Monday, January 24, 2011

Background ပြောင်းမယ် ၂ - Photo Shop Tutorial(Filter effect သုံးခြင်း)

ဒီတစ်ခါက အလွယ်ဆုံးပါ background လည်းအလွယ်တကူရှာမတွေ့ဘူး နောက်ခံကလည်းမသန့်လို့ဖြစ်ဖြစ် ပြောင်းချင်လို့ပဲဖြစ်ဖြစ် ပြောင်းမယ်ဆိုရင်တော့ ....
အစောက ပြင်ထားတဲ့တစ်ပိုင်းပုံလေးပါပဲ နောက်ခံကို Magic Wand tools နဲ့ select လုပ်လိုက်ပါတယ် Feather 2 ပေးလိုက်ပါတယ်
Filter-->Render-->clouds ကိုရွေးလိုက်ပါတယ်
မိုးပြေးကအဖြူနဲ့အပြာရွေးထားတဲ့အတွက် အဖြူနဲ့အပြာဝင်တာပါ ကိုယ်ကြိုက်ရာကာလာစပ်လို့ရပါတယ်


အဟဲ... ကြိုက်ဖူး Ctrl+Alt+Z နောက်တစ်ခုထပ်စမ်းမယ် Filter-->Brush Stokes-->Dark Stokes ရွေးလိုက်ပါတယ်
လိုသလောက်အတိုးအလျော့လုပ်နိုင်ပါတယ် ဒီမှာတော့ဘာမှမလုပ်ပါဘူး ဒီအတိုင်း OK လိုက်ပါပြီ
ဒါဆိုရင်တော့ နောက်ခံကိုအလွယ်တကူပြောင်းထားတဲ့ပုံလေးတစ်ပုံရလာပါပြီ ကိုယ်ကြိုက်ရာ effect များကိုလုပ်နိုင်ပါတယ် အလွယ်တကူနဲ့ထူးခြားမှုရှိတဲ့ပုံလေးတွေရလာမှာပါ


photoshop နဲ့ ပတ်သက်တဲ့ သုတလေးတစ်ခု တင်ပေးလိုက်ပါတယ်
အားလုံးအစဉ်ပြေပါစေ ..........................