

“လူတွေအားလုံး green exercise (စိမ်းလန်းတဲ့ ပါတ်ဝန်းကျင်မှာ လေ့ကျင့်ခန်း) ယူပြီး မိမိကျန်းမာရေး မိမိစောင့်ရှောက်မယ်ဆိုရင် တစ်ဦးတစ်ယောက်စီ အတွက်ရော လူ့ အဖွဲ့အစည်းအတွက်ပါကျန်းမာရေး စောင့်ရှောက်ရတဲ့ စရိတ်စက တွေလျော့နည်းပြီး အကျိုးကျေးဇူးအများကြီးရှိနိုင်တယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်” ဟု သုတေသီ Barton က Environmental Science & Technology ဂျာနယ် တွင် ရေးသားဖော်ပြခဲ့သည်။
“အိမ်ပြင်ပတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများကို လျော့ချနိုင်ပြီး ကောင်းကျိုးချမ်းသာများ ခံစားရသည်ဟု လေ့လာမှုများစွာကဖော်ပြခဲ့သော်လည်း ထိုကဲ့သို့  အကျိုးကျေးဇူးရှိကြောင်း ပြသနိုင်ရန် greenexercise အတွက် အချိန်မည်မျှ အသုံးပြုရမည်ဆိုသည်ကို ယခုအချိန်အထိ မည်သူမှမသိရှိကြသေးကြောင်း” အဆိုပါ လေ့လာမှုများ၏ ခေါင်းဆောင် Jules Pretty နှင့် Jo Barton တို့ ကပြောကြားပါသည်။

Barton နှင့် Pretty တို့ သည် ဗြိတိန်ရှိ လေ့လာမှု (၁၀)ခုမှ ရရှိလာသော အသက်အရွယ် ၊ ကျား/မ နှင့် စိတ်ကျန်းမာရေး အခြေအနေ ကွားခြားသော လူပေါင်း
၁၂၅၂ ဦးတို့ ၏ အချက်အလက်များကို စစ်တမ်းကောက်ယူကာ ၎င်းတို့ ၏ လမ်းလျောက်ခြင်း ၊ဥယျာဉ်တွင်း လှည်လည်ကြည့်ရှုခြင်း၊ စက်ဘီးစီးခြင်း ၊ ငါးမျှားခြင်း ၊လှေအပျော်စီးခြင်း ၊ မြင်းစီးခြင်း နှင့် သစ်ပင်စိုက်ပျိုးခြင်း စသည့်
လုပ်ဆောင်ချက်များကို ခွဲခြား စီစစ်ခဲ့ကြသည်။
ထိုလေ့လာမှုအရ စိမ်းလန်းသော ပါတ်ဝန်းကျင်မှာ လေ့ကျင့်ခန်း ယူခြင်းဖြင့် အသက်အရွယ် အပိုင်းအခြား အားလုံးရှိ လူများတွင် ကောင်းကျိုးများ
ရရှိစေသော်လည်း ငယ်ရွယ်သူများနှင့် စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူများတွင်ပိုမိုကြီးမားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိကြသည်ဟုဆိုသည်။“green exercise” ၅မိနစ်မျှ ပြုလုပ်ခြင်းသည် အကြီးမားဆုံးအကျိုးကျေးဇူးနေဖြင့် မိမိကိုယ်ကို လေးစားတန်ဖိုးထားမှု အပေါ် ကြီးစွာသောကောင်းကျိုးကျေးဇူးများ ရှိသည်ကို တွေ့ရှိခဲ့သည်။

