Friday, April 1, 2011

Gtalk Shell (or) Gtalk က ပုံများကို အော်တိုပြောင်းပေးတဲ့ဆော့ဝဲလ်

   လာပြန်ပြီနော်..ဂျီတော့ရှဲလ်တဲ့....ဂျီတော့က ပုံကို အော်တိုပြောင်းပေးတဲ့ ဆော့ဝဲလ်လေးပါခင်ဗျား....ကျနော်ရဲ့ ဆရာသမားက
 ကျနော့်ကို စမ်းသုံးပြီး ပြန်ဝေမျှပေးပါဆိုလို့ ဒီ ရွှေမြန်မာဥယာဉ်ဆိုဒ် က သူငယ်ချင်းများကို တဆင့် ပြန်ပြီးဝေမျှလိုက်ပါတယ်နော်...
 သိပြီး၊ ရှိပြီး ကိုကို ၊ မမ များ အတွက်ကတော့ ၀န္ဒာမိ ပါခင်ဗျား....မသိသေးသော သူငယ်ချင်း ၊ မိတ်ဆွေ များအတွက်ကတော့
 အောက်မှာ ဒေါင်းလိုက်ပါခင်ဗျား....
    ကျနော် စမ်းသုံးကြည့်တာ အရမ်းကို မိုက်တယ် ( ခုခောတ်စကားပေါ့နော်) ၊ အမြင်လေး ဆန်းတာကို တွေ့ရပါတယ်...ကျနော်ကတော့
 ပုံကို 10 ပုံလောက်ထည့်ထားပြီး သုံးကြည့်တာ တပုံပြီး တပုံပြောင်းနေတော့ တစ်မျိုးလေးပေါ့....ကဲ လေရှည်နေတာနဲ့ လိုရာခရီးကို မ
 ရောက်တော့ဘူး...

    ဂျီတော့ရှဲလ်  ကို ဒေါင်းလိုက်နော်....သုံးရတာတော့ လွယ်ပါတယ်...ဒါပေမဲ့ သုံးရတာ အဆင်မပြေဖြစ်ခဲ့ရင်တော့ အောက်မှာ ပုံနဲ့
  ရှင်းပြပေးထားတဲ့ word ဖိုင်လေးကို ဒေါင်းပြီး ကြည့်လိုက်ပါနော်..

   အသုံးပြုပုံ  ကို ရှင်းပြထားပါတယ်ခင်ဗျား....
                 အသုံးပြုပြီးတော့ ပျော်ရွှင်နိုင်ကြပါစေဗျား....
                                                                                     အားလုံးကို  ခင်မင်လေးစားလျှက်ပါ.....