အင်တာနက် လူမှုကွန်ယက်တစ်ခု ဖြစ်သည့် Face Book account ရှိသူတိုင်း @facebook.com ဆိုသည့် အင်တာနက် အီးမေးတစ်ခု ဖွင့်နိုင်တော့မည်ဟု Face Book ကုမ္ပဏီမှ သတင်းထုတ်ပြန်သည်။
Modern Messaging System ဟုတင် စား ထားသည့် Face Book သည် ယခုလ (၁၄) ရက်နေ့မှ စတင်၍ စမ်းသပ် သုံးစွဲ၍ ရနေပြီဖြစ်ကာ မိမိ၏ Face Book ကွန်ယက် အတွင်းရှိသူများ သာမက အခြားသူများနှင့်ပါ ဆက်သွယ်နိုင်မည် ဟု သိရသည်။
Facebook အီးမေးအား ရက်အနည်းငယ်အတွင်း စတင်သုံးစွဲနိုင်မည်ဖြစ်ကာ လူဦးရေ သန်း (၅၀၀) ကျော်ရှိသည့် Face Book သုံးစွဲသူများကြောင့် ထို အီးမေးအသစ်သည် google mail,hot mail, yahoo mail နှင့် aol mail တို့ကို
စိန်ခေါ်လာ နိုင်သည် ဟု သိရသည်။
face book ၏ အခမဲ့ အီးမေးသည် မိမိကြိုက် နှစ်သက်ရာ နာမည်နှင့် ယှဉ်တွဲပြီး ဖွင့်နိုင်သည် ဟု သိရသည်။
နိုင်ငံတကာတွင် hot mail သုံးစွဲသူ ၃၆၂ သန်း၊ yahoo mail သုံးစွဲသူ ၂၇၃ သန်း နှင့် gmail သုံးစွဲသူ ၁၉၃ သန်း ကျော်ရှိသည်။
ဆန်ဖရန် စစ္စကို၌ ပြုလုပ်ခဲ့သည့် Face Book ၏ သတင်းစာရှင်းလင်းပွဲ၌ CEO ဖြစ်သူ မာတ်(ခ)ဇူကာဘာင်္ဂက Face Book အီးမေးသည် သည် သမရိုးကျ အီးမေးများနှင့် ကွဲပြားခြားနားမည်ဖြစ်ပြီး အီးမေးကဲ့သို့မဟုတ်ပဲ အီးမေး၏ လုပ်ဆောင်မှုများ
ထက် စွမ်းဆောင်ရည် ပိုမိုပါဝင်သည် ဟုသိရသည်။
ဖေ့ဘွတ် မက်ဆေခ်ျ့  ပို့စနစ်တွင် အီးမေးသည် အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ဖေ့ဘွတ်က ကမ္ဘာ့အီးမေးပို့စနစ်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။
ဖေ့ဘွတ် အီးမေးအား ၁၅ လ အချိန် ယူကာ ဆောင်ရွက် ခဲ့သည်။ မြန်မာလူငယ်တို့ အသုံးများဆုံးအီးမေး စနစ်မှာ Google အီးမေးစနစ် ဖြစ်သည်။
ဖေ့ဘွတ်အီးမေးလ် အကောင့်ဖွင့်ပုံအဆင့်ဆင့်ကို ကြည့်ရန်