(၁) မိမိတို့ ရဲ့  ကိုယ်ပိုင်ကွန်ပျုတာ ပေါ်မှာတင် Install and configure Tomcat လုပ်ဆောင်ပုံ။
(၂) DOS Prompt window မှနေပြီးတော့ start and shutdown Tomcat Web Sever. ကို အတူတူလေ့လာချင်ပါတယ်။
Note: မိမိစက်ထဲမှာ java (JDK) ကို install လုပ်ထားပါ။
How to install Tomcat
အဆင့် (၁) ပထမဦးစွာ ကျနော်တို့ Tomcat web site ( : http://tomcat.apache.org/) ကိုသွား ပြီး tomcat web sever ကိုဒေါင်းလိုက်ပါ။

အဆင့် (၃) အထက်ဖော်ပြပါ zip ဖိုင်ကို unzip(extract) လုပ်ပါ။ ပြီးလျှင် extract လုပ်ပြီး ရလာတဲ့ file လေးကို မိမိ စက်ရဲ့  system insatall လုပ်ထားရာ drive ဥပမာ(C:\ ) ထဲကို ကော်ပီ ကူးပြီး paste လုပ်ပါ။


servlet-api.jar jsp-api.jar el-api.jar
tomcat-dbcp.jar

ဥပမာ သူငယ်ချင်းရဲ့ စက်ထဲမှာ ( C:\Program Files\Java ) ဆိုပြီးရှိပါလိမ့်မယ်။ အဲမှာ JDK1.6.0 ရယ် JRE1.6.0 ရယ် ရှိပါလိမ့်မယ်။
JDK1.6.0 ထဲကိုဝင်ပြီး Jre ဆိုတဲ့ folder ထဲကိုဝင်လိုက်ပါ။ ပြီးရင် libဆိုတဲ့ folder ထဲမှာ ခုဏ ကော်ပီးကူးထားတဲ့ jar file လေး files ကို paste လုပ်လိုက်ပါ။
(ဒီနေရာမှာ JAR ဆိုတာ Java Archive files ဖြစ်ပါတယ်။ သူ့ မှာ JDK နဲ့ JRE က servlets နဲ့ JSP ဖိုင်တွေကို develop လုပ်ဖို့ အတွက် java classes တွေပါဝင်ပါတယ်။ )
The File Structure of Tomcat

conf : က သူမှာ websever manager ရဲ့ password လိုပြင်တာမျိုးတွေ port တွေချိန်တာမျိုးတွေ စတဲ့ ( server.xml, context.xml and web.xml) ဖိုင်တွေ ကို configuring တွေလုပ်ဆောင်ဖို့ ပါ။
lib : ကတော့ JAR ဖိုင်တွေပါဝင်ပါတယ် JAR ဟာ အပေါ်မှာ အနည်းငယ်မိတ်ဆက်ခဲ့သလို web application တွေအတွက်လို အပ်တဲ့ classes ဖိုင်တွေပါဝင်ပါတယ်။
logs : log files တွေပါ။
temp : JVM (Java Virtual Machine) မှ Temporary files တွေ အတွက် အသုံးပြုရန်။
webapps : မှတော့ web application တွေအတွက် directires and files များ။
works : မှာ Tomcat က JPS ဖိုင်တွေအတွက် generates လုပ်ဖို့ Servlets အတွက် source code တွေ classes ဖိုင်တွေ ပါ။
Release-Notes : ကတော့ လောလောဆယ် ထွက်ရှိနေတဲ့ tomcat ရဲ့ အထွေထွေသတင်းတွေပါ။
running.txt : မှာ starting and shuting down စတာတွေလုပ်ဖို့  လုပ်ဆောင်ပုံအဆင့်ဆင့်ရေးထားပါတယ်။
ကျနော်တို့  နောက်ဆုံးပြင်ဆင်ဖို့ တခုကျန်နေပါသေးတယ် JAVA_HOME environment variable ကြေငြာပေးဖို့ ပါ။
How to set the JAVA_HOME environment variable

ပထမဆုံး C:\tomcat\bin ထဲကိုသွားလိုက်ပါ။
ဒုတိယအဆင့်အနေနဲ့ Catalina. bat ဆိုတဲ့ဖိုင်လေး ရှာပါ။ တွေ့ ရင် right click edit လုပ်ပါ ( Notepad or any textpad ဖြင့်) ဖွင့်ပြီး REM နဲ့ ရေးထားတဲ့
နောက်ဆုံးစာကြောင်းအောက်မှာ Enter တချက်နှိပ်ပြီး စာတကြောင်း ရရယူပါပြီးတော့။
set JAVA_HOME=C:\Program Files\Java\jdk1.6.0ဆိုတာကို ထည့်ပြီး save လုပ်လိုက်ပါ။
ဒီလို save ပြီးရင်တော့ tomcat ကို stop လုပ်ပြီး restart လုပ်ဖို့ လိုပါတယ်။
ဒါဆို tomcat ကို command prompt မှာ start and shutdown လုပ်နည်းလေးအတူတူလေ့လာကျရအောင်။

ဒါဆို cd \tomcat\bin လို့ ရိုက်လိုက်ပါ။
ခု သူငယ်ချင်းစက်ရဲ့ document and setting ထဲကို default ရောက်နေပါလိမ့်မယ်။ ဒါကြောင့် cd က (change directory ) လို့ ပြောလိုက်တာပါ ပြီးတော့ tomcat ထဲက bin ထဲကိုဝင်ခိုင်းလိုက်တာပါ။ခုက တခါထဲရိုက်ခိုင်းလိုက်တာပါ.။ ( တဆင့်ခြင်းသွားချင်ရင် cd \ ဆို ရင် C:\ ထဲကိုရောက်သွားမယ်။ အဲပြီးရင် cd tomcat လို့ ရိုက်ရင် tomcat ထဲဝင်မယ် ပြီးရင် cd bin လို့ ရိုက်လိုက်ရင် bin ထဲရောက်သွားပါပြီ။ဒီလို တွေမရိုက်ချင်လို့ ရှုတ်မှာဆိုးလို့  အပေါ်ကလို တကြောင်းထဲရိုက်လိုက်တာပါ။)
bin ထဲရောက်နေရင် startup ဆိုတာနဲ့  ဒီလိုလေးပွင့်လာပါမယ်။
ပိတ်ချင်ရင် တော့ shutdown ပါ။
How to view a web page via an HTTP URL
1. Tomcat ကို အထက်ကလို run လိုက်ပါ။
2. Browser ကိုဖွင့်လိုက်ပါ။
3. မိမိခေါ်လိုတဲ့ URL ကိုရိုက်လိုက်ပါ.။ ခုတော့ localhost:8080 လို့ ရိုက်လိုက်ပါ။ ဒါဆို local hosting ကျလာပါမယ်။
The components of an HTTP URL

http://localhost:8080/ http://localhost:8080/examples/servlets/How to view a web page via an HTTP URL
http://localhost:8080/examples/jsp/
- Start Tomcat.
- Start your web browser.
- Type an HTTP URL into your web browser and press Enter.

လိုအပ်တာများရှိခဲ့ရင် ဖြည့်စွက်ပြောသွားပါအုံး ကျနော်လဲ လေ့လာဆဲမို့ ပါ။ အတူတကွလေ့လာချင်း တွေလုပ်ကျတာပေါ့။
မူရင်းဆိုဒ် Mistake 51 Area