HTMLရေးတတ်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့ ။
ကျတော်အားလုံးအဆင်ပြေအောင် ပုံလေးနဲ့တစ်ဆင့်ချင်းဆီပြပေးပါ့မယ်။
သိတဲ့သူတွေက တိုးတိုးလေးနေပေးကြပါနော်..:)
အရင်ဆုံးဒီနေရာ ကိုအရင်ဆုံးသွားလိုက်ပါ ။
ဒီလိုပုံမျိုးမြင်ပါလိမ့်မယ် ။

အဲ့မှာ Download WiseStamp ကိုပေးလိုက်မယ်ဆိုရင်.
အပေါ်ဆုံးမှာ မြင်တွေ့နေတဲ့ Allow ကိုပေးလိုက်ပါ ။

ဒီဘောက်လေးတတ်လာပါ့မယ် ။
Install Now ကိုပေးလိုက်ပါ ။
ဒါထက်ပေါ်လာပါ့မယ် ။
အဲ့ထဲက Restart Firefox ကိုပေးလိုက်ရင်လည်းရပါတယ် ။ မပေးရင်လည်း ပိတ်လိုက်ပါ ။
ပြီးရင်တော့ Firefox အကုန်လိုက်ပိတ်ပါ ။

နောက်ဆုံးပြီးရင် ကိုယ့်မေးလ်ကိုကိုယ်ပြန်ဖွင့်ပြီး Compose Mail ကိုဖွင့်ပါ ။

အဲ့မှာကျတော်ဝိုင်းပြထားတဲ့ အတိုင်းမြင်မှာပါ ။
အဲ့လိုမြင်ပြီဆိုရင်တော့ ခုအောက်မှာပြထားတဲ့အတိုင်း အပေါ်ဆုံးမှာရှိနေတဲ့ WiseStamp ကိုထောက်လိုက်ရင်
ဒီလိုပုံမျိုးထက်ပေါ်လာပါ့မယ်။ အဲ့ထဲမှာ Open WiseStamp ကိုပေးလိုက်ရင်

ဒီဘောက်ထက်ကျလာပါ့မယ် ။

အဲ့ထဲက HTML ကိုပေးလိုက်ပါ ။

အဲ့ဘောက်ထဲမှာ ကိုယ်ထည့်ချင်တဲ့ HTML ကိုထည့်ပါ့မယ် ။
သီဟအဆင်ပြေတာလေးထည့်ပြပါ့မယ် ..

ပြီးရင်တော့ Update ကိုပေးလိုက်ပါ ။

Apply ပေးမယ် ။ Ok ပေးမယ် ။
Firefox ကို Reload ပြန်ပေးပါ ။
ဒီတိုင်းမြင်ရပါ့မယ် ။

ပြီးသွားရင် ကိုယ်ပို့ချင်တဲ့သူကိုပို့လိုက်ပါ ။ တစ်ကယ်လို့အဲ့ဒါကိုမဖျက်ဘူးဆိုရင်
ဘယ်သူ့ကိုပို့ပို့ဒါကြီးပါနေမှာပါ ။
ဘယ်လိုဖျက်မှာလဲဆိုရင်တော့ HTML ဘောက်ထဲထည့်ထားတဲ့ဟာတွေ အကုန် Delete ပေးလိုက်ပြီး
Apply ပေး Ok ပေးလိုက်ရုံပါပဲ ။
HTML တစ်ခုထဲတင်မကပါဘူး ။ စမ်းသပ်ချင်စမ်းသပ်လို့ရပါတယ် ။
တစ်ကယ်လို့အဆင်မပြေရင် ကျတော့်စာမျက်နှာမှာစာချန်ခဲ့ပါ ။
သူငယ်ချင်းများအားလုံးလေးစားလျှက်ပါခင်ဗျာ..