အိန္ဒိယနိုင်ငံဟာ အလည်လာသူတွေကို သူတို့ရဲ့ လက်မှုပညာ ယဉ်ကျေးမှု အမွေအနှစ် တွေနဲ့ လူတိုင်းကို ဆွဲဆောင်နိုင်တယ်ဆိုတာ သိကြပြီး ဖြစ်ပါတယ် ။
အိန္ဒိယနိုင်ငံရဲ့ ထင်ရှားတဲ့ သမိုင်းဝင်နေရာတစ်ခုကတော့ ရာဇ၀င်တွေထဲထိအောင်
ဆွဲဆောင်နိုင်လွန်းတဲ့ Taj Mahal ပဲ ဖြစ်ပါတယ် ။
အလားတူပဲ ထင်ရှားတဲ့ လက်မှုပညာမြောက် အဆောက်အဦးတစ်ခုကတော့ Jaipur
အနီးမှာရှိတဲ့
Abhaneri ရွာကလေးမှာ တည်ရှိတဲ့ Chand Baori လို့ခေါ်တဲ့ လှေကားထစ်
ရေတွင်းနက်ကြီးပဲ ဖြစ်ပါတယ် ။ ဒီလှေကား ထစ်ရေတွင်းနက်ကြီးကို လွန်ခဲ့တဲ့
နှစ်ထောင်ပေါင်းများစွာကတည်းက ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ် ။
သင်သေချာကြည့်မယ်ဆိုရင် ဒီလှေကားထစ်ပုံစံတွေဟာ ပိရမစ်တစ်ခုကို ပြောင်းပြန်
လှန်ထားတာနဲ့ တူနေတယ်ဆိုတာကို သတိထားမိပါလိမ့်မယ် ။ ပေ၁၀၀
ထိတိုင်အောင်နက်ပြီး လှေကားထစ်ပေါင်း ၃၅၀၀ ရှိပါတယ် ။ ဒီလှေကားထစ်တွေနဲ့
ရေတွင်းနက်ကြီးနဲ့ ပတ်သတ်ပြီး ပုံပြင်ပေါင်း ၁၃ ပုဒ်လည်း ရှိနေပါသေးတယ် ။

www.onlinelover.weebly.com