Tuesday, January 11, 2011

Render Zawgyi With TypeFace For Embeding

http://1.bp.blogspot.com/_7FFCr2FOODY/TSjqaYJxlcI/AAAAAAAAHSM/2Kx9dRbi7-c/s1600/KyawswarNyein_Type_Face_Vs_Zawgyi.png
အခုဒီ Tutorial လေးမှာ ကျွန်တော် ပြောမဲ့ နည်းလေးကတော့ TypeFace နဲ့ Zawgyi ကို Render တဲ့နည်းလေးပါဘဲ။ ဘာမှလဲမခတ်ပါဘူး။ ကိုပိုင် Hosting လဲမလိုပါဘူး။ လိုအိပ်တာက Latest Zawgyi Font ပါဘဲခင်ဗျား။ ကျန်တာတွေကတော့ နှောက်မှ အေးအေးဆေးဆေး လုပ်ကြတာပေါ့။

အထမဦးဆုံး Browser တခုခုကိုဖွင့်ပြီး [Link] ကိုသွားပြီး Latest TypeFace ကို Download လုပ်လိုက်ပါ။ ပြီးရင်တော့ [Link] ကိုသွားပြီး Zawgyi Font ကို Browser ပြီး TypeFace Format ဖြစ်အောင် Convert လိုက်ပါ။

KyawswarNyein.Com_Type_Face_Convert_Font_Zawgyi
ပြီးရင်တော့ အဓိကကြတဲ့ Unicode Ranges တွေကိုဘဲ Select လုပ်လိုက်ပြီး Download Font ကိုဘဲ ဆက်နှိပ်လိုက်ပါ။ zawgyi-one_regular.typeface.js ဆိုပြီးကြလာပါ့မယ်။ အဲဒ့ါကို Saved ထားလိုက်ပါ။

အားလုံးကို Download လုပ်ပြီးသွားရင်တော့ စောစောက TypeFace.Js ရယ် Zawgyi-Regular-TypeFace.Js ရယ်ကို Free Direct Hosting Site တခုခုမှာ Upload လိုက်ပါ။ ကျွန်တော် Recommend ဒါကတော့ Google Code ပါဘဲ။ အဲ့ဒါလေးက အချားဟာတွေနဲ့စာရင် Free And Secure ဖြစ်ပါတယ်။

အသုံးပြုပုံကိုတော့ TypeFace Home Page ဖြစ်တဲ့ [Link] မှာသွားပြီး Usage မှာသွားဖတ်နိုင်ပါတယ်။ အလွယ်တကူဖြစ်အောင်
လို့ ကျွန်တော်လဲ ဒီမှာ နဲနဲရှင်းပြ လိုက်ပါ့မယ်။ အဲ့ဒီ .Js File နှစ်ခုကို ကိုယ့်ရဲ့ Website ကိုသွားပြီး <head> နဲ့ </head> မှာထား
လိုက်ပါတယ်။ ပြီးရင်တော့ Zawgyi Font TypeFace နဲ့ Render ရအောင်လို့ ..

<div class="typeface-js" style="font-family:'Zawgyi-One'">
Text here in Zawgyi font...
</div>

ဆိုပြီးရေးပေးနိုင်ပါတယ်ခင်ဗျား။ Post တင်တိုင်းတင် တိုင်း အဲ့ဒီလိုလုပ်ပြီး ရေးပေးလိုက်ပါ။ Zawgyi Font Install မလုပ်ထားတောင်မှ မြန်မာလို သေချာပေါက်ပေါ်ပါတယ်။ Firefox မကလို့ ဘယ် Browser နဲ့ဘဲကြည့်ဘကြည့် အားလုံး Ok ပါတယ်။ iPod မှာလဲ ရပါတယ်။ ကျွန်တော်စမ်းကြည့်ပြီးသွားပါပြီး iPad မှာကြတော့ မရှိသေးလို့ မစမ်းရသေးပါဘူး။

Zawgyi Font ကို Embedding နည်းတွေ ပုံစံတွေ က အများကြီးရှိပါတယ်။ အလွယ်ဆုံးနဲ့ အကောင်းဆုံးနည်းကတော့ ကိုစိုးမင်း ရေးထားတဲ့ [Link] Apache Server မှာ .htaccess မှာရိတဲ့ Mod ကို GZip Re-write တဲ့ နည်းလေးက အကောင်းဆုံးပါဘဲ။ အခြားသော နည်းတွေရှိတဲ့ Text To Images လို့ Test To Flash စသည့် ဟာတွေကိုလဲ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေက ကိုယ့်ရဲ့ Site Speed လေးကို နှေးစေပါတယ်။ Cufón ဆိုရင်တော့ TypeFace နဲ့တူတူဘာဘဲ ကွာချားတာကို ကိုယ့်အကြိုက်နဲ့ကိုပေါ့။ Cufón ကိုကြိုက်တဲ့ သူဆိုရင် Cufón ပေါ့။ TypeFace ဆိုရင်တော့ TypeFace ပေါ့။ ပြီးတော့လဲ အချားဟာလေးတွေကိုလဲ ရှိပါတယ်။ Google လိုက်ရင် အများကြီး တွေ့နိုင်ပါတယ်။

source;kyawswarnyein.com