Tuesday, November 30, 2010

”တာရှည်ဆေးသောက်ရတဲ့အခါ……”

၁။ မိမိသောက်မယ့်ဆေးဟာ ဘယ်အချိန်မှာ သောက်ရမယ့်ဆေးလဲဆိုတာကို သေသေချာချာသိရအောင် ကြိုးစားထားသင့်ပါတယ။် မနက်ပိုင်းသောက်ရမယ့်ဆေး၊ ညနေသောက်ရမယ့်ဆေး၊ အစာနဲ့တွဲသင့်လား၊ အစာမပါဘဲ သောက်ရ မလားဆိုတာကို သေသေ ချာချာ သိထားဖို့လိုပါတယ်။
၂။ သောက်ရမယ့်ဆေးဟာ တစ်မျိုးထက်ပိုတယ်ဆိုရင် ဒီဆေးနဲ့ပတ်သက်တဲ့ အချက်တွေကို ချရေးထားပါ။ တမျိုးနဲ့တမျိုး သတိထားရမယ့် အချက်တွေက ကွာခြားတတ်ပါတယ်။ အဲဒီလိုမှတ်တမ်းလေးနဲ့ခွဲရေးထားရင် သူတို့နဲ့ပတ်သက်တဲ့ အကြံပြုချက်တွေ ဟာ မရောထွေးတော့ပါဘူး။
၃။ ဆေးသောက်ဖို့အကြံပေးထားတဲ့အချိန်နဲ့ မိမိအပြုအမူတို့ကို ချိန်ဆကြည့်ပါ။ တချို့ဆေးတွေဟာ အိပ်ငိုက်ခြင်းတွေကို ဖြစ်စေတတ်ပြီး တချို့ကတော့ ခေါင်းမူးစေတတ်ပါတယ်။ မိမိဆေးသောက်မယ့်အချိန်မှာ တခြားအန္တရာယ်ဖြစ်စေတဲ့ အပြုအမှုမျိုးကို ရှောင်ဖို့လိုပါတယ်
၎။ တချို့ဆေးတွေဟာ အချိန်အတိအကျသောက်ဖို့လိုပါတယ်။ အချိန်နာရီအတိအကျခြားပြီး သောက်ရမယ့် ဆေးတွေရှိ နေပါတယ်။ တချို့ဆေးတွေကတော့ သီးခြားညွှန်ကြားချက်တွေလိုအပ်ပါတယ်။ ဆေးတွေ အကောင်းဆုံးအလုပ်လုပ်မယ့် အချိန်နဲ့ ဆေးသောက် မယ့်အချိန် အံ့ကိုက်ဖြစ်အောင် စဉ်းစားထားရပါမယ်။
၅။ ဆေးသောက်ပြီး၊ မပြီးကို သိနိုင်တဲ့ အမှတ်အသားကိုထားပါ။ ဒီနေ့အတွက်ဆေးသောက်ပြီးပြီလား၊ မနေ့ကရော သောက်ခဲ့လား ဆိုတာကို တိတိကျကျသိနိုင်ဖို့ ပြက္ဒဒိန်မှာ အမှတ်ခြစ်ထား၍လည်း ရနိုင်ပါတယ်။
၆။ ဆေးသောက်ချိန်မှန်အောင် နိုးစက်ထားပေးပါ။ အထူးသဖြင့် တနေ့ကို တစ်ကြိမ်ထက်ပိုသောက်ရမယ့်ဆေးတွေအတွက် ဒီနည်းလမ်းဟာ အတော်လေးကို အထောက်အကူပြုပါတယ်။
၇။ ဆေးသောက်ပြီးချိန်မှာ ကြုံတွေ့လာရတဲ့လက္ခဏာတွေကို မှတ်သားထားပါ။ ဆေးပမာဏအပြောင်းအလဲ၊ ဘေးထွက် ဆိုးကျိုး၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို တွဲပြီး မှတ်သားပေးပါ။ တကယ်လို့ ဆီး၊ ဝမ်း၊ သွေးသကြား စစ်ရတဲ့ လူနာမျိုးဖြစ်နေရင်လည်း အဖြေတွေကို မှတ်သားထားပါ။
၈။ ဆေးတွေကို မြင်သာတဲ့နေရာမျိုးမှာ ထားပါ။ အလွယ်တကူမြင်နိုင်တဲ့မြင်ကွင်းမျိုးမှာ ထားရင် ဆေးသောက်ဖို့ မမေ့နိုင်တော့ပါဘူး။ ဒါပေမယ့် မိမိဆေးထားမယ့် နေရာဟာအပူ၊ အအေးမျှတဖို့လိုပါတယ်။ ရေခဲသေတ္တာထဲထား ရမယ့်ဆေးမျိုးဆိုလျှင်လည်း ညွှန်ကြားထားတဲ့အတိုင်းသိမ်းဆည်းရပါတယ်။ အဓိက အချက်ကတော့ ဆေးတွေကို ကလေးတွေနဲ့ လက်လှမ်းမမီတဲ့ နေရာမျိုးမှာသာ ထားပေးဖို့ပါ။
.
နှင်းနုလွင် (ဆေးဝါး)
Good Health Journal