
ဒီပုံမှာနောက်ခံကို filter effect သုံးမရပါဘူး တစ်ပြေးတည်းဖြစ်သွားမှာပါ ဒီတော့ လူပုံကိုဖြတ်ယူပြီး အဆင်သင့်လုပ်ထားတဲ့ photoshop file ထဲထည့်လိုက်ရင်လည်းလှပါတယ် ခုတော့ ကိုယ့်ဘာသာပဲ လုပ်ကြည့်ရအောင်ပါ လူပုံကိုဖြတ်ယူဖို့ Pen tool ကိုအသုံးပြုပါတယ် ဘာကြောင့်သုံးလဲဆိုရင် အခြား tools တွေနဲ့မတူတာက အလုပ်လုပ်ရင်းလည်း ထားခဲ့လို့ရပါတယ် နောက်ပြီး အသေးစိတ်အတိအကျဖြတ်နိုင်တာရော အသုံးပြုတတ်ရင်လွယ်ကူမြန်ဆန်တဲ့အတွက်ကြောင့်ပါ ကိုယ်အားသန်ရာနဲ့ဖြတ်လို့ရပါတယ။ Pen tool သုံးမယ်ဆိုရင်တော့ pen tools ကိုယူပါ သတိပြုရမှာကအပေါ်က toolbar က အနီရောင်ပြထားတဲ့အတိုင်း ဖြစ်ရပါမယ် ပြီးရင် လူပုံဘေးအနားသားအတိုင်း အစက်လေးတွေချသွားပါတယ် ကွေးဖို့လိုအပ်လာရင် အစက်ချနေတုန်း mouse ကိုမလွတ်ပဲ drag လုပ်ပြီးကွေးနိုင်ပါတယ် ပုံ ၂ပုံလောက်ဖြတ်ကြည့်ပြီးရင်တော့ လက်မှန်းရသွားမှာပါနော်

ကွေးပြီးလို့ နောက် point တစ်ခုချတဲ့အခါ match မဖြစ်ခဲ့ရင် Alt ဖိပြီး ပထမ point ရဲ့ အလယ်မှတ်ကို click လုပ်ပါ ဒါဆို အောက်မှာ မြင်နေရတဲ့အတိုင်းဖြစ်သွားပါတယ် ဒီအတိုင်း ပုံတစ်ပုံလုံးရအောင် click သွားပါ

ဒီလိုနဲ့ ပထမဆုံး point ပြန်ရောက်လာတဲ့အခါမှာ ပထမဆုံး point ကို ပြန်နှိပ်ပြီး ဆက်လိုက်ပါတယ်

ဆက်ပြီးသွားတဲ့အခါ ခုလိုမြင်ရပါလိမ့်မယ်

Ctrl+Enter နှိပ်ပါ ဒါဆိုပုံပါအတိုင်း select ဖြစ်ပါမယ် Ctrl+ Enter နှိပ်ဖို့အရေးကြီးပါတယ်

ပြီးရင်တော့ ပုံကိုတုံးတိကြီးမပြတ်စေချင်တဲ့အတွက် Ctrl+Alt+Dနှိပ်ပြီး feather 2 ပေးလိုက်ပါတယ်

Edit ထဲကနေcopy , paste သို့မဟုတ် Ctrl+C , Ctrl+V အောက်က background ကိုခဏ disable လုပ်တဲ့အခါ ပုံပါအတိုင်းမြင်ရမှာပါ

ပြီးတော့ အခန်းတစ်ခုရဲ့ ထောင့်တစ်နေရာကို 4x6 resolution 300 ထားပြီး crop လိုက်ပါတယ် ပြီးရင် layer 1 ကို ဆွဲတင်လိုက်ပါတယ် ဒါမှမဟုတ် past လုပ်လဲရပါတယ်

ဒီအတိုင်းထားရင်လည်း ပုံတစ်ပုံတော့ပြီးသွားမှာပါ ဒါပေမယ့် မိုးပြေးက ဒီအတိုင်းမထားချင်တဲ့အတွက် background ကို နောက် layer တစ်ခုပွားလိုက်ပါတယ် filter-->Render-->lighting effects ကိုနှိပ်ပါတယ်

ဟိုဖက်က setting တွေကိုလုံးဝမထိသေးပါဘူး ဒီဖက်က အလင်းကိုပဲ မိုးဟေကို မျက်နှာမော့ရာဖက် လှည့်ပေးလိုက်ပါတယ် ပြီးရင် ok ပါ

ပြီးရင်တော့ layer ထဲက soft light ပြောင်းပေးတဲ့အခါ ပုံပါအတိုင်းတွေ့ရမှာပါ နောက်ခံ ၂ခုကို ctrl+E နဲ့ပေါင်းလိုက်ပါတယ်

background ဟာ အလင်းထိုးထားရာနောက်က အကွက်လိုဖြစ်ပြီး သိပ် soft မဖြစ်တဲ့အတွက် အဲဒီအပိုင်းကို Patch tool နဲ့ select လုပ်ပါတယ် background soft ဖြစ်နေအောင် feather 20 ပေးလိုက်ပါတယ် ပြီးတော့ အနက်ဖက်ကို ရွေ့ပေးလိုက်ပါတယ် (blur လုပ်လဲရပါတယ် ကြိုက်သလိုသာလုပ်ပါ)

မိုးဟေကိုပုံကိုလဲနောက်ခံနည်းအတိုင်းပဲလုပ်ပါမယ် layer copy ပွားပြီး filter-->Render-->lighting effects ကိုပြန်သွားပါတယ် ဒီတစ်ခါတော့ အလင်းကိုမစူးပဲ ပြန့်စေချင်တဲ့အတွက် အလင်းကွက်ကို ကြီးပေးလိုက်ပါတယ် (ဘေးက setting မှာ ချိန်လဲရပါတယ် လောလောဆယ်ရှုပ်မှာစိုးတဲ့အတွက် မိုးပြေးကတော့ အလင်းကွက်ကိုပဲကြီးပေးလိုက်ပါတယ်)

ဒီပုံကိုလဲ soft light ပြောင်းပေးလိုက်ပါတယ်

ပုံကအလင်းကွာခြားမှုများနေတယ်ထင်လို့ opacity ကိုလိုသလောက် လျော့ချပေးလိုက်ပါတယ် ပြီးရင် ပုံ၂ပုံကို ctrl+E နဲ့ပေါင်းလိုက်ပါတယ်

နောက်ခံနဲ့ဆိုပုံကဖွေးနေတယ်ထင်လို့ အလင်းကိုပါလျော့ချလိုက်ပါတယ်

မိုးဟေကိုရဲ့ဆံပင်အဖျား ၂ခုဟာ သိသိသာသာနီရဲချွန်ထွက်နေတဲ့အတွက် burn tools နဲ့ လိုတဲ့အပိုင်းကိုပွတ်ပေးလိုက်ပါတယ်

ဒါဆိုရင်တော့ ပုံပါအတိုင်းရပါပြီ ဒီပုံမှာဆိုရင် မိုးဟေကိုကချွေးရွဲပြီး ဆံပင်တွေပြားကပ်နေတဲ့အတွက် ဆံပင်ကို ပွအောင်ပြန်လုပ်ပေးနိုင်ပါတယ်သေးတယ် ပြီးရင် ခြေထောက်ပိုင်းကိုလဲ background နဲ့ match ဖြစ်အောင်လုပ်နိုင်ပါသေးတယ် ဒီမှာတော့ အရမ်းရှည်သွားရင် စိတ်ညစ်သွားမှာစိုးလို့ ဒီအတိုင်းပဲထားလိုက်ပါတယ် လုပ်ကြည့်ပါဦးနော်

photoshop နဲ့ ပတ်သက်တဲ့ သုတလေးတစ်ခု တင်ပေးလိုက်ပါတယ်
အားလုံးအစဉ်ပြေပါစေ ..........................