Thursday, January 27, 2011

SWF To Video Conveter ( SWF ဖိုင်ကို Video ပြောင်းမယ်

Swf file ကို ကူးပြီး နားထောင်ချင်တယ်၊ ဗီဒီယို ပြောင်းတာရှိလာ ဆိုတဲ့ မေးခွန်းတွေကြောင့် ရှာပြီး တင်ပေးလိုက်ပါတယ်... လုပ်ရတာ လွယ်တဲ့ ဖိုင်လေးမို့ တင်ပေးလိုက်ပါတယ်... SWF file ကူးပုံကူးနည်း နဲ့ တကွ ဗီဒီယို ဘယ်လို ပြောင်းမလဲ ဆိုတာ တဆက်တည်း တင်ပြသွားပါ့မယ်...

ပထမဆုံးအနေနဲ့ Flash file ( SWF file )ကို ကူးဖို့ ကျွန်တော်တင်ပေးထားတဲ့(ကိုထွန်းထွန်း ဖန်တီးခဲ့တဲ့) flash သီချင်းများကို right click ထောက်လိုက်ပါ... ပြီးရင် Firefox နဲ့ သုံးရင် Save link as ဆိုတာနှိပ်ပြီး ကိုယ်ကြိုက်တဲ့ နေရာမှာ သိမ်းထားနိုင်ပါတယ်... Internet Exploder မှာတော့ save as target ကို နှိပ်ပြီး သိမ်းနိုင်ပါတယ်...

သိမ်းပြီးပြီဆိုရင် ဘယ်လိုပြောင်းမလဲ??? ပုံကို အရင်ကြည့်ကြပါမယ်...



လွယ်ပါတယ် ခင်ဗျာ... အထက်ပါပုံအတိုင်း အဆင့်အဆင့်လုပ်သွားပေးပါ... ပြီးတာနဲ့ ချက်ချင်း Stop လုပ်ဖို့ မမေ့ပါနဲ့ ဘာလို့ဆိုတော့ တဆက်တည်း နောက်အစကို ပြန်ရောက်ပြီး ကူးသွားနိုင်လို့ပါပဲ...ပြီးတာနဲ့ ချက်ချင်း stop ဆိုတာ သီချင်းပြီးတာကို ပြောတာနော်... မှားနေမှာ စိုးလို့... Stopကို နှိပ်ပြီးတာနဲ့ automatic ပဲ သူ့ဟာသူ ပြောင်းပေးသွားပါလိမ့်မယ်... ပြောင်းလို့ ပြီးတဲ့ အချိန်ထိစောင့်ပါ... ပြီးတာနဲ့ သိမ်းထားတဲ့ file လေး သူ့ဘာသာသူပွင့်လာပါလိမ့်မယ်... ဒါဆိုရင် နားထောင်လို့ ရပြီပေါ့... ဒီနေရာမှာ အကြံပေးချင်တာက သူ့ဘာသာသူ သိမ်းတဲ့ နေရာက C Hard Disc မှာဖြစ်လို့ D ဖက်မှ သတ်သတ်ဖိုင်ဖွဲ့ပြီး သိမ်းစေချင်ပါတယ်... ဘာလို့လဲဆိုတော့ window တခုခုဖြစ်ပြီး ပြန်တင်ရင် ကြိုးစားထားတာတွေ ပါသွားမှာ စိုးလို့ပါ...

နောက်ဆုံးအနေနဲ့တော့ ဒီ Software လေးကို ဘယ်လို run မလဲ??? ဖိုင်ကတော့ တကယ့် ပေါ့ပေါ့လေးပါ... mediafire မှာ ကူးချင်ရင်ကူးဖို့ အောက်မှာပေးထားပါတယ်... မရရင် attached ဖိုင်နဲ့ပါ တွဲပြီး လုပ်ပေးထားပါတယ်... ကြိုက်တာက ကူးပေါ့...
ကူးပြီးလို့ရှိရင် zip ဖိုင်ကိုဖွင့်လိုက်ပါ... ပြီးရင် အထဲမှာပါတဲ့ file ကို Double click နဲ့ ခေါ်ပြီး စ run လိုက်ပါ... ဘာမှတော့ မခက်ပါဘူး... Next လေးတွေပဲ နှိပ်သွားလိုက်ပေါ့... ကူးပြီးရင် အပေါ်မှာ ပြထားတဲ့ အတိုင်းသာ လုပ်သွားရင် အေးအေးဆေးဆေးလေးပဲ ကိုယ့် PC ကနေ ကြိုက်တဲ့အချိန်ဖွင့်နိုင်ပြီပေါ့ဗျာ...


Mediafire

Anvsoft flash to viedeo

မှတ်ချက် ။  ။ upgrade တောင်းရင် No Thanks နှိပ်ပေးပါ...