iPhone/iTouch မှာတွေပဲ မြန်မာစာထဲ့တဲ့အကြောင်းပြောရတဲ့ အီလာပီ၊.. ဒီတစ်ခါ.......
ညကြီးမိုးချုပ် ဘာလုပ်ရမလဲဆိုတော့... အင်း...အင်း....... အဲ...
မမေးနဲ့တော့လေ.. topic မှာ ပြောထားတဲ့အတိုင်းပဲ SE (sony ericson) ဖုန်းမှာ မြန်မာဖောင့်ထဲ့ထားတာလေးကို တင်ပြချင်လို့ပေါ့ဗျ.. ဟီးဟီ
အစောကြီး အစောကြီး... ဟိုးးး အစောကြီးကထဲက (လွန်ခဲ့တဲ့ ၉ လအလွန်လောက်ကပေါ့..)
nokia s60 ဖုန်းမှာမြန်မာစာယူနီကုတ်ဖောင့်ထဲ့ဖို့ အတွက်ကို
အတော်ကြိုးစားလိုက်ရတယ်.. (မအောင်မြင်ခဲ့ဘူး..) ဖောင့်တွေပေါ်ပေမယ့်..
အရမ်းရွဲတယ်.. ဘာဖြစ်လို့လဲလို့ အစ်ကိုတစ် ယောက်ကို မေးကြည့်တော့
ဇော်ဂျီဆိုတာ ယူနီကုတ်မစစ်ဘူးဆိုလားပဲ.. နဂိုကထဲကမှ ကျတော် က
အူကြောင်ကြောင်ဆိုတော့..သူပြောတဲ့ဟာတွေအားလုံးနဲ့ ပတ်သက်ပီး
နားမလည်တာတွေကို နားမလည်သလိုပဲ နေလိုက်ရတယ်... အဲ့ဒီတုံးက
ကောက်ချက်ချမိလိုက်တာက
ဇော်ဂျီသာ ယူနီကုတ်မစစ်ဘူးဆိုရင် Nokia မှာ မရတဲ့နည်းတူ၊ SE မှာဆိုလဲ
ဒီအတိုင်းပဲပေါ့.. အဲ့ဒါကြောင့် ဆက်ပီးဘာမှ မကြိုးစားဖြစ်ခဲ့ဘူး.. ဟော....
မှားသွားပီ အကြီးအကျယ်မှားသွားပီ... ကျတော်လုံးဝကိုမှားသွားပီဗျာ...
ဘယ်လိုလဲဆိုတော့
ဒီနေ့မှ စလုံးက ဘော်ဘော်ကြီး တာယာ(၀ါ)ကြယ်စင် က သူ့ SE w995 မှာ
ဖောင့်ပြောင်းချင်တယ်တဲ့.. အဲ့ဒါ နဲနဲကြည့်ပေးလို့ တောင်းဆိုလာတာနဲ့...
ကျတော်အစကတော့ ပြောလိုက်သေးတယ်.. တခြားဖောင့်ပုံစံတော့ ပြောင်းမယ်..
မြန်မာစာတော့ ကောင်းကောင်းမြင်မှာမဟုတ်ဘူးလို့ကို အတည်ပေါက်
သူနဲ့ငြင်းလိုက်ရသေးတယ်... အဲ့ဒါကိုက ကျတော့အကျင့်လေ.. ထားပါတော့..
ဒီလိုနဲ့ပဲ တရုတ်ဆိုက်တွေမှာ ၀င်မွှေဖြစ်တယ် ဆိုပါတော့...
မသေချာတာကြီးကို ကျတော်စမ်းကြည့်ဖို့ ကြိုးစားလိုက်တယ်.... ဟားဟာ.. ခုတော့
အဲ့ဒီ မသေချာတာကြီးက ကျတော့မျက်စိရှေ့မှာ အပီအပြင်ကြီးကို မြင်တွေ့နေရပီ...
ကဲ ကြည့်လိုက်ကြရအောင်...

၁။ rar ကိုတစ်နေရာမှာ ဖြည်လိုက်ပါ၊
၂။ A2 uploader ထဲက a2uploader.exe ကို run လိုက်ပါ၊
၃။ FileSystem Tool ကို နှိပ်လိုက်တဲ့အခါ "C" key နှိပ်ပီး ကေဘယ်လ်နဲ့ join
ဖို့ပြောလာပါလိမ့်မယ်.. သူပြောသလိုသာ လိုက်လုပ်ပါ၊ အဲ့ဒီအခါ Driver
တောင်းလာပါလိမ့်မယ်၊
၎။ driver တောင်းလာတော့လဲ ကြောက်စရာမလိုပါဘူး၊ USB Flash Driver ထဲမှာ
ပါပီးသားပါ.. (ဒါတွေ ပီးလို့မှ System ထဲက Folder တွေ တက်မလာဘူးဆိုရင်တော့
A2 ကိုပိတ်ပီး အစဉ်အတိုင်း ပြန်လုပ်ကြည့်ပါ.. အဲ့ဒါမှ မရသေးဘူးဆိုရင်
ခင်ဗျားရဲ့ မော်ဒယ်ကို ဒီ A2 က လက်မခံတာ ဖြစ်ပါလိမ့်မယ်..
ကျတော်လက်တွေ့စမ်းဖူးတာတော့ w595 ပါ)
၅။ tpa \ preset \ system \ FONTS ထဲကို double-click နဲ့
အဆင့်ဆင့်ဝင်ရပါလိမ့်မယ်.. (သေချာအောင် အဲ့ဒီဖောင့်ထဲမှာရှိတဲ့ဟာတွေကို
right click ခေါက်၊ read ဆိုပီး backup လုပ်ထားလိုက်ပါ) ပီးတဲ့အခါ
ဒေါင်းထားတဲ့ fonts folder ထဲက ဖိုင်နှစ်ခုကို ဆွဲထဲ့ပေးရပါလိမ့်မယ်..
နောက်ဆုံးအနေနဲ့ Shutdown FS manager ကို နှိပ်၊ cable ဖြုတ်၊
ဓါတ်ခဲဖြုတ်ပီး ပါဝါခလုတ်ဖွင့်လိုက်ရုံပါပဲ..ဗျာ. .
ရမရသိချင်ရင်.. သီချင်းတစ်ပုဒ်ပဲဖြစ်ဖြစ်၊ ပုံတစ်ပုံပဲဖြစ်ဖြစ်ကို ဖုန်းထဲပို့ကြည့်လိုက်ပေါ့.... ဟီးဟီး..
ကြွေသွားလိမ့်မယ်....
အပေါ်ကလင့်ခ်ကနေဒေါင်းလို့မရဘူးဆိုရင်တော့
Code:http://www.2shared.com/file/9070594/dc341b5f/SE_mmfont_by_sainyiphy...
2shared ကနေတင်ပေးလိုက်တာပါ၊ ကျတော့ဆီမှာ mediafire ရော၊ megaupload ရော၊ RS ရော ပိတ်ခံထားရလို့ပါ..
A2 uploader Support လုပ်တဲ့ platform နဲ့ model တွေကိုလဲ တစ်ပါထဲတင်ပြအပ်တယ်...
Supporting Platform:9 N/ l1 k1 G+ B% h1 u
DB3150/DB3200/DB3210_CID49/51/52/53_Red/Blue/Brown
Supporting Model
DB3150:
C702, C902, G502, K630, K660, K850, V640, W595, W760, W890, W910, W902, W980, Z750, Z770, Z780, T700, TM506
DB3200:
W508, T707
DB3210:
C510, C901, C903, C905, G705, W705, W715, W995 C510, C901, C903, C905, G705, W705, W715, W995
(w595 မှလွှဲ၍ ကျန်သည့်ဖုန်းများအတွက် လုပ်နည်းတွေကို ထပ်တင်ပေးပါ့မယ်... အဲ့ဒီအတွက် အချိန်နဲနဲ ဆိုင်းပေးကြပါလားဗျာ. .. )
စမ်းသပ်ပီးဖုန်းမော်ဒယ်များ - w595, w910, c902, c905, t700
သူငယ်ချင်းတို့ရဲ့ ဖုန်းလေးတွေမှာအဆင်ပြေစေချင်လို့ပါ..ပြန်လည်ဝေမျှလိုက်ပါတယ်...
Source ;ရွှေမြန်မာဥယျာဉ်