Thursday, September 2, 2010

Files\ Folders\ Drives တွေသော့ခတ်ထားမယ်!

ကွန်ပျူတာ သုံးစွဲနေကြတဲ့
မိတ်ဆွေ သူငယ်ချင်းတွေအားလုံးအတွက် အသုံးဝင်မယ်ထင်လို့ ဒီ Software
လေးရှယ်လိုက်တယ်ဗျာ။ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ
personal ကိစ္စတွေ
အခြား မိတ်ဆွေ သူငယ်ချင်းတွေ မသိစေချင်ရင် Files\ Folders\ Drives
စသည်ဖြင့်ဗျာ မိမိ နှစ်သက်တဲ့ Passwords လေးပေးပြီး ပိတ်ထားလို့ရတဲ့
နည်းလေးပါ။ အရင် ကျွန်တော် ဒီ software လေးနည်းတူ folder တွေကို software
လေး install လုပ်ပြီးပိတ်တဲ့ နည်းလေး မျှဝေဘူးပါတယ်။ ဒီကောင်လေးကတော့
Drivers တွေတစ်ခုချင်းကိုပါ lock ချထားလို့ရပါတယ်။
မိမိကွန်ပျူတာတစ်ခုလုံးကို Passwords နဲ့လည်း ပိတ်မထားချင်ဘူး..
အရေးကြီးတဲ့ Files\ Folders\ Drives တွေကို ရွှေးပြီး lock လုပ်ထားချင်တယ်
Hide လုပ်ထားချင်တယ် ဆိုတဲ့ မိတ်ဆွေများအတွက် အဆင်ပြေဆုံးပါပဲ။
မိတ်ဆွေတို့ နှစ်သက်လိမ့်မယ် ထင်ပါတယ် သုံးစွဲရတာလည်း လွယ်ကူပါတယ်။
မည်သူမဆိုပါ ကိုယ်ရဲ့ အရေးကြီးတဲ့ personal ကိစ္စတွေကို
အခြားတစ်ဦးတစ်ယောက် သိသွားမှာ မလိုလားကြပါဘူး ... ဒီအတွက် အသုံးလိုသော
မိတ်ဆွေများ ကျွန်တော်ပြောသလိုလေး ပိတ်ထားလိုက်ဗျာ။ အရင်ဆုံး ဒီ Software
လေးကို အောက်မှာဒေါင်းယူလိုက်ဗျာ..။

http://www.mediafire.com/?evcvrfg53r8o30p


ဒေါင်းယူပြီးရင် ဖိုင်ထဲမှာ FileLockPro42 ဆိုတဲ့ setup ဖိုင်လေးကို install လုပ်ရမှာဖြစ်ပါတယ်။
စသုံးမယ်ဆိုရင် FileLockPro42 ဆိုတဲ့ setup ဖိုင်လေးကို Double Click
ပေးလိုက်ပါ.. ပြီးရင် Box တခု ကျလာလိမ့်မယ်.. Passwords နဲ့ Email add
တောင်းပါလိမ့်မယ်.. ပြီးဆုံးအောင် install အဆင့်ဆင့်လုပ်သွားလိုက်ပါ။
Passwords ဆိုတဲ့နေရာမှာ email add ရဲ့ Passwords
မဟုတ်ပါဘူး မိမိနှစ်သက်တဲ့ passwords ကိုပေးလို့ရပါတယ်။
အဲဒီ Passwords ကမိမိ သော့ခတ်လိုက်တဲ့ ဖိုင်တွေ ဖိုဒါတွေ ဒရိုက်တွေကို ပြန်ဖွင့်တဲ့ နေရာမှာ အသုံးပြုပါတယ်။

ကျွန်တော်ပြောတာ သဘောပေါက်မလား မသိဘူး..။ အောက်က ပုံလေး ကြည့်လိုက်ဗျာ..။
ကျွန်တော့ ကွန်ပျူတာရဲ့ Drive တစ်ခု ကို Lock ချလိုက်တယ်.. Double Click
နဲ့ပြန်ဖွင့်ရင် အောက်က ပုံလေးလို Passwords တောင်းပါတယ်.. ဒီသဘောလေးပါ..။

စိတ်ဝင်စားတဲ့ မိတ်ဆွေများ သုံးကြည့်ဗျာ အဆင်ပြေမှာပါ..။ ကျွန်တော် ရှင်းလင်းချက်ကို နားမလည်ဘူး အဆင်မပြေဘူးဆိုရင်
မေးမြန်းနိုင်ပါတယ်။ Crack နဲ့ Keygen ဖိုင်လေးတွေပါ ထည့်ပေးထားပါတယ်။ သုံးစွဲသူတိုင်း အဆင်ပြေပါစေဗျာ.......


...............♣ အဆင်ပြေပါစေ ♣................