Thursday, January 6, 2011

ဘ၀မှာ ဘာတွေအရေးကြီးလဲလို့ မေးလာပါလျှင်.......

*..............ဒါတွေ............ဒါတွေ...............ဒါတွေ...............*

၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။
လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။
၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက်
အားငယ်ချိန်မှာလည်း
ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။
၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။
၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။
စကားအခွန်းတစ်ထောင်သုံးမှ
လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။
၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ
စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့
မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။
၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း
သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။
၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ
၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ ကိုယ့်အယူအဆကို ထုတ်ပြောဖို့
မလောပါနဲ့။
၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ? ခံစားတတ်တဲ့ စိတ်ချင်းအတူတူ
ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?
၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့
မရနိုင်တော့ဘူး။
၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့
ကောင်းတာ မရှိဘူး။
၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း
အချီးကျူးခံနေရသူလည်း
မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ
မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ
မရှိဘူး။
၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။
၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ
ရှက်စရာမဟုတ်ဘူး။
၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က
တစ်ခြားသူရဲ့ စကားကိုယူပြီး
ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။

(...............................နောက်ထပ်................ဒါလေးတွေလည်း..........................)

ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ၊ လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့အခါ၊ လုပ်နေသမျှ အရာမရောက်တဲ့အခါ စိတ်ပန်း
လူပန်းဖြစ်ပြီး စိတ်ဓာတ်တွေကျလာရင် ဒီလိုဟာမျိုးလေးတွေကို ကျွန်တော် ဖတ်ပြီး
စိတ်ဓာတ်စစ်ဆင်ရေး
လုပ်ဖြစ်တယ်။ ကျွန်တော်လို တစ်ခုခု ခံစားနေရသူများအတွက် မျှဝေလိုက်ပါတယ်။
(၁) လူအများက လောကကြီးကို ပြောင်းလဲချင်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့တော့
မေ့နေကြတယ်။
(၂) ပျော်ပျော်နေတတ်သူက ကျဆုံးခြင်းမှာ အခွင့်အရေးကို မြင်တယ်။ ပျော်ပျော်မနေတတ်သူက
အခွင့်အရေးတိုင်းကို ကျဆုံးခြင်းလို့ မြင်တယ်။
(၃) ကျရှုံးမှုအတွက် ဆင်ခြင်မရှာလေနဲ့။ အောင်မြင်မှုအတွက် ကျိုးသင့် ကြောင်းသင့်ကိုရှာပါ။
(၄) အောင်မြင်သူတွေ အောင်မြင်ရခြင်းက ယုံကြည်မှုကို လက်ကိုင်ထားလို့ပဲ။
(၅) မျှော်လင့်ချက်မဲ့တဲ့ လောကဆိုတာ မရှိဘူး။ မျှော်လင့်ချက်မဲ့နေတဲ့ လူပဲရှိတယ်။
(၆) အကန့်အသတ် (လစ်မစ်) ဆိုတာ ကိုယ့်စိတ်ထဲက စတင်တာပဲဖြစ်တယ်။
(၇) အခွင့်အရေးကို မစောင့်နဲ့။ အခွင့်အရေးကို တည်ဆောက်ပါ။
(၈) မှန်တဲ့အလုပ်ကို လုပ်တာဟာ အလုပ်ကို အမှန်လုပ်တာထက် အရေးကြီးတယ်။
(၉) လှုပ်ရှားခြင်းက ကြောက်ရွံ့ခြင်းအတွက် ဆေးတဲ့။ တွေဝေခြင်းနဲ့ အချိန်ဆွဲခြင်းက ကြောက်ရွံ့ခြင်းကို
အားကြီးစေတယ်။
(၁၀) မရွေးခြယ်သင့်တဲ့လမ်း တစ်လမ်းပဲရှိတယ်.... လက်လွတ်အရှုံးပေးတဲ့လမ်း မငြင်းပယ်သင့်တဲ့လမ်း
တစ်လမ်းပဲရှိတယ်.... ကြီးထွားရှင်သန်တဲ့လမ်း။
(၁၁) ယုံကြည်မှုဆိုတာ မွေးရာပါမဟုတ်ဘူး။ မပြတ် ပြုစုပျိုးထောင်ခြင်းရဲ့ ရလဒ်ဖြစ်တယ်။
(၁၂) ယုံကြည်မှုကို ပျိုးထောင်ပြီး ကြောက်ရွံ့မှုကို တွန်းလှန်တဲ့နည်းက ကိုယ်မလုပ်ရဲ၊
မလုပ်နိုင်ဘူးလို့ ထင်တဲ့
အလုပ်ကို အောင်မြင်တဲ့ အတွေ့အကြုံရလာတဲ့အထိ လုပ်ပေးဖို့ပဲ။
(၁၃) ရှုံးနိမ့်ခြင်းဆိုတာ ဘာလဲ?
အောင်မြင်မှုဆီကို ချည်းကပ်လာတဲ့ ခြေတစ်လှမ်းသာဖြစ်တယ်။
အောင်မြင်ခြင်းဆိုတာ ဘာလဲ?
ရှုံးနိမ့်တဲ့ လမ်းတွေကို ဖြတ်လျှောက်ခဲ့တဲ့ ခြေလှမ်းတွေသာဖြစ်တယ်။
(၁၄) ဘယ်လောက်ဝေးတဲ့ ခရီးဖြစ်ဖြစ် တစ်လှမ်းခြင်း လှမ်းရင်တောင်
ပန်းတိုင်ရောက်နိုင်တယ်။ (တစ်နေ့တစ်လံ
ပုံဂံဘယ်ရွေ့မလဲ) ဘယ်လောက်နီးတဲ့ ခရီးဖြစ်ဖြစ် ခြေစမလှမ်းခဲ့ရင် ပန်းတိုင်ဆိုတာ အဝေးကြီး။
(၁၅) အောင်မြင်မှုဆိုတာ နောင်တစ်ချိန်မှ ဖြစ်လာတာ မဟုတ်ဘူး။ လုပ်မယ်လို့
ဆုံးဖြတ်ချက်ချလိုက်တဲ့
အချိန်ကစပြီး တဖြေးဖြေး တိုးပွားလာတာဖြစ်တယ်။

{........................နောက်ထပ်.........................ရှိနေတာလေးတွေကလည်း...............ဒီလို.............}


(၁) သူတစ်ပါး မျှော်လင့်တာထက် ပိုပေးလိုက်ပါ။ စေတနာရှိရှိ ပေးပါ။

(၂) ကြားသမျှ မယုံနဲ့၊ ရှိသမျှ မဖြုန်းနဲ့၊ အိပ်ချင်သလောက် မအိပ်နဲ့။

(၃) “တောင်းပန်ပါတယ်” လို့ ဘယ်အချိန်မှာပဲပြောပြော တစ်ဖက်လူရဲ့ မျက်လုံးကို ကြည့်ပြီးမှ ပြောပါ။

(၄) ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်အမှားကို သတိထားမိတဲ့အခါ ချက်ချင်းပြင်ပါ။
မြန်မြန် ဆန်ဆန် ပြုလုပ်ပါ။

(၅) တစ်ခြားလူရဲ့ စိတ်ကူးအိပ်မက်ကို အထင်သေး လျစ်လျူမရှူနဲ့။
(၆) အပြင်ပန်းကြည့်ပြီး လူတစ်ယောက်ရဲ့အတွင်းစိတ်ကို မခန့်မှန်းနဲ့။
(၇) စကားကို ဖြည်းဖြည်းပြောပါ။ ဒါပေမယ့် မြန်မြန်တွေးပါ။
(၈) တကယ်လို့ ကျရှုံးသွားပြီဆိုရင် အမှားထဲကနေ သင်္ခန်းစာယူဖို့ ဘယ်တော့မှ မမေ့ပါနဲ့။
(၉) သေးငယ်နဲ့ ပြဿနာတစ်ခုနဲ့ ကြီးမားတဲ့ ခင်မင်မှုကို မဖျက်ဆီးလိုက်လေနဲ့။
(၁၀) ကိုယ့်ကိုကိုယ် လေးစားပါ၊ သူတစ်ပါးကို လေးစားပါ၊ လေးစားမှုကို
ထိန်းပါ။
အဲဒီ “လေးစားမှု” သုံးခုကို မှတ်ထားပါ။
(၁၁) ပြုပြင်ပြောင်းလဲတာကို လက်ခံပါ။ ဒါပေမယ့် ကိုယ့်ယုံကြည်ချက်ကို
လက်ကိုင်ထားပါ။
(၁၂) ကိုယ့်ကိုကိုယ့် ယုံပါ။ တစ်ခြားလူရဲ့ စကားနဲ့ ကိုယ့်ကိုယ် အလဲမထိုးမိစေနဲ့။

[..................ရှိနေတာလေး.....အကုန်ပြောပြရင်......ပိုပြီးပြည့်စုံကြမယ်လို့......ယုံကြည်လျှက်....]

(၁) လမ်းစကိုတွေ့ပြီဆိုရင် ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် လျှောက်ရမှာ
မကြောက်တော့ ဘူး။
(၂) သစ်ပင်၏ ဦးတည်ရာကို လေက အဆုံးအဖြတ်ပေး၏။ လူ၏ ဦးတည်ရာကို ကိုယ့်ကိုယ်တိုင်က
အဆုံးအဖြတ်ပေး၏။
(၃) ၀င်လေထွက်လေ ရှိနေသမျှ မျှော်လင့်ချက် ရှိနေဦးမည်။
(၄) အောင်မြင်ဖို့ရာ မလွယ်ကူပါ။ ထိုအောင်မြင်မှုကို ထိန်းသိမ်းရာ ပိုမလွယ်ကူပါ။
(၅) အသီးအပွင့်များဖြင့် ဝေဆာနေသော သစ်ပင်ကို လူတွေက ခဲနှင့်ပစ်ချချင်ကြသည်။
(၆) ဘ၀မြင့်ခြင်း၏ နောက်တွင် ကျဆုံးခြင်းရှိသည်။ စိတ်ကူးယဉ်သက်သက်၏
နောက်တွင် ဆုတ်ယုတ်ခြင်း
ရှိသည်။ ခေါင်းငုံ့တတ်မှသာ ခေါင်းကို မတိုက်မိနိုင်။
(၇) ကိုယ့်ကိုဝေဖန်ခြင်းဖြင့် အခြားလူ၏ ယုံကြည်မှုကို ရရှိနိုင်သည်။ ကိုယ့်ဂုဏ်ကိုယ် ဖော်ခြင်းက မရနိုင်။
(၈) ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူကို လေးစားပါ။
(၉) သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကိုပဲ ပြောပါ။ အဲဒီစကား သူ့ နားဆီ မရောက်ဘူး ဆိုတာ လုံးဝ
စိတ်ချပါ။
(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း လာပြောတဲ့အခါ ပြုံးပဲနေပါ။
(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။ မတော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။ ရုပ်ကြောင့်
လူကို မမုန်းနိုင်ပါဘူး။
(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။
(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ
မေးချင်သော်လည်း မမေးသင့်ပေ။ ဥပမာ.. အသက်ဘယ်လောက်ရှိပြီလဲ။
(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။
(၁၅) “မ”သိဘူး၊ “မ”လုပ်ဘူး၊ “မ”ရဘူး၊ “မ”တတ်ဘူး ဆိုတဲ့ “မ”နေရာမှာ
“ကြိုးစားကြည့်မယ်” “သိပ်မသေချာဘူး”
“အချိန်အနည်းငယ်ပေးပါ” “ဆုံးဖြတ်ပြီးမှ အကြောင်းပြန်လိုက်မယ်” လို့ ပြောင်းသုံးကြည့်ပါ။
ဟိုတစ ဒီတစ ကြိုက်နှစ်သက်သည်များကို ကောက်စု ဘာသာပြန် ခံစားသည်။

@............ကြိုးစားကြစေဖို့............ရည်ရွယ်လျှက်................@
.
(၁) “ငါ မဆိုးဘူး” လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။
(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်ပေးနေတာပဲ။
(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။
(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို
မေ့စေတယ်။
(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။
(၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါတယ်။
(၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့တကမ္ဘာလုံးကို
ဆုံးရှုံးစေနိုင်တယ်။
(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။
(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။
(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမားတယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့
သဲလေး တပွင့်တောင် ၀င်မဆန့်နိုင်အောင် သေးငယ်တယ်။
(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။
ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ
မရဖို့ပါပဲ။
(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။
(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ
ဆင့်ပွားလိမ့်မယ်။
(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။
(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှ ပိုတန်ဖိုး ထားတတ်တယ်။
ဦးနှောက် သံချေးမတက်အောင် ဟိုတစ ဒီတစ ဖတ်ဖူးတာတွေကို ဘာသာပြန် စုစည်းထားတာပါ။ ကျွန်တော်နဲ့ အတူ
ဖတ်ချင်တယ်ဆိုရင် ထပ်တင်ပါ့မယ်
အရမ်းကောင်းတဲ့ စာသားလေးတွေကြောင့် ပြန်လည်မျှဝေလိုက်ပါတယ်နော်