မိုးပြေးက bolder ကိုဒီတိုင်းထည့်တာ ကြည့်ရတာ ရိုးပါတယ် လေးထောင့်ကြီးလိုချင်တော့ပါဘူး ဒီတော့ နည်းနည်လေး ပိုလုပ်ကြည့်ပါမယ် ပုံတစ်ပုံဖွင့်ပါတယ် layer အသစ်တစ်ခုခေါ်ပါတယ် အရင်ဆုံးကို bolder ထည့်မယ့်လိုချင်သလောက် အနေအထားကို select လုပ်ပါတယ်

ဒီတစ်ခါ လေးထောင့်ကြီးမလိုချင်တဲ့အတွက် select ကို အ၀ိုင်းယူလိုက်ပါတယ် Alt ဖိပြီး ကိုယ်ဖယ်ထုတ်မယ့် အပိုင်းလောက်ကို select လုပ်ပြီး ဖယ်ထုတ်လိုက်ပါတယ်

အစောက bolder လုပ်ခဲ့သလိုပါပဲ ဒီနေရာမှာ ထက်ထက်ဝင့်မှာ အစိမ်းနဲ့ အဖြူဖြစ်နေပါတယ် အဖြူဆိုရောကုန်မှာပါ ဒီအတွက် အစိမ်းရောင် သူကိုင်ထားတဲ့ ပန်းနဲ့ မတိမ်းမယိမ်း အစိမ်းသုံးလိုက်ပါတယ် ကာလာဖြည့်ပါတယ် opacity လျော့ပါတယ် ပြီးတော့ ctrl+T နှိပ်ပြီး ကိုယ်လိုချင်သလောက် bolder ကိုနည်းနည်းကြီးလိုက်ပါတယ်

ဒီတိုင်းတော့ ထားလို့မဖြစ်သေးပါဘူး အထက်မှာ တစ်ခုခုဆွဲရအောင်ကလည်း ရိုက်ကတည်းက ဆံပင်ပါဖြတ်ရိုက်ထားတာပါ မဖြစ်သေးပါဘူး လောလောတယ် ပုံအနေအထားကိုကြည့်တော့ သူ့နောက်ခံက အရမ်းဖြူနေတဲ့ အတွက် လူက သိပ်မပေါ်လွင်သလိုဖြစ်နေပါတယ် ဒီတော့ နောက်ခံ layer ကို အလွယ်တကူပဲ Magic Wand နဲ့ select လုပ်လိုက်ပါတယ် သပ်ရပ်တဲ့ပုံလိုချင်ရင်တော့ Pen tool ဖြတ်ထုတ်ရမှာပါ မိုးပြေးက pen tool ပြပြီးသားဖြစ်တဲ့အတွက်ရယ် အလွယ်တကူ အမြန် အရေးကြီးရင် ကြီးသလို သုံးနိုင်အောင်ရယ် မို့ Magic Wand နဲ့ဖြတ်ပါတယ် Feather ကို 7 ထိပေးလိုက်ပါတယ် layer အသစ်ယူပါတယ် လူပုံနဲ့ bolder ကြားထဲထည့်ပါတယ်

layer 2 selection area ကို အနက်ဖြည့်လိုက်ပါတယ် feather ကလဲ 7 ထားတာကြောင့် ဒီပုံမှာ ဘေးက အဖြူတွေပေါ်ပြီး သိပ်မလိုက်ဖက်သလိုဖြစ်နေတဲ့အတွက် အရောင်နည်းနည်းပြောင်းပါမယ်background ကိုပြန်ထောက်လိုက်ပါတယ် Filter-->Artistic-->Neon Glow ကိုသွားပါတယ်

setting မှာ လိုအပ်သလို ပြင်နိုင်ပါတယ် တကယ်တော့ Neon Glow ကလည်း အသုံးများတဲ့ function တစ်ခုပါ Neon Glowတစ်ခုတည်းနဲ့တင် ပုံတစ်ပုံဖြစ်အောင်လည်းသုံးနိုင်ပါတယ် ဥပမာ အားဖြင့် Fashion ပုံတွေမှာ နောက်ခံအဖြူမှာ လူပုံကို ဘေးက အနီရောင်ကို လူပုံအနေအထားအတိုင်း ဘေးက ကွပ်ထားတာကို မြင်ဖူးမှာပါ သိပြီလို့ပဲယူဆလိုက်ပါမယ် မသိသေးရင်တော့ comment ပေးခဲ့ပါ ရေးပေးပါမယ် ဒီမှာ bolder အစိမ်း ဖြစ်တဲ့အတွက် အစိမ်းရောင်သုံးလိုက်ပါတယ်

ပြီးရင် layer အသစ်ထပ်ယူလိုက်ပါတယ် ဆံပင်က အလင်းဝင်နေတဲ့နေရာတွေကို Magic Wand နဲ့ select လုပ်ပေးလိုက်ပါတယ်

layer box မှာopacity နဲ့ fill ကို ကြည့်ကောင်းသလောက် လျော့ချလိုက်ပါတယ်

ဒီတိုင်းကြည့်တော့လည်း ထက်ထက်ဝင့်ရဲ့ မျက်နှာက သိပ်မပေါ်သလိုဖြစ်နေပါတယ် အပေါ်ဖက်ကလည်း crop ထပ်ဖြတ်ရင်လည်း ဘေးကလက်ပါတော့မယ် ဒါကြောင့် နောက်ခံကာလာကလည်း အနက်ဖြစ်တဲ့အတွက် အနက်ရောင် bush ကိုယူပြီး ထက်ထက်ဝင့် ဆံပင်ပေါ်ကို မလိုချင်တဲ့အပိုင်းကို ပွတ်လိုက်ပါတယ် ဒါဆိုရင်တော့ ထက်ထက်ဝင့်မျက်နှာလေးပေါ်လာပါပြီ

အပေါ်မှာ အနက်ကြီး ဒီအတိုင်းမထားချင်တာကြောင့်(အနက်ဧရိယာ များနေတဲ့အတွက်) စာတန်းလေးတွေ လိုက်ရေးလိုက်ပါတယ် တကယ်မရှိပါဘူး လျောက်ရေးထားတာပါ :P

တစ်ခါတစ်လေတော့လည်း ဒီလိုပဲ အလုပ်များနေရင် bolder လေးတွေထည့်ပြီး ပုံတစ်ပုံကို အမြင်ဆန်းအောင် အချိန်ကုန်သက်သာအောင် လုပ်လို့ရပါတယ် function သုံးတာကတော့ ပုံပေါ်မူတည်ပြီး အဆင်ပြေသလို သုံးပါ