Wednesday, January 12, 2011

မြန်မာစာယူနီကုတ်မရိုက်တတ်တဲ့သူတွေအတွက် Click နှိပ်ပြီ အသုံးပြုနိုင်မယ့်နေရာ



ISO Standard နဲ့အညီ ထုတ်လုပ်ထားတဲ့မြန်မာစာ Unicode Version 5.1 ကို အသုံးပြုချင်ပေမယ့် ယူနီကုတ်လက်ကွက်နဲ့ အကျွမ်းမ၀င်သေးတဲ့ သူတွေအတွက် အဆင်ပြေစေမယ့် Website လေးတစ်ခုကို ညွှန်ပေးချင်ပါတယ်။
          Myanmar Character Picker v11 ဟာ မြန်မာစာယူနီကုတ်အသုံးပြုလိုသူတွေ အတွက် ကိုယ့်ကွန်ပျုတာမှာ font တွေ Keyboard တွေ Install လုပ်စရာမလိုဘဲ Online ပေါ်မှတင် On Screen Keyboard တစ်ခုသဖွယ် အသုံးပြုစာရိုတ်နိုင်မယ့် Web Application site တစ်ခုဖြစ်ပါတယ်။ Facebook, Gmail, Twitter စတာတွေမှာ မြန်မာအက္ခရာ ဗျည်း၊ သရ၊ ကိန်းဂဏန်းတွေကို Character Map ကို ဖော်ပြပေးထားပြီး အသုံးပြုသူတွေနဲ့ ကိုယ်ရိုက် လိုတဲ့ဝါကျတွေ စကားလုံးတွေအတိုင်း သက်ဆိုင်ရာအက္ခရာတွေပေါ်မှာ Click နှိပ်ပြီး စာရိုက်သွားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ရိုက်လိုက်တဲ့ စာသားတွေကို ဇယားအောက်က Text Box မှာ ယူနီကုတ်အနေနဲ့ ပြန်လည်ဖော်ပြပေးမှာ ဖြစ်လို့ ကူးယူပြီးလိုရာမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
          တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အညီ မြန်မာယူနီကုတ်ကို အဆင့်မြင့်မြင့် ပြောင်းလဲအသုံးပြုလိုသူတွေအတွက် ဒီလင့် မှာ သွားရောက်အသုံးပြုနိုင်ပါတယ်။ ယူနီကုတ်နဲ့ စာရိုက်တဲ့အခါ ဗျည်းကို အရင်းရိုက်ပြီးမှ ကျန်သရတွေကို ရိုက်ရသလို ရယစ်၊ အောက်ကမြစ် စတာတွေမှာလည်း မျိုးစုံကွဲပြားမနေဘဲ တစ်မျိုးတည်းကပဲ ကိုယ်ရိုက်တဲ့စာသားနဲ့ လိုက်လျော့ ညီထွေဖြစ်အောင် အလိုအလျောက် ချိန်ညှိပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။