Wednesday, November 24, 2010

URL or Dircct Link ပြုလုပ်နည်း


URL or Dircct Link ဆိုတာကို သိပ်နားမလည်သူတွေ အတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးတာ ဖြစ်ပါတယ်...

ဓါတ်ပုံလှလှလေးတွေကို ကိုယ့်ကွန်ပျူတာမှာ ထည့်ထားပြီး Photobucket ထဲမှာ URL or Dircct Link အဖြစ် ပြောင်းလဲခြင်းလေးကို မျိုး က ဒီနေ့ ပြောပြပေးမှာ ဖြစ်ပါတယ်...
ပထမ ဦးစွာ http://register.photobucket.com/step1 ဒီလင့်လေးကို သွားပြီ အကောင့်ဖောက်ပါ ....
Photobucket

Sign me Up ကို ကလစ်ပေးပြီး အကောင့်ဖောက်ရမှာ ဖြစ်ပါတယ်...
တစ်ချို့က အသုံးပြုပြီးသား အီးမေးကြောင့် နာမည်ကြောင့် မရဖြစ်နေတတ်ပါတယ်
အဲ့ဒီအခါ အီးမေး ပြောင်းပေးခြင်း နာမည်ပြောင်းပေးခြင်းများ
ပြုလုပ်ပေးလျှင် အကောင့်ဖောက်လို့ရလာမှာ ဖြစ်ပါတယ်...

အကောင့်ဖောက်လို့ရပြီ ဆိုရင်...
ဒီလိုလေးဖြစ်သွားပါမယ်
Photobucket

Uplod ရယ် ကိုယ့်နာမည်ရယ်ကို တွေ့ ရပါလိမ့်မယ်
Uplod ကို ကလစ်ပေးပြီး ကိုယ့်ကွန်ပျူတာထဲမှာ ကိုယ်လိုချင်သော ဓါတ်ပုံကို ဆလပ်ပေးပြီး အက်ပလုတ် လုပ်ယူရပါမယ်....
Photobucket

Uplod လုပ်နေစဉ် အချိန် အနည်းငယ်စောင့်ဆိုင်း လို့ 100% ပြည့်ပြီဆိုရင် ဒီအတိုင်းလေး မြင်ရမှာ ဖြစ်ပါတယ်...
Photobucket

Upload complete! လေးပြလာရင် အောက်သို့ ဆွဲချ ကြည့်လိုက်ပါ ကိုထည့်ထားသည့် ပုံလေး
ပေါ်လာတာကိုတွေ့ ရပါမယ် ...ပုံလေးဘေးမှာ Save and continue to my album

ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...
Photobucket

ကလစ်လိုက်တာနဲ့ မျိုး တို့ လိုချင်တဲ့ URL or Direct Link ကို ရရှိပြီ ဖြစ်ပါတယ် ....
နောက်ထပ် ပုံများကို လိုချင်လျှင်လည်း ပထမ အတိုင်း Upload now ဆိုတဲ့ အပေါ်နားက အစိမ်းရောင် စာလေးကို ကလစ်ပြီး ကွန်ပျူတာထဲမှ ဓါတ်ပုံများကို ရယူရမှာ ဖြစ်ပါတယ်...
အားလုံး အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်
လိုက်လုပ်ကြည့်ကြရအောင်နော်

Source;http://goldenmyanmarparadise.ning.com