Wednesday, September 1, 2010

ရည်မှန်းချက်( ၁ )

လူအတော်များများ က ရည်မှန်းချက် ဟုပြောလိုက်တာနဲ့ .....ဒါလေးများ သိပါတယ် ကွာ ဟုထင်ကြပေမည်။
တကယ်သိရဲ့လား...........ကဲသိရင် ဖြေဗျာ .......ခင်ဗျား....သင် သို့မဟုတ် မင်း ရဲ့ ရည်မှန်းချက်ကဘာလဲ...( ဒီမေးခွန်းက အသက် ၁၈ လောက်ကနေ ၃၀လောက်အထိ  ရှိတဲ့လူတွေ ကိုရည်ရွယ်ပါတယ်.)..ကျွန်တော်မေးမှ အင်................ငါ့ ရည်မှန်းချက်ကဘာပါလိမ့် လို့  စဉ်းစားတဲ့လူ က ၈၀ %ရှိပါလိမ့်မယ်..
ဟုတ်ပါတယ်...ကျွန်တော်ဘာကြောင့်ဒီလိုပြောနိုင်ပါသလဲ...ကျွန်တော့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူငယ် အတော်များများကို မေးဖူးတဲ့ အတွက်ပါ....အတော်များများက ရည်မှန်းချက်ဆိုတာကို ကျွန်တော်က မေးလိုက်မှ.. အိပ်ယာ ကအိမ်မက်မက် ပြီး လမ်းလျှောက်နေတဲ့သူကို ......ပုတ်နိုးခံရသလို ဟေ့မင်းဘယ်သွားနေတာလဲ ဆိုမှ......ဟင်..ဟုတ်ပ...ငါဘယ်ကိုသွားနေပါလိမ့် လို့...စဉ်းစားမိသလိုပါပဲ...
စစဉ်းစားကြတယ်...
တချို့လဲ  ချက်ချင်းပြောနိုင်ပါတယ်....ကျွန်တော် ကျွန်မ ရည်မှန်းချက်ကဖြင့် ဘာ ပေါ့ ညာပေါ့.....
ဒါနဲ့ ကျွန်တော်က သူ့ရည်မှန်းချက်ဟာ ရည်မှန်းချက် ဟုတ်မဟုတ် ...ဆန်းစစ် ဖို့..အောက် ကမေးခွန်းတွေကို ဆက်မေးတယ်.......
သင် လဲ ကိုယ့် ကိုယ်ကို မေးကြည့်နိုင်ပါတယ်.....

( ၁ )သင့်မှာရည်မှန်းချက်ရှိတယ်ဆိုရင် ...ဘယ်အချိန်က စရှိခဲ့တာလဲ...
( ၂) အဲဒီ ရည်မှန်းချက်ကို ရောက်အောင် ဘာတွေလုပ်ခဲ့ပြီးပြီလဲ.....
( ၃ ) ခုရော....ဘာတွေလုပ်နေလဲ...
( ၄ )သင့်ရည်မှန်းချက်ကို ဘယ်သူတွေ ကိုဖွင့်ပြောပြဖူးလဲ...
( ၅ ) ဘယ်အချိန်မှာ သင့်ရည်မှန်းချက်ပြည့်ဖို့ ရည်ရွယ်ထားသလဲ
( ၆ ) သင့်ရည်မှန်းချက်ဟာတိကျမှု ရှိရဲ့လား

တချို့က ပြောတယ် ငယ်ငယ်က တည်းက တဲ့ .....ဒါနဲ့.နောက်မေးခွန်းကိုဆက်မေးတယ်...အဲဒီ ရည်မှန်းချက်ကို ရောက်အောင် ဘာတွေလုပ်ပြီးပြီလဲ....သွားပြီ ဒီမှာ သွားပြီ....အဲဒီ အကြောင်းကို သူဘာမှ မသိဖူး..ဘယ်လိုရောက်အောင်သွားမလဲဆိုတာလဲ မသိဖူး...အဲဒါနဲ့ ပါတ်သက်တဲ့ စာလေးတအုပ်တောင်မဖတ်ဖူးဖူး....ကဲ ဒါရည်မှန်းချက်လို့ခေါ်နိုင် လား...
ခုရော အဲဒါနဲ့ သက်ဆိုင်တာလုပ်နေလား ဆိုတော့လဲ ဘာမှ မလုပ်ဖူး.......
ထားပါတော့ ဒါမျိုးက တော့ရှိနိုင်တယ်လေ....ဥပမာ...တချို့ အခြေအနေ မပေးသေးလို့  နိုင်ငံခြားမှာ ရည်မှန်းချက်နဲ့ မသက်ဆိုင်တဲ့ အလုပ်လုပ်နေရတယ်...ငွေစုနေတယ်...ဒါပေမဲ့ တချိန်တည်းမှာ သူ့ရည်မှန်းချက်နဲ့ ပါတ်သက်တာတွေကို လေ့လာနေတယ် ....ပြင်ဆင်နေတယ်.....ဒီလိုလူမျိုးကြတော့ ..ဟိုပုံပြင်ထဲကလိုပဲ...ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှာ ကူးခတ်နေတဲ့ လူ ဟာ ...ရူးမိုက်တာမဟုတ်ဖူး...ဒီအချိန်မှာ သူလုပ်လို့ရတဲ့ အရာ တခုက ရေကူးနေတာပဲ....အဲဒါကို ပဲ သူလုပ်နေတယ်...ဒါပေမဲ့ သူ့ရည်မှန်းချက်က ကမ်း....ကမ်းကို မမြင် ရသေးပေမဲ့ စိတ်ထဲမှာ ရှိနေတယ်....ကမ်းကို ဘယ်လိုရောက်အောင် သွားမယ် ဆိုတဲ့ အတွေးတွေ ( ကောင်းကင် က ကြယ်တွေ ကို ကြည့်ပြီး အရပ်ကို မှန်းနေတာမျိုးပေါ့ ) ရှိနေတယ်....
နောက်ပုံပြင် တခု ရှိတယ်မဟုတ်လား.......နို့ခွက်ထဲကျတဲ့ ပုရွက်ဆိတ်နှစ်ကောင်လို...တကောင်က စိတ်လျှော့ပြီးဆက်မကူးဒါ သေသွားပေမဲ့  နောက်တကောင်က ကူးနေလို့ အနားရှိတဲ့ အဲယားကွန်းက ထပွင့်လာတော့ အပေါ်ယံ မလိုင်တင်းပြီး....အဲဒီ  ပေါ် တက်လျှောက်နိုင်လို့ အသက်ရှင်ရတယ် ဆိုတဲ့ ပုရွက်ဆိတ်လိုပေါ့...........လုပ်သင့်တာကို အခြေအနေရ လုပ်နေပေမဲ့ ရည်မှန်းချက်မပျက်ဖို့လိုတယ်..ဒီပုရွက်ဆိတ်လေး အနေနဲ့ ဆိုရင်သူ့ရည်မှန်းချက် က အသက်ရှင်ရေး ပဲ...
ဒါပေမဲ့ လူတွေ မှာ တော့ ဒီထက်ကြီးမြတ်တဲ့ ရည်မှန်းချက်တွေ ရှိဖို့လိုပါတယ်...
အိပ်ဖို့ စားဖို့ အသက်ရှင်ဖို့လောက်လေးစဉ်းစားနေရင် တော့ တရိစ္ဆန် နဲ့ ဘာခြားတော့မှာလည်း.....ရေးရင်း လည် သွားပြီ...........ရှေ့က မေးခွန်းတွေ ကို ဆက်ရမယ်ဆိုရင် ...
မေးခွန်း ၄  မှာမေးထားသလို..သင့်ရည်မှန်းချက်ကို ဘယ်သူတွေ ကိုဖွင့်ပြောပြဖူးလဲ..ဆိုတော့ ..တပည့် တယောက်ရှိတယ်.........မပြောပြဖူးတဲ့....သူများကို သူမပြောပြဖူးတဲ့....ကျွန်တော် ကလဲ ရှင်းတယ် နင် ဘာမှ မဖြစ်ဖူးလို့ပြန်ပြောလိုက်တယ်...ဘာလို့လဲ သိလား.....သူမပြောတာက ပြောပြီးမဖြစ်ရင် ဆိုတာကို တွေးနေလို့....သူကိုယ်သူ မဖြစ်ရင် ဆိုတာတွေးပြီး မယုံမှ တော့ဖြစ်လာစရာကို မရှိတော့ဖူး....ဒါကြောင့် ဒီမေးခွန်းလေးကိုမေးတာပါ....ရည်မှန်းချက် တကယ်ရှိတဲ့ တကယ်လဲဖြစ်ရမယ်လို့ ယုံကြည်တဲ့ သူဟာ သူ့ရည်မှန်းချက် ကို သူများကို ထုတ်ဖော် ပြောပြဖြစ်မှာ ပါ...
( ၅ ) နဲ့ ( ၆) ကတော့ ရှင်းပါတယ်....အချိန်ကန့်သတ်မှု ..နဲ့ တိကျတဲ့ သတ်မှတ်ချက် မပါတဲ့ ရည်မှန်းချက် ဟာ ရည်မှန်းချက် မဟုတ်ပါဖူး...စိတ်ကူယဉ်လို့ဆိုနိုင်ပါတယ်...
ဥပမာ။    ။ ငါတနေ့ကျရင် သူဠေးကြီးဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက်မျိုးပေါ့...တနေ့ဆိုတာဘယ်နေ့လဲ... သူဠေးကြီးဆိုတာ ဘယ်လောက် ချမ်းသာတဲ့ သူဠေးကြီးလဲ...