Thursday, December 16, 2010

ခရစ္စမတ် အထူး Special လက်ဆောင်လေးပါ ( အထူး Special နော်)

အိုကေ .. အဲ့ဒါဆို စပြီဗျာ ... ။ ခရစ္စမတ်နီးလာပြီဆိုတော့ ..ကမ္ဘာ့ နေရာ အနှံအပြားမှာ ရှိတဲ့ လူတွေ တော်တော်များများ အဲ့အတွက်ရင်ခုန်နေကြမှာပါပဲ ။ ခရစ္စမတ် ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက် ဘာမှ မဆိုင်ပေမဲ့ ...ကျွန်တော်တို့ တွေလည်း ခရစ္စမတ်ရောက်ရင် ဘာကြောင့်မှန်း မသိ ပျော်ရပါတယ် ။

 အဲ့ဒါကြောင့် အပျော်ပေါ် အပျော် ဆင့်သွားအောင်  အထူး စပယ်ရှယ် ခရစ္စမတ် လက်ဆောင်လေးတွေ စီစဉ်ထားပါတယ် ။ ( အရင်တုန်းက ရှိပြီးသား သူတွေကတော့ ဆောရီးပေါ့ဗျာ ။ ဒါပေမဲ့ နည်းနည်းလေးတော့ update လုပ်ထားတယ် ။ မရှိတဲ့ဟာတွေ ယူလိုက်ပေါ့... )

 အဲ့ဒါဆို စပြီဗျာ .. ။ အရင်ဆုံး ..... ဒီအောက်က ဖိုင်လေးကို အဆင်ပြေတဲ့ နေရာ တစ်ခုခု က ဒေါင်းလိုက်ပါ

rar file တိုင်းရဲ့ pwd က www.mmitd.com ဖြစ်ပါတယ် ။

 MirrorCreator

 Ziddu

 IFile

 rar file လေး တစ်ခုပါပဲ ။ အဲ့ rar file လေးကို ဖြည်လိုက်ရင်တော့ အထဲမှာ rar file လေး 2 ခု ထပ်တွေ့ ပါလိမ့်မယ် ။ တစ်ခုက for chit ဆိုတာလေးနဲ့ နောက်တစ်ခုက for fri ဆိုတဲ့ file လေး 2 ခုပါ ။

 အဲ့ file လေး 2 ခုမှာ for chit ဆိုတာလေးက ကိုယ့်ကောင်မလေးကို ပေးဖို့ အတွက် နဲ့ for fri ဆိုတာက သူငယ်ချင်းကို စဖို့ နောက်ဖို့ အတွက် ပါ ။ (သူငယ်ချင်းတွေကို မစခင် ကျွန်တော် အရင်ဆုံးစလိုက်တယ်နော် ။စိတ်မဆိုးကြေးပေါ့.... )

 for chit ဆိုတာလေးကို အခု မပေးချင်လည်း 2011 ရဲ့ feb 14 မှ ပေးပေါ့.. ။ ဘယ်အချိန်ပေးပေး အဆင်ပြေပါတယ် ။ အဲ့ဒါဆို အဲ့ဒါလေးကို ကိုယ့်ကောင်မလေးကို ခရစ္စမတ်လက်ဆောင် အနေနဲ့ ပေးလိုက်ပါ ။ ခရစ္စမတ် လက်ဆောင်ပေးရင် ကံကောင်းတယ်လို့ အယူရှိကြတော့ ချစ်သူ နှစ်ဦးအတွက် ပိုပြီး အဆင်ပြေစေပါလိမ့်မယ် .. ။ ကျွန်တော်လည်း ကျွန်တော့် ကောင်မလေးကို ပေးဖို့ လုပ်ထားပါတယ် ။ ( ဘုရားသိကြားမလို့ .. ကျွန်တော့်ကောင်မလေး ဒီပိုစ့်ကို ဖတ်မိရင်ကောင်းမယ် … ကြော်ငြာ …. ဟဲ ဟဲ ..အဲ့ဒါကြောင့် folder ကို for chit ဆိုပြီးနာမည် ပေးထားတာ လေ….. ။ )



အဲ့လောက် ကောင်းတဲ့ program သေးသေးလေး နှစ်ခု က ကျွန်တော် လုပ်ထားတာတော့ မဟုတ်ပါဘူး ။ဟိဟိ ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က .. ဒီပိုစ့်ကို တင်ကတည်းက OGRE ဆိုတဲ့ ဆိုဒ်တစ်ခုက ရတာပါဗျာ ။ (အလှူ့ လက်ဖက်နဲ့ မျက်နှာလုပ်ကြတာပေါ့.. ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကောင်မလေးနဲ့ အဆင်ပြေဖို့ က အရေးကြီးတယ်မလားးး ဟဲ ဟဲ … )

အဲ.. ဒါပေမဲ့ for chit နဲ့ for fri နဲ့ မှားပြီး ပေးမိရင်တော့ ကွိုင်တက်မယ်နော်.. ။ကြိုပြောထားတယ် .. ။ အဲ့တော့မှ  ရှင်းပေးမလုပ်နဲ့ … ။



နောက်ထပ် လက်ဆောင်တစ်ခုကတော့ ခရစ္စမတ်သီချင်းလေးတွေပါ.. ဘာသီချင်းလေးတွေလည်းဆိုတော့ကားးးးး
ဒီမှာ R ဇာနည် တို့ ဆိုထားတာကို နားထောင်ပြီး ဟိုက ကောင်တွေ ပြန်ကော်ပီကူးထားတဲ့ သီချင်းလေးပါ
(ဟီး ဟီး ပြောင်းပြန်ကြီးများ ဖြစ်နေသလားမသိဘူးနော်. ကျွန်တော်ကတော့ အဲ့လို ထင်တာပဲ )



စာသား ....(မနက်သစ်မှာ ငါလေနိုးလာ အခုအခါ ဒီလိုနဲ့ ပဲ ဘ၀ခရီးလျှောက်လှမ်း သွားလာ လှုပ်ရှားရင်းမှား အချစ်တို့ ကိုယုံစား ... .. ...) ဒီမှာတော့ တော်တော် အောင်မြင်ခဲ့တဲ့ သီချင်းလေးပါ ။ eng song title ကတော့ Last Christmas I Gave You My Heart ပါ အရမ်းနားထောင်လို့ ကောင်းတဲ့ ခရစ္စမတ် သီချင်းလေးတစ်ပုဒ်ပါ ..
အခုလက်တလော နာမည်ကြီးနေတဲ့ ဆယ်ကျော်သက် အဆိုတော်မလေး Taylor Swift ပြန်ဆိုထားတဲ့
သီချင်းလေးကိုလည်း ထည့်ပေးထားပါတယ်ဗျာ.. တော်တော်လေးကောင်းပါတယ် အဲ့သီချင်းလေးကလည်း

Last Christmas I gave you my heart
But the very next day, you gave it away
This year, to save me from tears
I'll give it to someone special

နောက်တစ်ပုဒ်ကတော့ ကလေးရော လူကြီးပါမကျန် ကျွန်တော်တို့  ဟိုးကလေး ဘ၀ တည်းက ကြိုက်ခဲ့ရတဲ့
jingle bells ပါ ...

Oh, jingle bells, jingle bells
Jingle all the way
Oh, what fun it is to ride
In a one horse open sleigh
Jingle all the way
Oh, what fun it is to ride
In a one horse open sleigh

နောက်တစ်ပုဒ်ကတော့ J-Me ရဲ့  ခရစ္စမတ် အတွက်ဆိုထားတဲ့ အသစ်စက်စက် Hip-Hop သီချင်းလေးတစ်ပုဒ်ပါ
အဲ့သီချင်းလေးလည်းတော့်တော့်ကိုကောင်းပါတယ် ကျွန်တော်လည်း အရမ်းကြိုက်ပါတယ်.. အမြည်းလေး နည်းနည်းပေးလိုက်မယ်ဗျာ..

Christmas Christmas နှစ်စဉ် နဲ့ အမျှ အချိန်အခါ
မွေးနေ့ ရှင် ဖြစ်တဲ့ Jesus Christ ရဲ့ အရှိန်အ၀ါ
အရောင်တွေ တောက်ပလို့  ever လင်းနေတဲ့ တိမ်လွှာ
ဘုရားကျောင်းက ကျွေးတဲ့ကြာဆံချက်လောက် ဘာမှ မမိန်ပါ
ဒီနှစ်မှာ Santa Claus ဆီက မင်းဘာတောင်းမှာလဲ
ရှင်းရှင်းလေး ဖြတ်သန်းခဲ့တဲ့ ဘ၀က ကြာညောင်းလာခဲ့

ဆက်ပြီးတော့ ..နားထောင်လိုက်ကြပေါ့ဗျာ... J-Me ရဲ့ ပုံစံအတိုင်း တကယ့် အကောင်းဆုံး သီချင်းတစ်ပုဒ်ပါ
အဲ့ဒီသီချင်းလေးတွေကိုတော့

Mirrorcreator

 ZShare

 IFile

Ziddu

 အဆင်ပြေတဲ့ နေရာကနေ ယူလိုက်ဗျာ..။ အဲ့ဒါကတော့ mp3 လေးတွေပေါ့ ။ ကဲ .. mp3 တင်မဟုတ်ဘူး ။ MTV နဲ့ Music Video တွေ ပါကြည့်မယ်ဗျာ ။ အဲ့ဒါဆို ကျွန်တော်တို့ youtube ကို ခဏ မေ့ထားလိုက်ကြရအောင် ။ youtube က နောက်ပိုင်း မြန်မာနိုင်ငံမှာ ပိတ်လည်း ပိတ်ခံထားရတယ် ၊ (ကျော်ရခွရနဲ့ ဆိုတော့ သိပ်အဆင်မပြေဘူး ။ ) video quality တွေကလည်း ကျလာပြီ ။ resolution တွေ ဘာတွေ က အစ ကောင်းကို မကောင်းတော့ဘူး ။ အဲ့ဒါကြောင့် ကျွန်တော့် အကြိုက်ဆုံး music video ဆိုဒ်လေးတွေပါ လက်ဆောင် ပေးလိုက်မယ် ။ (တော်တော်တော့ များနေပြီနော်..လက်ဆောင်တွေ က.. ဟဲ ဟဲ . .အဆင်ပြေမှာပါ … )

 အဲ့ဒါဆို .. ဒီမှာဗျာ .. ပထမ တစ်ခုက … ။ DailyMotion (Last Christmas Song Searched) Last Christmas သီချင်းရဲ့ Music Video မျိုးစုံကို ခံစားကြည့်ရှုလို့ ရမှာဖြစ်ပါတယ် ။ Crazy Frog ရဲ့ Last Christmas Music Video လည်း ပါပါတယ် ။ (အဲ့ဒါကိုတော့ ကြည့်ဖြစ်အောင် ကြည့်နော် .. အရမ်း မိုက်တယ် … ) တ၀ကြီး ကြည့်ရှုခံစားပြီး ခရစ္စမတ်ကို ပျော်ရွှင်စွာဖြတ်သန်းလိုက်ပါ ဗျာ … ။

 ဒါဆို နောက်ထပ် ဆိုဒ်တစ်ခုက …. Youku.com(Last Christmas Song Searched) youko ဆိုတဲ့ ဆိုဒ်လေးပါ ။ (လက်ရှိကတော့ soku ဆိုပြီးဖြစ်နေပါတယ် ။ ဘယ်လို ၀င်ဝင် ရပါတယ် ။ www.youku.com ဆိုပြီးဝင်လည်းရပါတယ် ။ ) အဲ့မှာလည်း Last Christmas သီချင်းရဲ့ Music Video တွေကို ကြည့်ရှုခံစားလို့ ရပါတယ် ။

 အဲ .. အဲ့လောက်နဲ့ တော့ လက်ဆောင်တွေ ကမပြီးသေးပါဘူး ။ Music Video တွေကို အွန်လိုင်းမှာပဲ ကြည့်ပြီး ဒေါင်းလည်း ဒေါင်းချင်ကြမှာပေါ့ ။ (အဲ့ဒါမှ ကောင်မလေးတွေကို လက်ဆောင်ပေးလို့ ရမှာလေ.. ဟဲ ဟဲ .. ) ။တစ်ခါတည်း video တွေ ဘယ်လို ဒေါင်းမလဲလို့ မေးနေကြတဲ့ သူတွေ အတွက် ပြသနာပါ ဖြေရှင်းပြီးသားဖြစ်တာပေါ့ .. ။ တစ်ချက်ခုတ် သုံးလေးချက်လောက်ပြတ် ။ ပိုစ့်တစ်ခုတည်းနဲ့ အကုန်ပြတ်… ။

 ခဏခဏ အမေးခံရပါတယ် ။ youtube က video တွေကို ဒေါင်းလုပ် လုပ်ချင် လို့ ဆိုပြီးတော့ ။ အွန်လိုင်းက video တွေ ကို ဘယ်လို ဒေါင်းရမလဲ ဒေါင်းရမလဲနဲ့ အော်နေတဲ့ သူတွေပါ အဆင်ပြေသွားပါလိမ့်မယ် ။

 ကျွန်တော့်အကြိုက်ဆုံး add-on လေး တစ်ခုပါ ။ လုံးဝ အဆင်ပြေတယ်နော်.. ။ software တောင် မဟုတ်ဘူး ။ add-on လေး တစ်ခုပဲ … ။

အဲ့ဒါဆို အရင်ဆုံး Ant.com Video Downloader မှာသွားယူလိုက်ဗျာ ။ add-on ဆိုတော့ install လုပ် ပြီးရင် Mozilla တော့ restart ကျမှာပေါ့ ။ (စာကို ဆုံးအောင်ဖတ်ပြီးမှ restart လုပ်ပေါ့… ) ။

 အဲ့ဒါဆို Mozilla ရဲ့ toolbar လေးထဲမှာ ant.com က toolbar လေးပါ ရောက်နေပါလိမ့်မယ် ။ ဒီလိုလေးပေါ့ .. ။



အဲ့ဒါဆို browser မှာ video ဖွင့်ထားလိုက်တာနဲ့ Download ဆိုတဲ့ button လေးက enable ဖြစ်လာမှာပါ ။ ဖွင့်ထားတဲ့ video ကို ပြီးဆုံးအောင်ဖွင့်ပြီး Download button လေးကို နှိပ်ပေးလိုက်တာနဲ့ ဘယ်လို ဒေါင်းလို့ ဒေါင်းလိုက်မှန်းတောင် မသိပဲ ပြီးသွားပါလိမ့်မယ် ။ ( video Loading လုပ်နေတဲ့ အချိန်လေးပဲ ကြာမှာပါ ။ download လုပ်တဲ့ အချိန်က စက္ကန့် ပိုင်းလောက်အောင် မြန်ပါတယ် ။ )



အဲ့ဒါဆိုရင် download လုပ်လိုက်တဲ့ video က သူ့ folder အောက်ကို ရောက်သွားပါလိမ့်မယ် ။ သူ့ folder အောက်ကလည်း ခက်ခက်ခဲခဲကြီးသွားစရာ မလိုပါဘူး ။ အဲ့ toolbar လေး ပေါ်က Explore ဆိုတာလေး ကို နှိပ်လိုက်တာနဲ့ download လုပ်ထားတဲ့ folder လေး ပွင့်လာပါလိမ့်မယ် ။



အဲ့က ဒေါင်းထားတဲ့ video တွေက mp4 နဲ့ flv format တွေ ဖြစ်တာကြောင့် window media player နဲ့ တော့ ဖွင့်လို့ ရမှာ မဟုတ်ပါဘူး ။ တစ်ခြား vlc , gom , real player , media player classic အစရှိတဲ့ player တွေနဲ့ သာ ဖွင့်လို့ ရပါလိမ့်မယ် ။ ဒါပေမဲ့..အဲ့ player တွေ တစ်ခုမှ အဆင်သင့် မရှိဘူးဆိုလည်း မပူပါနဲ့ … ။ အဲ့ toolbar လေး ပေါ်က player ဆိုတဲ့ button လေး ကို နှိပ်ပေးလိုက်ရင် ။ browser ရဲ့ new tab တစ်ခုမှာပဲ ဒေါင်းလုပ် ဆွဲထားတဲ့ video တွေကို ကြည့်ရှုလို့ ရပါတယ် ။ ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ ဗျာ .. ။

 အဲ့ဆိုဒ်လေးက ပေးထားတဲ့ ant.com video downloader ဆိုတဲ့ ပုံလေးဆီကိုပါ ။ အဲ့ဒါနဲ့ တယ်ဟုတ်ပါလား ။ အဆင်ပြေပြီပေါ့ ဆိုပြီး ။ သူ့ ဆီက ဆိုဒ်ကို မေးးး ။ ကျွန်တော့်ဆီမှာဖွင့် … (ဟဲ ဟဲ add-on ယူဖို့ ပဲနော်…. ) ။ ပြီးတော့ dailymotion,youtube,facebook က video တွေကို ဒေါင်းလုပ်စမ်းပြီး ဆွဲကြည့် .. ။ တော်တော်တော့ အဆင်ပြေတာပဲဗျာ .. ။ အရမ်း မိုက်တယ် .. ။ အဲ့ဒါနဲ့ ကျွန်တော် တော်တော်ကြိုက်သွားတယ်ဗျာ … ။
အဲ့လောက်ဆိုရင်တော့ တော်တော် ပြည့်စုံနေလောက်ပါပြီ ။ ဒါပေမဲ့ ကျန်ပါသေးတယ် ။

Source; http://www.mmitd.com