Boomerang ဆိုတာက ဘယ်လိုနေရာမှာ အသုံးဝင်လဲဆိုရင် ကျနော်တို့ Gmail တွေ အချိန်လေးတွေနဲ့ ပို့ချင်တဲ့
အခါမှာ သုံးလို့ရပါတယ်.ဘယ်လို လဲဆိုရင် ကျနော်က လူတယောက်ဆီကို birthday wish ကို သူ့မွေးနေ့ ၀၀ -၀၁မိနစ်
လေးမှာ ပို့ချင်တယ်ဆိုပါတော့ ကိုယ်ကလဲ အလုပ်တွေများနေလို့ မအားဘူးဆိုရင် ဒီကောင်လေးနဲ့ ပို့ပြီး BD Wish
လုပ်ပေးလို့ရပါတယ်၊သူ့ထဲမှာ ပါပါတယ် တရက်ကြာမှပို့ချင်လား တနာရီ ကြာမှ ပို့ချင်လားဆိုပြီး အချိန်လေးတွေ သတ်မှတ်
ပေးထားပါတယ်၊၊
နောက်တခုလဲ ရှိသေးတယ် ကိုယ့် inbox ထဲကို ဘယ်ချိန် မေးလ်တွေ ဝင်လာလဲ ဆိုတာကိုကြည့်နိုင်တယ်လေ၊၊ကျနော်
မရှိတုန်း လွန်ခဲ့တဲ့ တနာရီတွင်း ၂နာရီတွင် ဘယ်သူ့ဆီက မေးလ်တွေဝင်လာလဲဆိုတာကို သီးသန့် ဖယ်ပြီးကြည့်ရှု့နိုင်
ပါသေးတယ်၊၊ဒီလောက်ပဲ အမြည်းလေးပြောပြလိုက်ပါမယ် ကျန်တာကိုလုပ်ကြည့်ရင် နားလည်ပါလေ့မယ်..:)
Install လုပ်ပြီးရင် ဒီလိုလေး စပြီးတွေ့ရပါလေ့မယ်

ကျနော် မေးလ်ပို့ခါနီးမှာ Send later ဆိုလေး ကိုတွေ့ရပါလေ့မယ် အဲ့ကနေမှ ကိုနောက်မှ ပို့ချင်တယ်ဆိုရင် ရွေးပေးလိုက်ယုံပါပဲ..

ကိုယ်ပို့ထားတဲ့ မေးလ်လေးက Schedule လေးနဲ့ပို့လေ့မယ်ဆိုတာကို ပြောတာပါ.

မပို့ချင်တော့ဘူးဆိုရင်လဲ ပြန်ပြီးတော့ Don’t send နဲ့ Send Now ဆိုတာ ကိုပြင်ကြည့်နိုင်ပါသေးတယ်..

ဒီကောင်လေးကို Install လုပ်ချင်တယ်ဆိုရင်တော့ ဒီလင့် လေးကို ကလစ်ပြီး သွားလိုက်ပါ.
« Nodepad အမြန်ခေါ်သုံးမယ်
Gmail ကို Schedule လေးနဲ့ ပို့ကြည့်မယ်
Published 07/01/2011 | By kaunglaynge

ဒီပို့လေးကို PDF လေးနဲ့သိမ်းချင်တယ်ဆိုရင် အောက်မှာယူလိုက်ပါ..
PDF POST
Source;www.kaunglaynge.net