Monday, January 24, 2011

Informatics Academy ကျောင်းဝင်ခွင့် ဇန်န၀ါရီတွင် လျှောက်နိုင်

Informatics Academy

                   စင်ကာပူ နိုင်ငံရှိ Informatics Academy ၏ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ကျောင်းဝင်ခွင့်အတွက် ဇန်နဝါရီလ အတွင်း လျှောက်ထား နိုင်ကြောင်း  အဆိုပါ ကျောင်းနှင့် ပညာရေး ၀န်ဆောင်မှုပေးသည့် OSM Education မှ သိရသည်။ အဆိုပါ ကျောင်း၏ ကျောင်းလခ မှာ Bacherlor Degree အတွက် အနည်းဆုံး စင်ကာပူဒေါ်လာ ၁၀,၀၀၀ ဖြစ်ပြီး Adveance Diploma မှာမူ စင်ကာပူဒေါ် လာ ၁၀,၀၀၀ ဖြစ်ကြောင်း၊
နေစရိတ်နှင့် စားစရိတ် အတွက်မူ တစ်လလျှင် မြန်မာ ငွေဖြင့် တွက်ပါက ကျပ်သုံး၊ လေးသိန်း ၀န်းကျင် ကုန်ကျနိုင်ကြောင်း၊ ကျောင်း လျှောက်ထား လိုသူများသည် တက္ကသိုလ် ၀င်တန်းအောင် ကျောင်းသားများ သို့မဟုတ် GCE 'O' Level ပြီးထားသော ကျောင်းသားများအတွက် Diploma & advancne အတွက် IELTS အနည်းဆုံး ၅ ဒသမ ၅ ရှိရန်လို ကြောင်း၊
    IELTS အမှတ်မရှိသူများ အတွက် Informatics Academy က စစ်ဆေးသော Placement Test ကို OSM Centre ၌ အခမဲ့ဖြေဆိုနိုင် ကြောင်း၊ အသေးစိတ်သိရှိလိုပါက OSM Centre မြေနီကုန်းပလာဇာ (ဒုတိယထပ်) ဂမုန်းပွင့်နှင့် ဒဂုံစင်တာ ကြား၊ ဗားကရားလမ်း၊ စမ်းချောင်းမြို့ နယ်၊ ဖုန်း-၇၂၃၃၄၄၊ ၅၂၅၉၇၁ နှင့် ၅၀၁၄၅၀ တို့သို့ စုံစမ်းနိုင်ကြောင်း OSM ၏ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

SHW    ရိုးရာလေး သတင်းမှကူးယူဖော်ပြပါသည်။