Monday, October 18, 2010

Avira.AntiVir.Premium.V10.0.0.603-Plus.Key.till-30-8-2011

Avira.AntiVir.Premium.V10.0.0.603
ဟိုနေ့က သူငယ်ချင်းတစ်ယောက်အဖြစ်လေးရယ်ချင်မိတာနဲ့ စကားစပ်လို့ပြောပြဦးမယ်..။သူက သီချင်းဒေါင်းမယ် ဗွီဒီယိုတွေဒေါင်းမယ် software တွေဒေါင်းမယ် Download ဆိုတဲ့ link ကလစ်လို့ရတာမှန်သမျှ အကုန်ဒေါင်းတယ် ဘယ်လောက်ဆိုးလဲ။သူ့စက်က တင်ထားတာက AVG တဲ့ အဲလိုဒေါင်းရင်ဟိုမေးသည်မေးနဲ့မို့ပြန်မဖြေမိတဲ့အချိန်တွေဆို ဒေါင်းလော့ ကမသွားတော့ဘူးဆိုပဲ အဲဒါကြောင့်ဖြုတ်ထားလိုက်တယ်တဲ့ ပြီးတော့လေးတယ်လို့လည်းပြောတယ်။ဟုတ်တော့ဟုတ်တယ် ကျွန်တော်လည်း AVG ကိုမကြိုက်ဘူး ဘာလို့မကြိုက်လဲဆိုတော့ တစ်ခြား Antivirus program တွေထက်သူက အလုပ်လုပ်တာနှေးပါတယ် ပေါ့ပေါ့ပါးပါးမရှိပါဘူး ကျွန်တော်လည်း kaspersky မသုံးနိုင်သေးခင်က Avira ကိုပဲသုံးခဲ့တယ် သူက နည်းနည်းပေါ့တယ်ဗျ။kaspersky crack သုံးလို့အဆင်မပြေသူတွေအတွက်တော့ ဒီကောင်လေးကိုသုံးထားနှင့်ပေါ့ဗျာ..။
စောစောက စကားဆက်ဦးမယ် အဲလို AVG ကိုဖြုတ်ထားပြီး သူလည်းတစ်ခြားတစ်ခုခုကို တင်သုံးချင်တယ်ဆိုတာနဲ့ ကျွန်တော်လည်း Bitdefender 2011 ကိုပို့ပေးလိုက်တယ် သုံးကြည့်ပေါ့ အဲဒီအချိန်တုန်းကလည်း Avira က ကျွန်တော်ဆီမှာမရှိသေးပဲကိုး အဲဒါနဲ့ ဆရာသမားကို Bitdefender ပေးလိုက်တာ serial နဲ့ပါ Install လုပ်ပြီးတော့ စက်ကို Reboot လုပ်ခိုင်းတာနဲ့လုပ်လိုက်တယ်တဲ့ Windows ပြန်တက်လာတော့''' တတီတီ'''နဲ့မြည်နေတယ်desktop background ပဲတွေ့ရတယ် တစ်ခြားဘာ key မှရိုက်လို့မရဘူးတဲ့ taskbar ကလည်းပျောက်နေတယ်တဲ့ အဲဒါနဲ့Restart ပြန်ချတယ် စောစောကလိုပဲ မြည်နေတယ် ဒါပေမယ့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ် IE ကိုဖွင့်တယ် Google search bar မှာ ဘာမှရိုက်လို့မရတော့ဘူး (=)ညီမျှချင်းတွေပြေးနေတယ် Gmail ဖွင့်တယ် login name မှာလည်းအဲလိုပဲ (=) တွေပဲပြေးနေတယ်တဲ့ virus ''virus ''ဆိုပြီးငိုသံပါကြီးနဲ့ဖုန်းဆက်ပါလေရော...။
ကျွန်တော်လည်း ခေါင်းကြီးသွားတာပေါ့ ''ဟိုက်'' ငါပေးလိုက်တာ virus မပါပါဘူး ဘယ်လိုဖြစ်လို့ပါလိမ့်ဆိုပြီးအသေအချာမေးပြီး ''မင်းစက်ရဲ့ ကီးဘုတ်က (+)+(=) ဆိုတဲ့ key ကိုများဖိထားမိသလား ဒါမှမဟုတ် ဖိမိပြီးပြန်မတက်တာလားဆိုပြီး အကြည့်ခိုင်းလိုက်တော့မှ အီးးးးးး ဟုတ်တယ်တဲ့ ငါစောစောက မကြည့်မိလို့ဆိုပြီးဖုန်းကိုကပြာကယာချပစ်လိုက်တယ် မဟုတ်ရင်ကျွန်တော်က ဆဲတော့မှာကိုသူသိတယ်လေ။ရယ်လည်းရယ်ချင် စိတ်လည်းရှုပ် ဖြစ်သွားတာပေါ့ဗျာ တစ်ပြိုင်နက်ထဲမှာပဲ ဘယ်ပြဿနာမျိုးပဲဖြစ်ဖြစ် စိတ်ကိုအရင်ဦးဆုံး အေးအေးလေးထားပြီး အခြေနေအရပ်ရပ်ကို အသေအချာလေးသုံးသပ်ဖြေရှင်းပါမှ ပြေလည်နိုင်မယ်လို့လည်း ဆင်ခြင်လိုက်မိတယ်...စကားတောင်ရှည်သွားပြီ အောက်မှာ လိုချင်ရင်တော့ယူလိုက်ကြပေါ့ဗျာ key တစ်ခါးတည်းပါပြီးသားပါ..
AviraV10.0.0603
zip ဖြည်ရင် password ဖြည့်ပေးရပါ့မယ် crooner လို့ဖြည့်ပေးလိုက်ပါ..........