Wednesday, November 10, 2010

သောမတ် အက်ဒီဆင်

 From Myanmar Online Encyclopedia
Jump to: အညွှန်း​, ရှာဖွေရန်
သောမတ်စ်အယ်ဗာအက်ဒီဆင်
Thomas Alva Edison

"Genius is one percent inspiration, ninety-nine percent perspiration."
– Thomas Alva Edison, Harper's Monthly (September 1932)
Born February 11, 1847(1847-02-11)
Milan, Ohio
Died October 18, 1931 (aged 84)
West Orange, New Jersey
Occupation inventor, scientist, businessman
Religious beliefs Deist
Spouse(s) Template:Marriage
Template:Marriage
Children Marion Estelle Edison (1873–1965)
Thomas Alva Edison Jr. (1876–1935)
William Leslie Edison (1878–1937)
Madeleine Edison (1888–1979)
Charles Edison (1890–1969)
Theodore Miller Edison (1898–1992)
Parents Samuel Ogden Edison, Jr. (1804–1896)
Nancy Matthews Elliott (1810–1871)
သောမတ် အယ်လ်ဗာ အက်ဒီဆင်သည် အမေရိကန် တီထွင်သူ၊ သိပ္ပံပညာရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ သောမတ် အက်ဒီဆင်အား ၁၈၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု
အိုဟိုင်းယိုးပြည်နယ် မီလန်၌ မွေးဖွားသည်။ အက်ဒီဆင်ကို ငယ်စဉ်၌
စာသင်ကျောင်းသို့ပို့ရာ အဆင်မပြေလှသဖြင့် မိခင်ဖြစ်သူက သူ့ကို
နေအိမ်မှာပင် စာသင်ပေးရန် ဆုံးဖြတ်လိုက်သည်။ သူဖတ်ဖို့
စာအုပ်အများအပြားကို သူ၏ မိခင်က ရှာဖွေပေးခဲ့သည်။
အက်ဒီဆင်သည် သိလိုမြင်လိုစိတ် ပြင်းပြသည့် ကလေးသူငယ် တစ်ဦးဖြစ်သည်။ အမြဲလိုပင် အရာဝတ္ထုများ မည်သို့ဖြစ်တည် ပြောင်းလဲ လှုပ်ရှားနေသည်ကို သူသိချင်နေသည်။ သူ့မိခင်က နေအိမ်၌
လက်တွေ့စမ်းသပ်ခန်းတစ်ခု ထူထောင်ပေးထားသည်။ သူ့လက်တွေ့ခန်းထဲတွင်
သူတီထွင်ထားသည့် အရာများ အတော်များများကို တွေ့ရှိရသည်။

အက်ဒီဆင်၏ လူသိအများဆုံး တီထွင်မှုမှာ လျှပ်စစ်မီးလုံးပင် ဖြစ်သည်။ ထိုခေတ် ထိုအခါက နေအိမ်များ၌​ ဓာတ်ငွေ့ သို့မဟုတ် ရေနံဆီမီးအိမ်များ သုံးစွဲနေချိန်ဖြစ်သည်။ ဈေးသက်သာသော လျှပ်စစ်မီးကို
အသုံးပြုခြင်းအားဖြင့် အလင်းရောင်ရရှိရေး သူအကြိမ်ကြိမ် ကြိုးစားခဲ့သည်။
ဇွဲဖြင့် တီထွင်ခြင်းကြောင့် မျက်မှောက်ခေတ်တွင် လျှပ်စစ်မီးခလုတ်
ဖွင့်လိုက်ရုံမျှဖြင့် အချိန်မရွေး လျှပ်စစ်မီး အလင်းရောင် ရရှိလာခြင်း
ဖြစ်သည်။
သူသည် ပထမဆုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ထောင်ပြီး နယူးယောက်မြို့၌ ၁၈၈၂ ခုနှစ်တွင် စက်ရုံဖွင့်လှစ်သည်။
အက်ဒီဆင်သည် ရုပ်ရှင်ကင်မရာကိုလည်း တီထွင်သည်။ ယနေ့ခေတ် လူနေအိမ်နှင့် စာသင်ကျောင်းများတွင် မြင်တွေ့ရသည့် လျှပ်စစ်ဆိုင်ရာ စက်အများအပြားမှာ သူ့အတွေး၊ သူ့တီထွင်မှုများကြောင့် ဖြစ်သည်။
တီထွင်အောင်မြင်မှုဟူသည် ၁ % သော ဉာဏ်ကွန့်မြူးမှုနှင့် ၉၉ % သော ချွေးထွက်မှုတို့၏ ရလဒ်ဖြစ်သည်ဟု အက်ဒီဆင်က ဆိုသည်။ လူသားအကျိုးပြု လုပ်ငန်းများကို တီထွင်သူ သောမတ် အက်ဒီဆင်သည် အသက် ၈၄ နှစ်အရွယ်တွင်
နယူးဂျာစီပြည်နယ် ဝက်စ်အေရိန့်၌ ၁၉၃၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က
ကွယ်လွန်ခဲ့သည်။
ယနေ့ခေတ်လူ့ဘောင်လောကကို သောမတ်စ်အယ်လ်ဗာအက်ဒီဆင်၏ တီတွင်ပြုလုပ်ခဲ့မှုများက နက်နဲစွာအကျိုးပြုနေလေသည်။
သောမတ်စ်အယ်လ်ဗာအက်ဒီဆင် ကို ၁၈၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အမရိကန်ပြည်ထောင်စု ၊ အိုဟိုင်းယိုးပြည်နယ် ၊ မီလန်မြို့၌် မွေးဖွားခဲ့သည်။ အက်ဒီဆင်သည် ဆမ်မြုရယ်အက်ဒီဆင်ဂျုနီယာ နှင့်
နန်စီအီလိယက်အက်ဒီဆင် တို့၏သတ္တမမြောက်ရင်သွေးဖြစ်ပြီး မောင်နှမမျာအနက်
အငယ်ဆုံးလည်းဖြစ်သည်။

သူ၏မိဘများမှာ လူလတ်တန်းစား ပညာတတ်များဖြစ်ကြသည်။ အက်ဒီဆင် ၇ နှစ်သားအရွယ်ရောက်သော် ဖခင်မှာ Fort Gratiot စစ်တပ်စာတိုက်တွင် သွားရောက်တာဝန်ထမ်းဆောင်ရသောကြောင့် မိသားစုတစ်ခုလုံး မစ်ရှီဂန်ပြည်နယ် ၊
ဟူရွန်ဆိပ်ကမ်း Port Huron သို့ပြောင်းရွှေ့ခဲ့ရလေသည်။
Port Huron တွင်အက်ဒီဆင် ကျောင်းစတက်ခဲ့သည်။ စာသင်ခန်းထဲတွင် အရွယ်အမျိုးမျိုးသော ကျောင်းသား ၃၈ ယောက်နှင့်အတူ ပညာသင်ကြားရလေသည်။ သူ၏ ဆရာ ၊ ဆရာမများက အက်ဒ်ီဆင်အား ဥာဏ်အထိုင်းဆုံးကျောင်းသားအဖြစ်
သတ်မှတ်ကြသည်။

အကယ်၍သာ ယနေ့ခေတ်ကဲ့သို့ စိတ်ပညာ တိုးတက်မှုများ ထိုခေတ်အချိန်က ရှိခဲ့ပါလျှင် အက်ဒီဆင်သည် ADHD (attention deficit hyperactivity disorder) ရောဂါလက္ခဏာ ခံစားနေရသော ကလေးငယ်တစ်ဦးမှန်းသိခဲ့ကြပေလိမ့်မည်။

နားအကြားအာရုံ ချွတ်ယွင်းမှုကြောင့် အက်ဒီဆင် သည် ကျောင်းသင်ခန်းစာများကို လေ့လာဆည်းပူးရာ၌ အခက်အခဲဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းခေါ်ချိန်မမှန်သော ကျောင်းပြေးလေးဖြစ်ခဲ့ပြီး
သူ၏မိခင်က ကျောင်းမှထုတ်ကာ အိမ်မှာပင် စာသင်ပေးခဲ့လေသည်။

အိမ်တွင် စာအုပ် ၊ စာပေများစွာကို ဖတ်ရှုလေ့လာခဲ့သည်။ အက်ဒီဆင်သည် စာကိုအသာငမ်းငမ်းဖတ်တတ်သူဖြစ်လေသည်။ သူ၏မိခင်က ကျမ်းစာသင်ပေးခဲ့သလို ဖခင်ဖြစ်သူက ဂန္ဓ၀င်စာပေများကို ဖတ်ရှုရန်တိုက်တွန်းခဲ့သည်။
အားပေးအားမြှောက်ပြုသည့်အနေဖြင့် စာအုပ်တစ်အုပ်ဖတ်ပြီးသွားတိုင်း
အက်ဒီဆင်အား ၁၀ ပြား ဆုချလေသည်။

မကြာမီမှာပင် အက်ဒီဆင်ဆိုသော ကလေးငယ်သည် ကမ္ဘာ့သမိုင်းကို အထူး စိတ်ဝင်စားခဲ့ပြီး ရှိတ်စပီးယားပြဇာတ်များကို အထူး နှစ်ခြိုက်ခဲ့လေသည်။ ကဗျာများကိုပြန်လည် ရွတ်ဆိုခြင်းနှင့် စာဖတ်ခြင်းသည် သူ၏
အနှစ်သက်ဆုံးအရာများဖြစ်ခဲ့သည်။ အသက် ၁၂ နှစ်အရွယ်တွင် Gibbon's Rise And
Fall Of The Roman Empire, Sears' History Of The World, and Burton's
Anatomy Of Melancholy, The World Dictionary of Science , ESifh
Practical Chemistry စာအုပ်တို့ကိုဖတ်ရှုလေ့လာပြီးဖြစ်နေလေသည်။ သူသည်
နယူတန်၏ရူပဗေဒနိယာမများ ၊ သင်္ချာ နှင့် ဓါတုဗေဒ ဘာသာရပ်များကိုလည်း
အထူးစိတ်ဝင်စားခဲ့သည်။
သူသည် Grand Trunk Railway ဘူတာရုံ၌ သတင်းစာများ၊ သကြားလုံး နှင့်မုန့်များရောင်းခြင်း အလုပ်လုပ်ခဲ့သည်။ ထိုစဉ်ကသူ၏အသက်မှာ ၁၂ နှစ်သာ ရှိသေးသည်။ နေအိမ်မြေအောက်ခန်းထဲတွင် ဓါတုဗေဒဓါတ်ခွဲခန်းတစ်ခုပြုလုပ်ကာ
စမ်းသပ်လေ့လာမှုများပြုလုပ်ခဲ့သည်။

မြေအောက် ဓါတ်ခွဲခန်းမှထွက်လာသော အနံ့ဆိုးများကို သူ၏မိခင်က သည်းမခံနိုင်ဘဲ ဖြစ်နေချိန်တွင် ဘူတာရုံ၌် ကုန်ရထားအလွတ်တစ်ခုကို သူ၏ဓါတ်ခွဲခန်းအဖြစ်အသုံးပြုခွင့်ရခဲ့သောကြောင့် အက်ဒီဆင်သည် သူ၏
အားလပ်ချိန်များအာ်း ဓါတ်ခွဲခန်းတွင်သာ အချိန်ကုန်လေ့ရှိသည်။

တစ်ချိန်တည်းမှာပဲပင် Grand Trunk Herald ဟုအမည်ပေးထားသော အပတ်စဉ်သတင်းစာတစ်စောင်ကိုလည်း ထုတ်ဝေခဲ့လေသည်။ ပြည်တွင်းစစ် မတိုင်မီအချိန်က လင်ကွန်း နှင့် ဒေါက်ကလပ်စ် တို့၏ စကားစစ်ထိုးပွဲများကို
ထည့်သွင်းရေးသားထုတ်ဝေခဲ့သဖြင့် သူ၏သတင်းစာမှာ ရောင်းကောင်းခဲ့သည်။
တစ်နေ့လျှင် သတင်းစာရောင်းရငွေမှာ
၁၀ ဒေါ်လာနှင့်အထက်ရှိလေသည်။

အသက် ၁၄နှစ်အရွယ် မီးရထားဘူတာရုံ၌အလုပ်လုပ်နေစဉ် အက်ဒီဆင်၏ဘ၀ တစ်မျိုးတစ်မည်ပြောင်းလဲရန်အကြောင်းဖန်လာခဲ့သည်။ မီးရထားလာနေစဉို့ပြေးလွှားကစားရင်း မီးရထားလမ်းပေါ်သို့ ပြုတ်ကျသော မီးရထားရုံပိုင်ကြီး၏
ရင်သွေးတစ်ဦးအား အက်ဒီဆင် ကယ်တင်ခဲ့ရာမှ ရုံပိုင်ကြီး က
ကျေးဇူးဆပ်သောအားဖြင့် ကြေးနန်းရိုက်နည်းပညာကို သင်ပေးခဲ့လေသည်။
ကြေးနန်းရိုက်နည်းပညာတတ်မြောက်ပြီး နောက်၁၈၆၂ မှ ၁၈၆၈ အတွင်း အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း ၊ တောင်ပိုင်း ၊ ကနေဒါ နိုင်ငံတို့ နှင့် နယူးအင်္ဂလန် နိုင်ငံများသို့ ကြေးနန်းရိုက်သူအဖြစ်
လှည့်လည်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုအချိန်အတောအတွင်း အက်ဒီဆင်သည် သတင်းပို့သောစာသားများကို အလိုအလျောက် ရိုက်နှိပ်ပေးသည့် ကြေးနန်းရိုက်ကိရိယာကို တီထွင်ခဲ့လေသည်။ ၁၈၆၉ တွင် သူ၏တီထွင်မှုဖြစ်သော ကြေးနန်းရိုက်ခြင်းနှင့်
စာသားများကိုပုံနှိပ်ပေးခြင်း နှစ်မျိုးစလုံး အသုံးပြုနိုင်သော
စက်ကိရိယာမှာ တိုးတက်ကောင်းမွန်လာပြီး အမြောက်အများ
တီထွင်ထုတ်လုပ်လာရသောကြောင့် အက်ဒီဆင်သည် အလုပ်မှထွက်ကာ စီးပွားဖြစ်
တီထွင်ခြင်း
ကိုအချိန်ပြည့်လုပ်ကိုင်ခဲ့လေသည်။
တစ်နှစ်အတွင်းမှာပင် နယူးယောက်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး နယူးဂျာစီ ရှိ နယူးဝပ်ခ်တွင် သူ၏အလုပ်ရုံကို ထပ်ဖွင့်နိုင်ခဲ့လေသည်။ Edison universal Stock Printer, the automatic telegraph တို့အပြင်
အခြားပုံနှိပ်ကြေးနန်းစက်များကိုလည်း နယူးဝပ်ခ် တွင်
တီထွင်ထုတ်လုပ်နိင်ခဲ့သည်။ ထိုအချိန်ကာလတွင်ပင် အက်ဒီဆင်သည် Mary Stilwell
နှင့် လက်ထပ်ခဲ့သည်။

၁၈၇၅တွင်အက်ဒီဆင်သည် စီးပွားရေးအကျပ်အတည်းကို စတင် ရင်ဆိုင်စ ပြုလာရပြီး ဓါတ်ခွဲခန်းအသစ်တစ်ခု နှင့် စက်ပစည်းအလုပ်ရုံတစ်ခု တည်ဆောက်ပေးရန် သူ၏ဖခင်အား အကူအညီတောင်းခံခဲ့သည်။ ၁၈၇၆ ခုနှစ် မတ်လတွင်
အလုပ်ရုံအသစ်သို့ပြောင်းရွှေ့ခဲ့ပြီး သူ၏လုပ်ငန်းစပ်တူရှယ်ယာများဖြစ်သော
Charles Batchelor နှင် John Kruesi တို့နှင့်အတူ အလုပ်လုပ်ခဲ့လေသည်။
ထို ဓါတ်ခွဲခန်းတွင်အက်ဒီဆင်သည်အကြီးမားဆုံးသောအောင်မြင်မှုကိုရရှိခဲ့ပြီး
Wizard of Menlo Park ဟူသော ဘွဲ့ထူး ၊ ဂုဏ်ထူးကို
ချီးမြှင့်ခြင်းခံခဲ့ရသည်။
၁၈၇၇ တွင်အက်ဒီဆင်သည် တယ်လီဖုန်းစကားပြောခွက် နှင့်စပီကာ တို့တွင် ယခုလက်ရှိအချိန်ထိတိုင်အောင် အသုံးပြုနေဆဲဖြစ်သော carbon-button transmitter ကိုတီထွင်ခဲ့လေသည်။

ထိုနှစ်ဒီဇင်ဘာလတွင်ပင် သံဖြူသတ္တုပြား ဓါတ်စက် ကိုလည်းတီထွင်ခဲ့သည်။ ၁၈၇၀ နှစ်များနှောင်းပိုင်းကာလများတွင် J.P Morgan, the Vanderbilts နှင့် အက်ဒီဆင် တို့သည် အက်ဒီဆင်လျှပ်စစ်မီးကုမဏီ (Edison
Electric Light Company) ကိုတည်ထောင်ခဲ့ကြသည်။

၁၈၇၉ တွင် အက်ဒီဆင်တီထွင်သော လျှပ်စစ်မီးသီးကို ပြည်သူလူထုထဲတွင် ဖြန့်ချိ နိုင်ခဲ့သည်။
၁၈၈၂ တွင် မက်ဟက်တန် central power system ကို ကြီးကြပ်ပေးရသည်။ ၁၈၈၃ တွင် အက်ဒီဆင် ၏ အင်ဂျီနီယာတစ်ဦးဖြစ်သော William J.Hammer က electron tube ကိုစူးစမ်းရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုရှာဖွေတွေ့ရှိမှုကို Edison
effect ဟူ မူပိုင်ခွင့်ပြုလုပ်ခဲ့သည်။


၁၈၈၄ တွင် အက်ဒီဆင် ၏ဇနီးဖြစ်သူ မေရီ သည် သူ့အားရင်သွေး ၃ယောက်တို့နှင့်အတူထားရစ်ကာ ကွယ်လွန်သွားခဲ့လေသည်။ ၁၈၈၆ တွင် အက်ဒီဆင်သည် Mina Miller နှင့်လက်ထပ်ခဲ့ပြီး နယူးဂျာစီပြည်နယ် West Orange တွင်
ဓါတ်ခွဲခန်းအသစ်တည်ထောင်ကာ သုတေသနပြုလုပ်မှုများ လုပ်ဆောင်ခဲ့သည်။

ထိုဓါတ်ခွဲခန်းအလုပ်ရုံတွင် အလုပ်သမားအယောက် ၆၀်ခန့် ခန့်ထားပြီး ထိုများပြားလှသောအလုပ်သမားများကို ကြီးကြပ်ကွပ်ကဲရသည်။ အလုပ်သမားအသစ်တစ်ဦးက အက်ဒီဆင်အားအလုပ်ရုံစည်းမျဉ်း ၊
စည်းကမ်းများကိုမေးသောအခါ “ဒီနေရာမှာ ဘာစည်းမျဉ်း ၊ စည်းကမ်းမှမရှိပါဘူး။
ကျွန်တော်တို့တတွေအားလုံး တစ်စုံတစ်ခုကို ပြီးမြောက်အောင်မြင်အောင်
ပြုလုပ်နေကြခြင်းဖြစ်တယ်” ဟု အက်ဒီဆင်ကပြန်ဖြေခဲ့လေသည်။
West Orange တွင်နေထိုင်စဉ်အတွင်း အက်ဒီဆင်သည် စီးပွားရေးဈေးကွက်အတွက် ဓါတ်စက်များ ၊ Kinetoscope , batteries, electric pen, mimeograph , microtasimeter တို့ကို
စီးပွားဖြစ်ထုတ်လုပ်နိုင်ခဲ့လေသည်။ ၁၉၁၃ တွင် အက်ဒီဆင်သည်
ပထမဦးဆုံးအသံထွက်ရုပ်ရှင်ဇာတ်ကားကိုထုတ်လုပ်နိုင်ခဲ့သည်။

၁၉၁၅ တွင် US Navy Consulting Board ၏ ဥက္ကဋ္ဌ အဖြစ်ရာထူးခန့်အပ်ခြင်းခံရသည်။ အက်ဒီဆင်သည် တီထွင်မှုပေါင်း၁၀၀၀ကျော်ကိုမူပိုင်ခွင့်ရခဲ့လေသည်။
အက်ဒီဆင်၏တီထွင်မှုများသည် လိုအပ်ချက်အရ နည်းပညာအသစ်များဖြင့်
တီထွင်မှုများဖြစ်သကဲ့သို့ ရှာဖွေစမ်းသပ်ရင်း မတော်တဆတွေ့ရှိမိသော
တီထွင်မှုများလည်း
ပါဝင်ပေသည်။
သောမတ်စ်အယ်လ်ဗာအက်ဒီဆင်သည် နယူးဂျာစီ ပြည်နယ် West Orange ၌ ၁၉၃၁ ခုနှစ် ၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ အက်ဒီဆင်၏တီထွင်မှုများသည် ယနေ့ခေတ်မျက်မှောက်ကာလ လူ့အဖွဲ့အစည်းအတွက် အလွန်အကျိုးကျေးဇူးများလှပေသည်။