Friday, April 1, 2011

Gtalk နာမည်ဖျက်ပေးတဲ့ ဆော့ဝဲလ်

ဒီဆော့ဝဲလ်လေးကို သိတဲ့ အကို ၊ အမ များကတော့ ကျော်ပြီးတော့ ဖတ်ပေးပါခင်ဗျား... မသိသေးတဲ့ ညီအကို မောင်နှမ များ အတွက် ရည်ရွယ်ပါတယ်ခင်ဗျား...ဒီဆော့ဝဲလ်ကို ပြန်လည်မျှဝေခွင့်ရအောင် သင်ကြားပေးတဲ့ ဆရာသမား
ကိုဝူး(ခေါ်) who am i ကိုလဲ ကျေးဇူးတင်ကြောင်းပါခင်ဗျား....

ကျနော်တို့ ဆိုင်ဘာမှာ အင်တာနက်သွားသုံးရင် အများအားဖြင့်တော့ ဂျီတော့ကိုတော့ သုံးကြပါတယ်... ကျနော်တို့
ဂျီတော့ သုံးပြီး ပြန်ထွက်လာတဲ့အခါ ကျနော်တို့ရဲ့ နာမည်လေးတွေ ကျန်ခဲ့တာကို သတိထားမိမှာ မဟုတ်ပါဘူး....ကျနော်တို့ ဂျီိတော့ကို Exit နဲ့ ထွက်ခဲ့ပေမဲ့ Registry Editor ထဲမှာတော့ ကျန်နေခဲ့ပါတယ်... ဒါကြောင့်
ကျနော်တို့ ဂျီတော့အကောင့် နာမည်လေး မကျန်ခဲ့စေချင်ရင်တော့ အောက်က ကျနော် တင်ပေးတဲ့ ဆော့ဝဲလ်လေးကို
ဒေါင်းပြီး ရမ်းလိုက်ရင် အဆင်ပြေပါလိမ့်မယ်ခင်ဗျား....
သုံးပုံ သုံးနည်းကတော့ လွယ်ပါတယ်။ ဆော့ဝဲလ်ကို ရမ်းလိုက်ရင် ဘောစ့်တစ်ခု ကျလာပါလိမ့်မယ်..စစ်ဆေးမည် ဆို
တာလေးကိုနှိပ်လိုက်ပါ...ပြီးရင်တော့ ok ပေါ့နော်...ဒါဆိုရင် ဂျီတော့ အကောင့်တွေ မြင်တွေ့ပါလိမ့်မယ်...ကိုယ့်အကောင့်
ပါရင်တော့ select လုပ်ပြီးတော့ ဖျက်မည်ပေါ့နော်...အင်း ...ကိုယ်က စေတနာရှိလို့ သူများအကောင့်ကို ဖျက်ပေးခဲ့ချင်
တယ်ဆိုရင်တော့ အားလုံး နေရာလေးမှာ အမှန်ခြစ် ပေးပြီတော့ ဖျက်မည် ပေါ့နော်...ဒါလောက်ဆိုရင်တော့ ရမည်လို့
ထင်ပါတယ်...
ဖိုင်ဆိုဒ် ကတော့ သေးသေးလေးပါ...28KB ပဲရှိပါတယ်...

အောက်မှာ ဒေါင်းလုတ်လင့် ပေးထားပါတယ်...copy , paste လုပ်ပြီးတော့ ဒေါင်းလိုက်ပါနော်...

http://www.mediafire.com/download.php?axvwnjdn9ynej37