ်စရာ နတ္ထိပါ။
3. HIV အကြောင်း ကျန်းမာရေး-လူမှုရေး သုတတော့ လေ့လာထားကြပါ။ တိတိပပ ပြောပါ့မယ်၊ “သွေး၊ မိခင်နို့၊ ကျား-သုတ်ရည်၊ မ-ဗဂျိုင်းနားက အရည်၊ ” ဤလေးမည်ကနေသာ ကူးပါတယ်။ လက်ခြင်းထိ၊ ပါးခြင်းအပ်၊ ကျောခြင်း ကပ်ယုံနဲ့ လုံးဝမကူးပါ။ သွားထိလို့ ဓါတ်လိုက်မှာလား ကြောက်စရာ မထားပါနဲ့။ စာအတူ ဖတ်ပါ၊ တီဗွီအတူ ထိုင်ကြည့်ပါ။ ထမင်း တစားပွဲထဲ ထိုင်စားပါ။ ညောင်းလို့ နှိပ်နင်းပေးလဲ ရောဂါ မရပါ၊ ကုသိုလ်သာ ရပါမယ်။
4. သူ့ အတွင်းရေး-လုံခြုံမှုကို လေးစားပါ။ တစိမ်းတရံတွေကို “သူကရောဂါသည်” လို့ မလိုအပ်ဘဲနဲ့၊ နှိမ်ချင်တဲ့ သဘောနဲ့ မပြောပါနဲ့။
5. စည်းကမ်း-ကလနား သတ်မှတ်ထားပါ။ ကိုယ့်ပစ္စည်း လာသုံးတာကို အပြတ်ငြင်းပါ၊ အားမနာပါနဲ့။ ဆောရီး လောက်နဲ့ မရပါ။ ပိုးရှိသူကနေ ချတဲ့ စည်းကမ်းကိုလည်း တခြားလူတွေက လိုက်နာကြပါ။

ဒီလိုရောဂါအတွက် အင်မတန် စိတ်ထားမြင့်တဲ့ “ဆိုရှယ်-၀ပ်ကားစ်” တွေ ဖြစ်နိုင်ကြပါတယ်။ ဆရာဝန်တွေမှ မဟုတ်ပါ၊ နိုင်ငံလှည့်ပြီး၊ ကမ္ဘာလှည့်ပြီး၊ ရောဂါကာကွယ်ရေး အသိပေးသူတွေ မနည်းပါ။

Dr. တင့်ဆွေ
၂၈-၁၁-၂၀၁၀
ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့

ကိုယ့်စက်ထဲက hardware အမျိုးစားတွေကိုလွယ်လွယ်သိနိုင်ဖို့




ကျနော်တို့ စက်ထဲမှာ တပ်ဆင် သုံးစွဲနေတဲ့ hardware အမျိုးအစားတွေ ဘာတွေ လဲဆိုတာကို
သိချင်ရင် ဒီ cpuid ဆိုတာလေးနဲ့ ကြည့်လို့ရပါတယ်၊၊ကို့ စက်က processor ကဘာလဲ RAM က ဘယ်
လောက်လဲ ၊၊ဘာ Type လဲ၊၊ကိုသုံးနေတဲ့ VGA က ဘာအမျိုးစားလဲ Memory ဘယ်လောက်လဲ ဆို
တာကိုလွယ်လွယ်ကြည့်လို့သိနိုင်တဲ့ အပြင် စက်က လက်ပတ်နေတဲ့ fan speed တွေက အစ ကြည့်နိုင်
လို့ အတော် အသုံးဝင်ပါတယ်၊၊ဒါလေးကိုရမ်းပြီး ကိုယ့်စက်က ဘာသုံးနေလဲ ဘာအမျိုးစားတွေလဲဆို
တာကို သိနိုင်ပါပြီဗျာ..အောက်မှာ ဒေါင်းယူလို့ရပါပြီ..







ဒေါင်းယူရန် (၃မက်)












(အဆင်ပြေတဲ့ လင့်တခုကနေ ဒေါင်းလုပ်ယူရင် ရပါပြီ၊၊ကျနော် စမ်းလုပ်ထားတာကို ကြည့်ချင်ရင် အောက်
မှာကြည့်ရှု့နိုင်ပါတယ်၊၊)





http://www.youtube.com/watch?v=79oRkdzZGo8
-
ဒေါင်းပြီး မှကြည့်ချင်တဲ့ သူများတွက် ziddu ကနေ တင်ပေးလိုက်ပါတယ်၊၊
-
http://www.ziddu.com/download/12737119/cpuforhardware.wmv.html


Source; http://kaunglaynge.net

-

Sunday, November 28, 2010

ဖတ်စရာများ

ဝတ္ထုများကို ခေါင်းစဉ်ကလစ်ပြီးဖတ်ရှုနိုင်ပါတယ် ထိုဝတ္ထုများကိုဖတ်ရှုရန် မိတ်ဆွေတို့အသုံးပြုသောကွန်ပျူတာတွင် adobe reader software ထည့်သွင်းထားရန်လိုအပ်ပါတယ်  Download adobe reader


ဝတ္ထုများ(အမျိုးသားစာရေးဆရာများ)

ဝတ္ထုများ (အမျိုးသမီးစာရေးဆရာများ)

မြန်မာသီချင်း အယ်လ်ဘမ်းများ

ပါဝင်သော သီချင်းနာမည်များကြည့်ရန်

ဒေါင်းလော့လုပ်ရန်

No - Unplugged

ဘ၀သစ်ရဲ့မာတိကာ - Reason ( အောင်လ )

နင်ယုံကြည်တဲ့အချိန် - ထက်နေကြည်

Part -1

Part - 2

Part - 3

အွန်လိုင်းအချစ်သီချင်းများ

ဘာလာလာ - ၁

ဘာလာလာ - ၂

မျိုးကြီး သီချင်းများစုစည်းမှု

မျိုးကြီး - ယူလိုက်

မျိုးကြီး - ကျောက်စာများ