Thursday, January 6, 2011

How To: Watch Videos Faster On YouTube

KyawswarNyein.Com_How_To_Watch_Videos_Faster
Gmail, Google Code, Mpas စသည့် ဟာတွေမှာဘဲ Labs ရှိတာမဟုတ်ပါဘူး၊ YouTube မှာလဲ Labs မဟုတ်ပေမဲ့
TestTube ဆိုပြီး Experiment တခု လုပ်ထားပါတယ်။ အလွယ်တကူ ပြောရမယ် ဆိုရင်တော့ Blogger In Draft လိုပေါ့၊
တကယ့် Blogger မှာ Release မလုပ်ခင် Draft မှာအရင်စမ်းပါတယ်။ အောင်မြင်ပြီး Ok သွားပြီးဆိုမှာ Blogger မှာ
Release လုပ်လိုက်တာပါ။ အခုဆိုရင် Blogger မှာ Mobile Version Temple လေးလဲ သူတို့တွေ ထွင်နေကြပါပြီး။

Blogger In Draft ကိုသွားပြီး Settings > Email & Mobile မှာသွားပြီး Activate လုပ်နိုင်ပါတယ်။ အခုဆိုရင်
YouTube Experiment ဖြစ်တဲ့ Test Tube မှာ Feather ဆိုတာလေး ရှိပါတယ်။ Video Editor လေးဆိုတာလဲ ရှိပါတယ်။
Feather ကတော့ YouTube မှာရှိတဲ့ Videos တွေကို Low Quaility နဲ့ကြည့်လို့ရအောင် လုပ်ထားတာပါ။ Low Quality
ဆိုပေမဲ့ ကြည့်ရတာ တကယ့် HD လိုပါဘဲ။ တော်တော်လေးကို ကြည်ပြီးတော့ ရုပ်ရှင်ကြည့်ရတာ တော်တော်မြန်ပါတယ်။
ခဏ ခဏလဲ မရပ်တော့ပါဘူး။

ပထမဦးဆုံး YouTube.Com/TestTube ကိုသွားလိုက်ပါ။ ပြီးရင်တော့ အဲ့ဒီ Page မှာ ကောင်းတဲ့ ဟာလေးတွေ တော်တော်
များများ YouTubers အတွက်တွေ့ပါလိမ့်မယ်။ အောင့်ကိုနဲနဲ Scroll သွားပြီး Feather ဆိုတာလေးကို Try It Out လိုက်ပါ။

KyawswarNyein.Com_You_Tube_Test_Tube_Featheမ

ပြီးရင် နောင့် Page တခုရောက်သွားပါ့မယ်။ အဲ့ဒီမှာ ရောက်ရင် စာတွေကိုလဲ ဖတ်ချင်ရင် ဖတ်ပေါ့။ အဓိက လုပ်ရမဲ့ဟာက Join ဆိုတာကိုနှိပ်လိုက်ယုံပါဘဲ။ ဒီ Step လေးက ကျွန်တော်မပြောလဲ သိပြီးသားဖြစ်နေပါ့မယ်။

http://4.bp.blogspot.com/_7FFCr2FOODY/TSPDDZahg9I/AAAAAAAAHRU/BSUnjE2jLqA/s1600/KyawswarNyein.Com_You_Tube_Test_Tube_Feather_Join_The_Feather_Beta.png

ပြီးသွားရင်တော့ YouTube မှာရှိတဲ့ Video လေးတွေကို သွားပြန်ကြည့်ကြည့်ပါ။ တော်တော်လေးကို Load တာမြန်လာပါ့မယ်
Related Videos တွေနဲ့ Comments တွေကိုတော့ Video Loads မှာ နှေးမှာကြောင့်လို့ သူတို့ Customize ထားတာကိုတွေ့
ရပါလိမ့်မယ်။ ဒီနည်းလေးကSpeedBit Video Accelerator ထက်တောင်ကောင်းပါတယ်ခင်ဗျား။

SpeedBit Video Accelerator ကလဲ YouTube ကို ကြည့်ရတာ မြန်အောင်လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်လဲ YouTube Video
Editor လေးကို ကြားဖူးထားတာ ကြာပြီး တခါမှ မစမ်းကြည့်ရဘူးလို့ ဆိုပြီး သွားစမ်းကြည့်တဲ့အခါမှာ Feather ကဘာမှန်းကိုမသိ
တော့ ကျွန်တော်လဲ စမ်းကြည့်လိုက်တာ အဲ့ဒီမှာစတွေ့တာပါဘဲ။ ကဲစမ်းချင်သူများ Feel Free To Test ပါခင်ဗျား။