Friday, April 1, 2011

Desktop ပေါ်က Recycle Bin ကို အမှိုက်ပုံး လို့ နာမည်ပြောင်းကြရအောင် (ကိုယ်ကြိုက်တဲ့နာမည်ပေါ့ဗျာ)

ဒီဟာလေးကို သိပြီးသူတွေလည်းရှိမှာပါ..
မသိသေးသူတွေလည်း စမ်းသပ်ကြည့်ပေါ့....
Recycle Bin ကို Right click နှိပ်ပြီးတော့ Rename Change လို့မရပါဘူး...
Resource hacker software နဲ့ဖြစ်ဖြစ် ဒီနည်းနဲ့ပဲဖြစ်ဖြစ် Change လို့ ရတာကတော့ သေချာပါတယ်.. :D
ကျနော့်လို အားအားယားယား လက်ကမြင်းကြောထတတ်တဲ့ သူငယ်ချင်းများ အတွက် မျှဝေပေးလိုက်တာပါ...
ဒီဟာကို မကလိခင် Registry ကို Back up အရင် လုပ်ထားကြဖို့ ကြိုတင်သတိပေးထားပါရစေ >>>> ဘာလို့လဲဆိုတော့ ကျနော့်ကို မယုံလို့ပဲဖြစ်ဖြစ် .. ကိုယ့်ကိုယ်ကို မယုံလို့ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် Registry ကို ကလိမယ်ဆိုရင် Back up အရင် လုပ်ထားကြပါ.. Registry က Windows ရဲ့ အသက်ပါပဲ.. တစ်ခုခု Error တက်သွားရင် Windows အသစ်ပြန်တင်နေရမှာစိုးလို့ သတိပေးတာပါ..။
ကဲ စပြီနော်..
၁. Start >>> Run
၂. Regedit လို့ Run ထဲမှာရိုက်တဲပြီး OK ပေး
၃.Left-pain window က HKEY_CURRENT_USER / Software / Microsoft / windows /
Current version / Explorer /CLSID ရောက်တဲ့အထိ + လေးတွေကို အဆင့်ဆင့်ဖြည်သွားပါ။
၎.အဲဒီမှာ 645ff040-5081 ဆိုတဲ့ key ကို Registry Editor ရဲ့ Left-pain window မှာ Select လုပ်လိုက်ရင်..
Right-pain window မှာ "Default" ဆိုတဲ့ နာမည်နဲ့ string value type key တစ်ခုကို တွေ့ပါလိမ့်မယ်။။
၅.အဲဒါကို Double click ပြီင်္း ပေါ်လာတဲ့ window ရဲ့ value data နေရာမှာ "အမှိုက်ပုံး" ဒါမှမဟုတ် မိမိနှစ်သက်ရာ စာသားကိုရိုက်ထည့်နိုင်ပါတယ်။ ပြီးရင်တော့ OK နှိပ်ပြီး Desktop ပေါ်မှာ Refresh လုပ်လိုက်ပါ။
(value data နေရာမှာ မြန်မာဖောင့် ကို လေးထောင့်တုံးတွေ အနေနဲ့ပဲ မြင်ရပေမယ့် Desktop ပေါ်က Recycle Bin ကတော့ တကယ့် "အမှိုက်ပုံး" ဘ၀ ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်...ဟိဟိ။

အားအားယားယား လက်ကမြင်းကြောထတတ်တဲ့ သူငယ်ချင်းများ အတွက် ကြေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။။
ပျော်ရွှင်ကြပါစေ....