Wednesday, November 3, 2010

video တွေကို လိုသလို လွယ်လွယ်လေးဖြတ်မယ်...

Naturpic Video Cutter 5.20+serial
video တွေကို ဖြတ်ချင်တောက်ချင်ပါတယ် ဆိုတဲ့သူတွေအတွက်ပါ ...။
ဘယ်လိုဖြတ်ရမယ်ဆိုတာ Software လေးနဲ့တကွ အောက်မှတစ်ဆင့်ခြင်း ရှင်းပြပေးသွားပါ့မယ်...။
ပထမဆုံးအနေနဲ့ Naturpic Video Cutter 5.20 ကို ဒီကနေ သွားပြီး Download လုပ်လိုက်ကြပါခင်ဗျာ..။
ကဲဒီမှာစပြီဗျာနော....
Naturpic Video cutter ကို Install လုပ်ပါ...
Desktop ပေါ်က Naturpic Video cutter ရဲ့ icon ကို doubel click ပြီးရင် အောက်ကပုံအတိုင်းတွေ့ရပြီဆိုရင်တော့ ပြထားတဲ့ folder ပုံလေးကိုကလစ်လိုက်ပါ နောက်တစ်ဆင့်ကြည့်မယ်နော်..
အထက်ကပုံထဲကအတိုင်း ကလစ်ပြီးရင်အောက်ကပုံထဲကအတိုင်း ကိုယ်ဖြတ်ချင်တဲ့ Video file ကို နံပါတ် (၁) ကလို ကလစ် ပြီးရင်တော့ နံပါတ် (၂)ကလို open ပေါ့ဗျာ...။
အောက်ကပုံထဲကအတိုင်း video file ဝင်လာတာနဲ့ play ကလစ်ပေါ့....
အောက်ကပုံအတိုင်း click ဆိုတဲ့နေရာမှာတော့ ကိုယ်ပေးချင်တဲ့ video ရဲ့အစ နေရာကို click ထားပေးဘို့ပါ...
ဒီclick ဆိုတာမှာတော့ ကိုယ့် အဆုံးပေးချင်တဲ့နေရာကို ရောက်တာနဲ့ click ပေးရပါ့မယ်........
အပေါ်က အဆင့်တွေပြီးရင်တော့ အပိုအလိုတွေကိုဖြတ်တောက်ပြီးသား video file ကိုရလာပါပြီ အောက်ကပုံထဲကအတိုင်း click ဆိုတဲ့နေရာကို ကလစ်ပြီး save လုပ်လိုက်ပါ ပြီးရင်တော့ စာဖတ်သူ စိတ်ကြိုက် ဖြတ်တောက်ထားတဲ့ Video ကိုရရှိမှာ ဖြစ်ပါတယ်....။
ဒီလောက်ဆိုရင်တော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ် .......

Source;FOREVER FRIENDS ထာဝရသူငယ်ချင်းများ