Thursday, January 27, 2011

ဖုန်းရဲ. Stadby ကို ပြောင်းကြည့်ရအောင်

ဖုန်းထဲမှာအပျင်းပြေအနေနဲ့ လှုပ်ရှားနေတဲ့ ငါးရုပ်လေးတွေဝက်ဝံရုပ်လေးတွေကို ထဲ့ပေးထားလို့ရပါတယ်။ ဖုန်းရဲ့ Standby Screen ကိုပြောင်လဲပေးတဲ့သဘောပါ။ WOW Screen mobile software လို့ခေါ်ပါတယ်။

ဒီ software လေးက သင့်ဖုန်းရဲ့ ရိုးရှင်းလှတဲ့ Standby Screen ကြီးကို 3DAnimation လေးတွေနဲ့ အလှဆင်ပေးပါလိမ့်မယ်။ ဥပမာ ငါးလေးတစ်ကောင်က ဖုန်းScreen ပေါ်မှာ လျှောက်သွားနေတာမျိုးပေါ့။ Screen Saver လုံးဝ မဟုတ်ပါဘူး။
သူ Default ပေးထားတဲ့ အကောင်လေးတွေဖြစ်တဲ့ ငါးလေးတွေနဲ့ ၀က်ဝံလေးတွေကိုမှ အားမရသေးဘူးဆိုရင်နောက်ထပ်အကောင်လေးတွေကိုလဲ Download ထပ်ဆွဲလို့ရပါသေးတယ်။

WOW Screen မှာ Alarm function နဲ့ Timer Function တွေလဲထပ်ပြီးပါပါသေးတယ်။

Platinum Version မှာတော့ အကောင်လေးတွေရဲ့ နောက်ခံအဖြစ် Photobackgroundပြောင်းပေးနိုင်တဲ့အတွက် သင့်ရဲ့ ပုံလေးပေါ်မှာ ငါးလေးတွေပြေးနေသလိုမျိုးရသကို ခံစားရစေပါတယ်။

WOW Screen ရဲ့ထူးခြားတဲ့ နောက်ထပ် function တစ်ခုကတော့ New Mseeage၀င်လာတယ်ဆိုရင် Inbox ထဲမှာသွားဖတ်စရာမလိုပဲ WOW Screenကနေအလွယ်တကူဖတ်နိုင်မှာဖြစ်ပါတယ်။

Message ၀င်လာပြီးလို့ခဏကြာရင် ကိုယ်ကဘာမှလုပ်စရာမလိုပဲနဲ့ အောက်မှာပြထားသလို Message က Auto ပွင့်လာမှာပါ။ အလွယ်တကူဖတ်လိုက်ရုံပါပဲ။

WOW Screen ကို Reallusion ကထုတ်လုပ်ရေးဆွဲထားတာဖြစ်ပြီး Download ဆွဲယူနိုင်ပါတယ်။ Symbian OS 7.0 - 8.0 ဖုန်းတွေမှာ install လုပ်ပြီးအသုံးပြုနိုင်ပါတယ်ဗျာ...။