Background ပြောင်းရာမှာ နည်းမျိုးစုံနဲ့ပြောင်းနိုင်ပါတယ်။ တစ်ပုံနဲ့တစ်ပုံ မတူနိုင်ပါဘူး တစ်ခါနဲ့တစ်ခါလဲစိတ်ကူးကတူမယ်မဟုတ်ပါဘူး သင့်တော်သလိုပြောင်းတာပါ ဒီအတိုင်းအသေတော့မဟုတ်ပါဘူး။အရင်ဆုံး အစောတုန်းက ပြင်ထားတဲ့မျက်နှာပုံကိုနောက်ခံပြောင်းမယ်ဆိုပါတော့ သူ့ဆံပင်ကနည်းနည်းပွနေပါတယ် ပြီးတော့ဆံပင်အဖျားလေးတွေကို ဒီတိုင်းဖြတ်ဖို့မလွယ်ပါဘူး ဒါကြောင့် လွယ်ကူမြန်ဆန်တဲ့ vector mask သုံးပြီးပြင်ရအောင်...
အရင်ဆုံး layer တစ်ခု copy ပွားပါတယ် ဘာကြောင့်မှမဟုတ်ပါဘူး ပြင်ရင်းပျက်သွားရင်ပြန်ခေါ်လို့ရအောင်ပါ။
ဒီနေရာမှာအောက်ခံထားတဲ့ background အဆင်ပြေမပြေကို ပုံရဲ့ opacity လျော့ပြီးကြည့်နိုင်ပါတယ် ခုချိန်မှာကြီးချင်ကြီး သေးချင်သေးေ၇ွှ့ချင်သလိုရွှေ့နိုင်ပါတယ်
background ကိုစိတ်ကြိုက်အနေအထားရပြီဆိုရင်တော့ opacity ကို ၁၀၀ ပြန်ထားပါတယ် ပြီးတော့ ပုံရဲ့နောက်ခံကို Magic Wand tool နဲ့select လုပ်ပါတယ် ဒီပုံမှာတော့ Feather 20 လောက် ပေးလိုက်ပါတယ် ၁၀လောက်ပေးလဲရပါတယ် ကိုယ့်စိတ်ကြိုက်အနေအထားသာပေးပါ ပြီးရင် Select လုပ်ထားတာကို Ctrl+D နှိပ်ပြီး Deselect ပြန်လုပ်ထားပါတယ် ဒီအတိုင်း vector mask လုပ်ရင်လုံးဝပြတ်ထွက်သွားမှာပါ။

ပြီးရင် layers အောက်ခြေက Add vector mask ကိုနှိပ်ပါတယ်
Select ထဲကနေ Reselect နဲ့ပြန်ခေါ်လိုက်ပါတယ်

Select လုပ်ထားတာပေါ်လာပြီဆိုရင်တော့ brush ကိုယူပါတယ် ဒီနေရာမှာသတိပြုရမှာက tool box ကအရောင်နှစ်ခုလုံးဟာအနက်ဖြစ်နေရပါမယ် opacity နဲ့ flow ကို လိုသလောက်သာလျော့ချထားရပါမယ် brush နဲ့ နောက်ခံကိုပွတ်လိုက်ရင် အောက်ကနောက်ခံဟာပေါ်လာပြီ ထင်ရှားချင်သလောက်သာပွတ်ပါ ဒီပုံမှာတော့ တစ်ပုံလုံးထင်ရှားအောင်လုပ်ထားပါတယ်။
နောက်ခံပေါ်လာပြီဆိုရင်တော့ ရှေ့က subject နဲ့လိုက်ဖက်အောင် Hue/Saturation မှာ အရောင်ညှိလိုက်ပါတယ်။
ဒါဆိုရင်တော့ နောက်ခံတစ်ခုကို အလွယ်တကူနဲ့ထည့်ပြီးသွားပါပြီ။
photoshop နဲ့ ပတ်သက်တဲ့ သုတလေးတစ်ခု တင်ပေးလိုက်ပါတယ်
အားလုံးအစဉ်ပြေပါစေ ..........................