Friday, April 1, 2011

Folder Background (or) ဖိုဒါများ၏ နောက်ခံများကို အရောင်မျိုးစုံပြောင်းပေးသော ဆော့ဝဲလ်

     ကျနော် ဒီနေ့ တင်မည့်ပိုစ့်လေးကတော့ ဖိုဒါများ၏ နောက်ခံများကို အရောင်မျိုးစုံပြောင်းပေးတဲ့ ဆော့ဝဲလ် အကြောင်းလေးပါခင်ဗျား...
 သိပြီးသား အကို အမ များအတွက်ကတော့ ဘာမှ အသုံးမ၀င်ပေမဲ့ မသိသေးတဲ့ သူများအတွက်ကတော့ အဖိုးတန်မှာပါ...
     ခေါင်းစဉ်ကိုလည်း နားလည်လွယ်အောင်ပေးထားတာပါ.... ဟုတ်ပါ့မလားတောင် စိုးရိမ်မိပါတယ်.. ဆော့ဝဲလ်ကို သုံးကြည့်မှပဲ
 နားလည်ပါလိမ့်မယ်ခင်ဗျား...ဖိုင်ဆိုဒ်က သေးသေးလေးဆိုတော့ ပေါ့ပေါ့ ပါးပါးလေးပါ...  အောက်မှာ ဒေါင်းပါခင်ဗျား....

  IML.EXE ကိုဒေါင်းပါ...

 mediafire နဲ့ ဒေါင်းလို့အဆင်မပြေဖြစ်ကြတဲ့ သူများအတွက်ကတော့ အောက်မှာဒေါင်းပါခင်ဗျား..

  င်္Folder Background
   ကိုဒေါင်းပါခင်ဗျား....

  အသုံးပြုပုံ ကတော့ မခက်ခဲပါဘူး...ဒေါင်းလို့ရလာတဲ့ဆောဝဲလ်လေးကို  နောက်ခံ ဘက်ဂရောင်းပြောင်းလိုတဲ့ ဖိုဒါထဲကို ထည့်လိုက်ပါ..
 ပြီးတော့ double click ပေါ့... Next----> Modify background picture and filename appearance ကို အမှန်ခြစ်ပေးလိုက်ပါ...
 ပြီးရင်တော့ Next ပေါ့....အဲဒီမှာ နောက်ခံအရောင်လေးတွေ အများကြီးတွေ့ရမှာပါ...မြှားလေးနဲ့ အပေါ်အောက်ရွှေ့ကြည့်လိုက်ပါ...
 မိမိကြိုက်တဲ့အရောင်ကို ကလစ်ပြီးတော့ .. Next ကိုဆက်သွားပါ...ပြီးပါက Finish ပေါ့နော်... အားလုံးပြီးပါက ဖိုဒါကို ပိတ်ပြီး ပြန်ဖွင့်
ကြည့်ပါက မိမိပြောင်းထားသော နောက်ခံ အရောင်ကို တွေ့ရမှာပါ..ကိုယ်က မကြိုက်တော့လို ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ နောက်ခံ
အရောင်တွေရဲ့အပေါ်ဆုံးက None ကို ကလစ်ပြီး အပေါ်က အတိုင်းလုပ်သွားရင် မူလ အတိုင်းပြန်ဖြစ်သွားပါပြီ....
    စမ်းလုပ်ကြည့်ကြပါအုံးနော်....ပျော်ရွှင်ကြည်နူးကြပါစေခင်ဗျား...

                  အားလုံးကို ခင်မင်လေးစားလျှက်ပါ....