
website copier လေးက ဘာတွက် အသုံးဝင်လဲဆိုရင် ကျနော်တို့ အိမ်က စက်တွေဖြစ်ဖြစ် ရုံးကစက်တွေမှာပဲ
ဖြစ်ဖြစ် နက်မရှိပဲ ကိုယ်ကြည့်ချင်တဲ့ website လေးကို အွန်လိုင်းပေါ်မှာကြည့်နေသလိုကြည့်လို့ရအောင်လုပ်
ပေးတာပါ.ဒီတွက် ကျနော်တို့ ဒီ HTTrack Website copier ဆိုတာလေးကို ကို့စက် OS အမျိုးအစားလိုက်
ဒေါင်းလုပ် လုပ်ပေးရပါမယ်.

ဒေါင်းတာပြီးသွားပြီးဆိုရင် ဆော့ဝဲလေးကို အင်စတောလုပ်ပါမယ် ပြီးရင် သူက project name ပြီးတော့ ကိုယ်
save ထားချင်တဲ့နေရာ တောင်းပါလေ့မယ်.ပြီးကျရင်တော့ ကိုယ် ဒေါင်းချင်တဲ့ website URL လေးကိုထည့်ပြီး
ဒေါင်းပေးလိုက်ယုံပါပဲ.ဒေါင်းတာ ကြာမြင့်ချိန်ကတော့ ကိုယ် ADD လုပ်တဲ့ URL ရဲ့ ဆိုဒ်ပေါ်မှာ မူတည်ပါတယ်
ကျနော် အစမ်းပြပေးထားတဲ့ ဆိုဒ်ဆိုရင် ၁ဂစ်ခွဲလောက်ရှိပါတယ် ဒါပေမယ် ကျနော် နက်မရှိလဲ အဲ့ဆိုဒ်လေးကို
ကြိုက်တဲ့ချိန်ဖတ်ရှု့လို့ရပါတယ်.ဒေါင်းတာလောက်ပဲ ခက်ခဲပါလေ့မယ် ဒီလောက်ဆို အသုံးဝင်ပုံလေးနာလည်
လေ့မယ် ထင်ပါတယ် လုပ်ဆောင်ပုံကတော့ ကျနော် အောက်မှာ CAPTURE လုပ်ထားတာလေးကိုကြည့်လိုက်
ရင် နားလည်ကျမှာပါ.တကယ်လို့ အဆင်မပြေဘူးဆိုရင် ကျနော့် တွက် Command ဖြစ်ဖြစ် ကျနော့် သုံးနေတဲ့
gmail ကဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်.
အားလုံးကျေးဇူးတင်ပါတယ်.
ကောင်လေးငယ်
http://kaunglaynge.net